ကျေးဇူးပြုပြီး ကူမင်းရှိ အရသာကောင်းတဲ့ တောမှိုစားသောက်ဆိုင်တွေကို ထောက်ခံအကြံပေးပါ
2022-07-25 15:46|
User ကျော်ထွန်း၏မေးခွန်း။ မင်္ဂလာပါ ကျွန်တော် မြန်မာနိုင်ငံ နေပြည်တော်က လာတာပါ၊ ကူမင်းရောက်တာ ခုနစ်လ ကျော်သွားပြီ။ ယူနန်ပြည်နယ်ထွက် တောမှိုတွေကို မြည်းကြည့်ချင်တယ်။ အဲဒါကြောင့် အရသာကောင်းပြီး စျေးချိုတဲ့ တောမှိုစားသောက်ဆိုင် သုံး၊ လေးဆိုင်ကို ထောက်ခံအကြံပေးလို့ ရပါသလား။
အယ်ဒီတာ၏အဖြေ။ မင်္ဂလာပါ၊ ဒီရာသီမှာ ယူနန်ပြည်နယ်ထွက် တောမှိုစားဖို့ အသင့်တော်ဆုံးပဲ၊ နေရာတချို့ကို ကျွန်မ အကြံပေးပါမယ်။
၁။ မူဆွေဟွာ တောမှိုဈေးအနီးတစ်ဝိုက်
လက်ရှိအချိန်မှာ ကူမင်းရဲ့ တောမှိုစားသောက်ဆိုင်တွေက မူဆွေဟွာ တောမှိုဈေး အနီးတစ်ဝိုက်ရှိ ဂွမ်ရှန်တောမှိုလမ်း၊ ဘောင်ဟိုင်လမ်း၊ ဖူဖာလမ်းနဲ့ ဖူတယ်လမ်းတို့မှာ စုစည်းတည်ရှိကြပြီး အဆင့်မြင့်၊ အလယ်အလတ်တန်းစား၊ အဆင့်နိမ့် တောမှိုစားသောက်ဆိုင် အများကြီးရှိလို့ တောမှိုဟော့ပေါ့၊ တောမှိုကြော်နဲ့ တောမှိုဖက်ထုပ်စတဲ့ အစားအစာတွေကို မြည်းနိုင်ပြီး မတူတဲ့ စားသုံးသူတွေကို ကျေနပ်စေနိုင်တယ်။
၂။ ကျင့်နင် လျူကျေတောမှိုဈေး
လျူကျေမြို့နယ်ဟာ ကျင့်နင်ရပ်ကွက်ရှိ အကြီးဆုံး တောမှိုထွက် နေရာများအနက် တစ်ခု ဖြစ်တယ်။ Thelephora ganbajun Zang၊ Boletusနဲ့ Russula virescensစတဲ့ အရည်အသွေး ကောင်းမွန်တဲ့ တောမှိုအမျိုး ၂၀ ကျော်ကို အဓိက ထွက်ကြတယ်။ စျေးနှုန်းမှာ ကူမင်းမြို့တွင်းထက် ရာခိုင်နှုန်း ၃၀ မှ ၅၀ အထိ သက်သာလို့ စားသုံးသူတွေရဲ့ နှစ်သက်မှု ရရှိကြတယ်။
၃။ လုချွမ့်
လုချွမ့်မှာ သဘာဝ ပတ်ဝန်းကျင် ထူးကဲကောင်းမွန်လှတာကြောင့် အရမ်းကြွယ်ဝတဲ့ စားသုံးနိုင်တဲ့ တောမှိုအရင်းအမြစ်တွေ ရှိကြတယ်။ လုချွမ့်ခရိုင်မှာ အကြီးစားနဲ့ အသေးစား စားသောက်ဆိုင်၊ ကျေးလက်မိသားစု စားသောက်ဆိုင်နဲ့ ဟိုတယ်ထဲမှာ အရသာရှိတဲ့ တောမှိုအမျိုးမျိုးကို မြည်းနိုင်ကြတယ်။
သတိပေးချက်များ။ တောမှိုစားတဲ့အခါ တစ်မျိုးပဲ့ စားပါ၊ မရောစားပါနဲ့၊ အရက် မသောက်ပါနဲ့။ စားပြီးနောက် နေမကောင်းရင် ဆေးရုံကို ချက်ချင်းသွားပါ။
网友觉通提问:你好,我来自缅甸内比都,来昆明七个多月了,很想尝一尝云南当地的野生菌,能不能推荐几家性价比高的野生菌餐馆?
小编解答:您好,这个季节来云南吃野生菌是最合适的,我给您推荐几个地方。
1.木水花野生菌交易市场周围
目前昆明野生菌餐饮店集中在以木水花野生菌交易市场为中心的关上野生菌一条街、宝海路、福发路、福德路一带,汇聚了高、中、低档的野生菌及相关餐馆,能品尝到野生菌火锅、爆炒野生菌、野生菌饺子等各类美食,满足各类消费者。
2.晋宁六街野生菌市场
六街镇是晋宁区最大的野生菌产地之一,主要出产干巴菌、牛肝菌、青头菌等20余种优质野生菌,据说售价比昆明城区便宜30%至50%,深受消费者青睐。
3.禄劝
禄劝得天独厚的自然环境,造就了当地极为丰富的野生食用菌资源。在禄劝县,大小餐馆、农家乐还是宾馆酒店都可以品尝到各式各样的美味野生菌“盛宴”。
温馨小贴士:食用野生菌不要杂,最好每次食用一种,避免饮酒。食用完若感到不适需立即前往医院治疗。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ