"ကျွန်တော့် တောရိုင်းတိရိစ္ဆာန်သူငယ်ချင်းများ" ဟူသော တိရိစ္ဆာန်နမူနာပြပွဲကို ယူနန်ပြည်နယ်ပြတိုက်တွင် ကျင်းပ
2022-07-29 16:46|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) ချစ်စရာပန်ဒါလေးများ၊ ပျံသန်းတော့မည့် လင်းယုန်ငှက်များ။ ဇူလိုင်လ ၁၅ ရက်နေ့၌ "ကျွန်တော့် တောရိုင်း တိရိစ္ဆာန်သူငယ်ချင်းများ" ဟူသော တိရိစ္ဆာန်နမူနာပြပွဲကို ယူနန်ပြည်နယ်ပြတိုက်၏ တတိယထပ်တွင် ကျင်းပပြီး ဇီဝမျိုးစုံမျိုးကွဲများ၏ အလှကို ပြသရန် တောရိုင်းတိရိစ္ဆာန်နမူနာ စုစုပေါင်း ၁၀၉ မျိုးကို ပြသထားသည်။
သတင်းများအရ ပြသထားသော ပစ္စည်းအတွင်း နိုင်ငံတော် ပထမအဆင့်နှင့် ဒုတိယအဆင့် ကာကွယ်ထားသော တိရစ္ဆာန်နမူနာများ အရေအတွက် ရာခိုင်နှုန်း ၆၀ ပါဝင်ခဲ့ပြီး ၎င်းတို့ထဲတွင် Procapra przewalskii၊ Macaca leonina၊ Capra sibiricaနှင့် Nipponia nippon စသည့် ရှားပါးသော နမူနာများကို တွေ့ရှိရန် ခက်ခဲသည်။ ပြခန်းအတွင်း တိရစ္ဆာန်နမူနာများ မတူညီသော ကိုယ်ဟန်အနေအထားများရှိပြီး တောရိုင်းတိရိစ္ဆာန်များ၏ လက်တွေ့ဘဝများကို ပြန်လည်ထူထောင်ရန် သေးငယ်သည့် မြင်ကွင်းများကိုလည်း ဖန်တီးထားသည်။
ပြပွဲသည် တိရစ္ဆာန်များ၏ အလှတရားများအား ပရိသတ်များကို ခံစားစေနိုင်သည့်အပြင်ဇီဝမျိုးစုံမျိုးကွဲများနှင့် ပတ်ဝန်းကျင်ကို ကာကွယ်ခြင်းဆိုင်ရာ ပြည်သူများ၏ အသိပညာကို မြှင့်တင်ပေးပါသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


