ယူနန်ပြည်နယ် ရှီဆောင်ပန်နားရှိ မဲခေါင်မြစ်ရှင်းကွမ်းညဈေးတွင် မီးရောင်များသည် တောက်ပရွှန်းတင့်
2022-07-19 16:03|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ညအခါတွင် ယူနန်ပြည်နယ် ရှီဆောင်ပန်နား ကောက်ကျုံး ရှီဆောင်ကျင် မဲခေါင်မြစ်ရှင်းကွမ်းညဈေးသည် ၎င်း၏ထူးခြားသော ညှို့နိုင်စွမ်းကို ပြသသည်။ ညဈေးထဲသို့ ဝင်ရောက်ပြီးနောက် ခရီးသည် အများအပြား ရှိကာ အလွန်စည်ကားလျက်ရှိသည်၊ တိုင်လူမျိုးစသည့် တိုင်းရင်းသားဝတ်စုံများကို ဝတ်ဆင်ထားသော ခရီးသည်များမှာ တောက်ပရွှန်းတင့်သည့် မီးရောင်အောက်တွင် ဓာတ်ပုံရိုက်ကြသည်။
အတိုင်းအတာနှင့် ထူးခြားချက်ရှိသည့် နာမည်ကျော်ကြားသော ညဈေးတစ်ခုအနေဖြင့် ဤနေရာတွင် ကြွယ်ဝသော အရှေ့တောင်အာရှ၏ လူမှုရိုးရာဓလေ့ထုံးစံနှင့် သဘာဝအခြေအနေများကို ပေါင်းစပ်ထားပြီး အစားအသောက်၊ လူမှုရေး၊ ရိုးရာလက်မှုပညာ စသည်တို့ ထူးခြားချက်ရှိသော "ညဈေး"ယဉ်ကျေးမှုကို စုစည်းကာ လန်ချာမြစ်ဘေး၌ ညှို့နိုင်စွမ်း အလွန်ရှိသော ရှုခင်းကို ဖြစ်လာပါသည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့














