ခရီးသွားကုန်စည်ပြပွဲတွင် ပါဝင်လျှင် မှတ်ပုံဝင်ရန် လိုအပ်၍ မှတ်ပုံတင်နှင့် မျက်နှာတို့ဖြင့် ဝင်နိုင်
2022-07-13 10:07|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဇူလိုင်လ ၁၄ ရက်နေ့၌ ၂၀၂၂ ခုနှစ် တရုတ်နိုင်ငံတကာ ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲမှ ဖွဲ့စည်းကော်မတီသည် အများပြည်သူကို ပြပွဲသို့ အဆင်ပြေစွာ လာရောက်လည်ပတ်စေရန်အတွက် မှတ်ပုံဝင်စနစ်ကို ထုတ်ပြန်ခဲ့သည် ဖြစ်ကြောင်း၊ အများပြည်သူသည် WeChatဖြင့် QRကုဒ်ကို စကင်ဖတ်၍ မှတ်ပုံဝင်စနစ်ထဲသို့ ဝင်ရောက်နိုင်သည် ဖြစ်ကြောင်း၊ မှတ်ပုံဝင်ပြီးနောက် မှတ်ပုံတင်နှင့် face recognitionတို့ဖြင့် ပြပွဲတွင် ဝင်နိုင်ကြသည် ဖြစ်ကြောင်း သတင်းထောက်သည် သတင်းစာရှင်းလင်းပွဲမှ သိရှိခဲ့သည်။
၂၀၂၂ ခုနှစ် တရုတ်နိုင်ငံတကာ ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲ၏ ခေါင်းစဉ်မှာ "စမတ် အဆန်းထွင်မှု၊ အနာဂတ် အတူဖွင့်- ခရီးသွားလုပ်ငန်း အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ဆောင်မှုပေး" ဖြစ်ပြီး ပြပွဲတွင် ယဉ်ကျေးမှုနှင့် ခရီးသွား ရုပ်ပုံလွှာ၊ ကျန်းမာစွာ နေထိုင်ရန် ရည်မှန်းချက် ပန်းတိုင်များ၊ အားကစားနှင့် ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ စားသောက်သုံးစွဲမှု၊ ပြည်တွင်းမှ ပြည်နယ်(ရပ်ကွက်၊ မြို့) တစ်ခုခု၏ ယဉ်ကျေးမှုနှင့် ခရီးသွား ရုပ်ပုံလွှာ၊ ပြည်တွင်းမှ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ ကုမ္ပဏီများ၊ ယဉ်ကျေးမှုဆိုင်ရာ ကုန်စည်များ၊ စမတ်ခရီးသွားလုပ်ငန်း၊ ခရီးသွားလုပ်ငန်း ပုံစံသစ်နှင့် ပြည်ပ ခရီးသွားလာရေး စသည်တို့ကို ပြသသည့် ဧရိယာများကို စီစဉ်ထားကြသည်။
记者从云南文旅迎盛会促消费新闻通气会上获悉,7月14日,2022中国国际旅游交易会组委会发布观众注册系统,方便公众参观旅交会。公众使用微信扫描二维码,进入观众注册系统。实名注册后,现场凭身份证及人脸识别刷闸机,就能入场参观。
2022中国国际旅游交易会以“智慧创新 共启未来——服务旅游业高质量发展”为主题,交易会现场设置文化和旅游形象展示区、健康生活目的地展区、体育旅游展区、文化和旅游消费展区和国内各省(区、市)文旅形象展示区、国内文旅企业展区、文博展区、智慧旅游展区、旅游新业态展区、海外旅游展区等。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ