ယိုရှီးမြို့သည် သဘာဝနှင့် သမိုင်း၏ ပြတိုက်ဖြစ်
2022-07-19 16:19|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယူနန်ပြည်နယ် ယိုရှီးမြို့သည် ညိုအယ်၏ ဇာတိနှင့် ယူနန်အလယ်ပိုင်းဒေသ၏ အရောင်တောက်ပသော ပုလဲသာမက ကုန်းပြင်မြင့်ပေါ်ရှိ ရေမြို့နှင့် ထင်ရှားသော ယဉ်ကျေးမှုမြို့လည်း ဖြစ်ပါသည်။ ဤစတုရန်းကီလိုမီတာ ၁.၅ သောင်း ကျယ်ဝန်းသော မြေပေါ်တွင် လူများနှင့် သဘာဝတို့ကြား သဟဇာတ ယှဉ်တွဲနေထိုင်မှု၏ လှပသော ပန်ချီးကားလိပ်သည် တဖြည်းဖြည်း ဖြန်ကားနေပါသည်။ ဤနှစ်များတွင် ယိုရှီးမြို့သည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၏ အားကောင်းသော အရွေ့စွမ်းအင်ကို ဖြာထွက်လာခဲ့ပြီး ဟန်အမူအရာအသစ်နှင့် ခြေလှမ်းကျဲကျဲဖြင့် ရှေ့ရှုချိတက်နေသည်။
ယိုရှီးမြို့သည် ကြွယ်ဝသော သဘာဝသယံဇာတာပစ္စည်းများ ရှိပြီး ဖူရှန်းဟူရေကန်၊ အိုင်းလောင်တောင်၊ ယွမ်ကျန်းဟုံဟယ်လျှိုမြောင် စသည်တို့မှာ ကြွယ်ဝပြီး လှပသော သဘာဝရှုခင်းများကို မွေးဖွားပေးပါသည်။ ချန်ကျန်းရုပ်ကြွင်းကျောက်နေရာ၊ ကျန်းချွမ်လီကြားတောင်၊ ထွန်းဟိုင်ရှေးဟောင်းမြို့ စသည်တို့မှာ ရှည်လျားပြီး နက်ရှိုင်းကြံ့ခိုင်သော သမိုင်းယဉ်ကျေးမှုကို မှန်ကန်ကောင်းသက်သေတင်ပြထားနေသည်။ ဟွာနင်ဖန်ရှီး၊ ယိမိန်လျိဇီ၊ ဟုံထာအုပ်စု စသည်တို့မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အသက်ဝင်သော ဇာတ်လမ်းများကို ဆက်ရေးထားနေသည်။ ရှင်းဖျင်ဟွာယောင်တိုင်၊ အတောင်ယီလူမျိုး၊ ယွမ်ကျန်းဟာနီလူမျိုး၊ ထွန်းဟိုင်မွန်ဂိုးလူမျိုး စသည်တို့မှာ ရောင်စုံသော တိုင်းရင်းသားလူမျိုးတို့၏ လူမှုရိုးရာဓလေ့ထုံးစံနှင့် သဘာဝအခြေအနေများကို သရုပ်ပေါ်လာသည်။ ယိရှီးစဉ့်စိမ်းတင်ကြွေထည်၊ ဟွာနင်မြေထည်၊ ထွန်းဟိုင်ငွေ၊ ကျန်းချွမ်ကြေးနီ စသည်တို့မှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထွက်ကုန်ပစ္စည်းများ၏ ညှို့နိုင်စွမ်းအသစ် ထွက်ပေါ်လာပါသည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ










