ကျေးဇူးပြုပြီး ကူမင်းမြို့တဝိုက်ရှိ စခန်းတချို့ကို အကြံပြုပေးပါ

2022-07-29 17:03|ရောင်စုံတိမ်တံတား

User ကျော်မိုထွန်း၏မေးခွန်း။ အခုလောလောဆယ် လူအများကြီး စခန်းချသွားကြတယ်၊ ကျွန်တော်လည်း နောက်အပတ်  အဆုံးနေ့မှာ သွားဖို့ စီစဉ်ထားပြီး ကူမင်းမြို့တဝိုက်ရှိ စခန်းတချို့ကို အကြံပြုပေးနိုင်ပါသလား။

အယ်ဒီတာ၏အဖြေ။ မင်္ဂလာပါ၊ ကူမင်းမြို့တဝိုက်ရှိ ရှုခင်းကောင်းသော စခန်းချနေရာ အများကြီး ရှိပါတယ်၊ ကျွန်တော်က  ၃၊ ၄ ခုလောက် မိတ်ဆက်ပေးပါမယ်။

၁။ ချန်းချုံတောင်ထင်းဖုန်းတောင်ဝှမ်း

ကူမင်းမြို့ ဝူဟွာရပ်ကွက် လုံချွမ်လမ်း အမှတ် ၅၅၈ မှာ တည်ရှိပြီး ကူမင်းမြို့ တဝိုက်ရှိ စခန်းချရာနေရာတွေထဲနက် မြို့ပြနဲ့ အနီးဆုံး၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေဆုံးပဲ။ အရွယ်အစား အမျိုးမျိုး ရှိတဲ့ ရွက်ထည်တဲတွေကို ငှားနိုင်တဲ့အပြင် အကင်တွေကိုလည်း ပေးထားပါတယ်၊ ဒါမှမဟုတ် အစားအသောက်တွေ ကိုယ်တိုင်ယူလာလို့ရပါတယ်။

၂။ ကိန်ခလုစခန်းချရာနေရာ

ကိန်ခလုစခန်းချရာနေရာက ကူမင်းမြို့ စီဆန်းရပ်ကွက် ဟယ်ရှားလမ်း တာဟယ်ရွာ အမှတ် ၁၀၄ မှာ တည်ရှိပြီး စခန်းချရာနေရာမှာ ရွက်ထည်တဲ ကိုယ်တိုင်ယူလာရင် တစ်ညစီ ၁၆၈ ယွမ် ဖြစ်ပြီး ရွက်ထည်တဲငှားရင် အကြီးအသေးအလိုက် ၂၂၈မှ ၆၉၈ယွမ်အထိ ဖြစ်ပါတယ်၊ စခန်းချရာနေရာမှာ အစားအသောက် မရှိဘူးလို့ ကိုယ်တိုင် ယူလာစရာ လိုအပ်ပါတယ်။

၃။ ချည်ယုသစ်တော

အန်းနင်မြို့ ထိုင်ဖျင်မြို့သစ် ရှင်းချန်လမ်း ယုလုံဝမ်မှာ တည်ရှိတဲ့ ချည်ယုသစ်တောက ရှုခင်းသာယာလှပပြီး ပတ်ဝန်းကျင် ငြိမ်သက်တယ်၊ လှေစီးခြင်း၊ တောလမ်းနဲ့ ယုလုံဝမ်ဥယျာဉ်လည်ပတ်ခြင်း စတာတွေ လုပ်နိုင်ကြပါတယ်။ အထူးအစားအစာမှာ အကင်၊ သင်္ဘောသီးကြက်သားHot pot၊ ကြေးအိုးအမဲသား၊ အမဲသားဟင်းရည်စတာတွေ ရှိကြပြီး နေ့တိုင်း မနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားပါတယ်။

၄။ လုပါသစ်တော

လုပါသစ်တောဟာ ကူမင်းမြို့ စီဆန်းရပ်ကွက် ထွမ်းကျယ်လမ်း ယွန်ကျင့်ရပ်ရွာကော်မတီ ယောင်ဇွန်းဖန် နေထိုင်သူအဖွဲ့ အမှတ် ၁၇ မှာ တည်ရှိပြီး ဒီစခန်းချရာနေရာမှာ သစ်တောကြိုးတံတား၊ သစ်တောသစ်သားအိမ်၊ ပျော်ပွဲစားထွက်ခြင်း၊ စားကျက်မြေ၊ တေးဂီတသီဆိုပွဲစတဲ့ အပန်းဖြေလုပ်ငန်းရပ် ရှိတဲ့အပြင် နေ့လည်ခင်းလက်ဖက်ရည်နဲ့ သစ်တောဘူဖေး သံပြားအကင်လည်း ရှိကြပါတယ်။ သတိထားရမယ့် အချက်က ပန်းခြံထဲမှာ ဝင်ချင်ရင် ကြိုတင်မှာစရာ လိုအပ်ပါတယ်။

ခရီးစဉ်အကြံပေးချက်။ စခန်းချတဲ့အခါမှာ မြေကြီးပေါ်မှာ အမှိုက်မကျန်ပါ၊ ခရီးစဉ် ပျော်ရွှင်ပါစေ။

网友觉莫吞提问:最近很多人去露营,计划下周末去,能不能推荐几个昆明周边的露营地?

小编解答:您好,昆明周边有很多风景不错的露营地,下面我为您推荐几个。

1.长虫山听风谷

位于昆明市五华区龙泉路558号,是昆明周边距离城市最近的露营地,也是交通最方便的露营地,有各种大小的天幕及帐篷出租,有烧烤提供,也可以自带其他食品。

2.给克露营地

给克露营地位于昆明市西山区和下路大河村104号,露营地自带帐篷一晚168元,租帐篷根据大小228-698元不等,营地不提供食材,吃的需要自己带。

3.奇遇森林

位于安宁市太平新城街道玉龙湾的奇遇森林,环境优美、安静,可划船、游览森林步道,逛玉龙湾公园等,营地特色美食有:烧烤、木瓜鸡火锅、铜锅牛肉、清汤牛肉等,营业时间为每天9:00-18:00。

4.鹿八森林

鹿八森林位于昆明市西山区团结街道办事处永靖社区居委会杨庄房居民小组17号,有林间吊桥、森林木屋、野餐、牧场、音乐会等休闲项目,该营地还有下午茶及森林自助铁板烧,入园需提前预约。

出游建议:露营虽好,但务必无痕露营,不要留下满地垃圾,祝您旅途愉快!

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်