ကူမင်းမြို့မှာ မီးတုတ်ပွဲတော်ကို ဘယ်မှာ ခံစားရနိုင်မလဲ
2022-07-19 09:46|
User မောင်ဝင်းဝင်း၏မေးခွန်း။ မင်္ဂလာပါ၊ မီးတုတ်ပွဲတော် မကြာခင်မှာ ရောက်တော့မယ်၊ အဲဒါကြောင့် ကူမင်းမြို့မှာ မီးတုတ်ပွဲတော်ကို ဘယ်မှာ ခံစားလို့ ရနိုင်မလဲလို့ မေးချင်ပါတယ်။
အယ်ဒီတာ၏အဖြေ။ မင်္ဂလာပါ၊ ယူနန်မင်းဆုကျေးရွာကို သွားလို့ရပါတယ်။ ဇူလိုင်လ ၂၀ ရက်နေ့က ၂၄ ရက်နေ့အထိ ယူနန်မင်းဆုကျေးရွာမှာ မီးတုတ်ပွဲတော်ဆိုင်ရာ လှုပ်ရှားမှုတွေကို စတင်ကျင်းပမယ် ဖြစ်ပါတယ်။ မီးတုတ်ပွဲတော်ရဲ့ မူလလှုပ်ရှားမှုတွေကို ရှိတဲ့အပြင် ရိုသေစွာနဲ့ အရက်တိုက်ပြီး ဧည့်ခံကြိုဆိုပွဲ၊ မီးနဂါး လှည့်လည်ပြပွဲ၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ အဆိုအက၊ မီးပူဇော် မဟာအခမ်းအနား စတဲ့လှုပ်ရှားမှုတွေကိုလည်း ပါဝင်မယ်။ ရိုးရာဓလေ့ထုံးစံရဲ့ မူလအရသာကို လုံးဝပြန်လည်ရရှိစေပါတယ်။ ဒီပြင် ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်မှု လိုအပ်ချက်အရ ခရီးသည်တို့က "မိုဘိုင်းဖုန်းတစ်လုံးသာနဲ့ ယူနန်ပြည်နယ်မှာ ခရီးသွားခြင်း" နဲ့ "ယူနန်မင်းဆုကျေးရွာ တရားဝင် WeChat အကောင့်" စတဲ့ ပလက်ဖောင်းတွေမှာ ကြိုတင်ချိန်ထားပြီး မှတ်ပုံတင်ပြလက်မှတ်ဝယ် ရပါတယ်။ ပြဿနာရှိရင် ယူနန်မင်းဆုကျေးရွာကို ဖုန်းဆက်ပြီး မေးနိုင်ပါတယ်။
ခရီးစဉ်အကြံပေးချက်။ ဘတ်စ်ကားနံပါတ် ၂၄၊ ၄၄၊ ၇၃၊ A၁၊ ယို၂၊ A၄၊ A၉၊ ၉၄၊ ၁၃၅၊ ၁၆၅၊ ၂၃၃၊ ၁၇၂၊ ၁၈၄၊ ကြည့်ရှုလည်ပတ်ရေး ဘတ်စ်ကား အမှတ် ၁၊ မြေအောက်ရထားလမ်း အမှတ် ၅(ယီဟူကျေးရွာက ဆင်း) တို့ကို စီးလို့ရပါတယ်။ ပျော်ရွှင်ပါစေ။
网友貌温温提问:您好,听说火把节就要到了,所以想请问一下可以去昆明哪里体验一下呢?
小编解答:您好,小编推荐您去云南民族村。7月20日至24日,云南民族村将开启火把节狂欢模式,在保留火把节原有活动基础上,还将推出“敬酒迎客、火龙巡游、非遗歌舞、祭火大典等项目,将民间民俗的味道彻底还原。此外,根据疫情防控要求,景区温馨提示游客在“一部手机游云南”“云南民族村官方微信公众号”等平台上提前进行分时预约,实名购票。如不清楚,您可以拨打景区电话进行咨询。
交通指南:24路,44路,73路,A1路,游2路,A4路,A9路,94路,135路,165路,233路,172路,184路,观光巴士1号线,地铁五号线(渔户村站下)。祝您玩得开心!
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- တရုတ်နိုင်ငံ လစ်ကျန်းမြို့- ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းကို စတင်ဖွင့်လှစ်ခဲ့
- National Geographic မဂ္ဂဇင်း၏ ဂန္တဝင်ဓာတ်ပုံပြပွဲကို ကူမင်းမြို့၌ စတင်ကျင်းပခဲ့
- တရုတ်-လာအို ရထားလမ်းသည် ပြောင်းလဲမှုအသစ်ကို ထပ်ရှိပြီး အမြန်ရထားဖြင့် လာအိုနိုင်ငံသို့သွားရန် ၁ နာရီကြာ အတိုချုံ့
- (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို သြဂုတ်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကူမင်းမြို့တွင် ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ဆိပ်ကမ်းများ မှတစ်ဆင့် သွင်းယူသည့် အာဆီယံနိုင်ငံများထွက် သစ်သီးဝလံ၏ ပမာဏသည် လျင်မြန်စွာ တိုးလာ
- တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် ပါဝင်ပြသမည့် ပထမအသုတ်ကုန်ပစ္စည်းက အကောက်ခွန်ဌာနမှ ဖြတ်သန်းခဲ့
- ယူနန့်ဘေဘယ်ရီသီးကို ပထမဆုံး တရုတ်-ကမ္ဘောဒီးယား ပင်ရင်းသက်သေခံလက်မှတ်ဖြင့် ကမ္ဘောဒီးယားသို့ တင်ပို့ခဲ့
- ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းပြပွဲကို ကူမင်းမြို့၌ ကျင်းပခဲ့