ကူမင်မြို့ ဆွေဟူရေကန်သည် ရေကြည်၊ အပင်များစိမ်း၊ ရှုခင်းများလှပသော ဇီဝပန်းချီကားလိပ်ကို ဖော်ပြ
2022-07-29 17:08|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) ဆွေဟူဥယျာဉ်ရှိ ရေကန်၏ နုံးနုရှင်းလင်းခြင်းအလုပ် ပြီးစီးခြင်းအမျှ ရေကန်တွင် အပြည့်အဝ ပြန်လည် ရေသိုလှောင်ပြီး မြို့သူမြို့သားများနှင့် ခရီးသည်များသည် ရေကန်ထဲတွင် လှေလှော်ပြီး ရေကစားနိုင်ကြ၍ စိမ်းစိုကြည်လင်သော ရေကန်ကြီး၏ ရှုခင်းမှာ ကြည်နူးစရာ ကောင်လှသည်။ ကြာပန်းပွင့်ချိန် ရောက်လျှင် ဆွေဟူရေကန်မှာ ကြာပန်းမွှေးရနံ့ ပြည့်ဝစွာ ရှိပြီး လေတိုက်သည့်အခါ စိတ်ကြည်နူးအေးမြစေ၍ ရေကြည်၊ အပင်များစိမ်း၊ ရှုခင်းများလှပသော ဇီဝပန်းချီကားလိပ်သည် လူများကို ပြန်ရန်ပင် သတိမရ ဖြစ်စေကြသည်။
ဆွေဟူဥယျာဉ်၏ ရေကန်နုံးနုရှင်းလင်းခြင်းအလုပ်ကို ယခုနှစ် ဧပြီလ ၂၀ ရက်မှ ဇွန်လကုန်အထိ ဆောင်ရွက်ခဲ့ပြီး ရက်ပေါင်း ၆၀ နီးပါး တည်ဆောက်ပြီး နုံးနုရှင်းလင်းဧရိယာမှာ စတုရန်းမီတာ ၅၃၀၀၀ ခန့်ရှိကာ နုံးနုရှင်းလင်းသော ပမာဏမှာ ၁၆၃၈၉ ဒသမ ၁ ကုဗမီတာအထိ ရှိလာပြီ ဖြစ်သည်။ ရေကန်ကို နုံးနုရှင်းလင်းပြီးနောက် ဆွေဟူရေကန်၏ ပတ်ဝန်းကျင် ကောင်းမွန်လာပြီး ရေ၏ အလင်းပေါက်အဆင့်လည်း မြှင့်တင်ကာ ဥယျာဉ်၏ရေရှုခင်း အရည်အသွေးသည်လည်း ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ထားသောကြောင့် "ကူမင်းမျက်လုံး" ကို ပိုမိုတောက်ပပြီး လှပစေသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့
- တရုတ်-လာအို ရထားလမ်းသည် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသည် အကြိမ်ရေ ၆ သိန်းကျော်ကို ပို့ဆောင်ခဲ့















