ကူမင်းဧရိယာအပိုင်းသည် ရှေ့အလားအလာရှိ၍ မြန်မာ့ကုမ္ပဏီများသို့ ပေါ်လစီများကို မိတ်ဆက်ပေးမည်ဟု ဦးထွန်းအောင်ကျော်ပြောဆိုခဲ့
2020-09-12 15:40|
ပြုစုတည်းဖြတ်သူ၏မှတ်ချက်
၂၀၁၉ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်သည် တရားဝင် ဆိုင်းဘုတ်တပ်၍ ကူမင်းဧရိယာအပိုင်း၊ ဟုံဟယ်ဧရိယာအပိုင်း၊ တက်ဟုန်းဧရိယာအပိုင်း ပါဝင်ထား၍ တစ်ကမ္ဘာလုံးကုန်သွယ်ရေး "မိတ်ဆွေများ" တိုးချဲ့သည့် သစ်လွင်သော အချိန်အခါကို စတင်ဖွင့်လှစ်ခဲ့ပါပြီ။ ဤနှစ်အတွင်း ကူမင်းဧရိယာအပိုင်းသည် ဗဟိုချက်မစီးပွားရေး၊ တံခါးစီးပွားရေးနှင့် လှည့်လည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို နီးနီးကပ်ကပ်ဝိုင်းပတ်၍ ကုန်သွယ်ရေးပတ်ဝန်းကျင်ကို ကောင်းမွန်စေရန် ဆက်လက်ဆောင်ရွက်ပြီး လုပ်ငန်းဖွဲ့စည်းပုံကို ပြောင်းလဲမြှင့်တင်စေရန် အဆက်မပြတ် တွန်းအားပေး၍ "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု" စီမံကိန်း၏ တည်ဆောက်ရေးကို တက်ကြွစွာ ပါဝင်၍ အပြည်ပြည်ဆိုင်ရာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်၍ ကျော်လွန်မည့် ရည်မှန်းချက်ကို အမှီလိုက်ရန် ခိုင်မာသည့် ခြေလှမ်းကျဲကျဲဖြင့် ချီတက်ပါမည်။ Kunming Information Hub သည် "နိုင်ငံခြားသားများက တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်းကို မြင်ခြင်း" ဟူသော Talk Show အစီအစဉ်များကို အထူးသဖြင့် စီမံထုတ်ပြန်၍ နယ်ပယ်အသီးသီးမှ နိုင်ငံခြားသားများအား မိတ်ခေါ်၍ ကူမင်းဧရိယာအပိုင်း တည်ဆောက်ရေး တစ်နှစ်ပြည့် အောင်မြင်ချက်များကို အဓိကအလင်းဆုံပေးပြီး ကူမင်းဧရိယာအပိုင်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းသစ်ကို စူးစမ်းလေ့လာ၍ ပိုများသော တရုတ်နှင့်နိုင်ငံခြားများ အကြားမှ သစ်လွင်သော စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အခါအခွင့်များကို ထုတ်ဖော်ပါသည်။
ကူမင်းဧရိယာအပိုင်းသည် အနာဂတ်အနေဖြင့် အလားအလာရှိ၍ ကူမင်းဧရိယာအပိုင်းသည် တည်နေရာအားသာချက်ရှိပြီး လေကြောင်းလမ်း၊ ကုန်းကြောင်းလမ်း အားသာချက်ရှိသည့်အပြင် မြန်မာ၊ လာအို၊ ထိုင်း စသည့် အရှေ့တောင်အာရှ တောင်အာရှနိုင်ငံတို့မှ တရုတ်နိုင်ငံ ပြည်တွင်းသို့ ဝင်ရောက်သည့် နိုင်ငံတကာအချက်အချာနေရာ ဖြစ်ပါသည် ဟု "နိုင်ငံခြားသားများက တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်းကို မြင်ခြင်း" ဟူသော Talk Show အစီအစဉ်များတွင် ကူမင်းမြို့ အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော် ပြောဆိုခဲ့ပါသည်။
ကူမင်းဧရိယာအပိုင်းသည် တည်နေရာအားသာချက်ရှိ၍ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာရှိ
ကူမင်းမြို့မှာ ရှေးခေတ် တောင်ပိုင်းပိုးလမ်းမကြီးပေါ်မှ အရေးပါသော အချက်အချာဖြစ်၍ တရုတ်နိုင်ငံသည် အရှေ့တောင်အာရှ၊ တောင်အာရှ၊ အနောက်အာရှသို့ မျက်နှာမူသည့် ရေကြောင်းလိုင်းပေါ်မှ အရေးပါသောနေရာ၌ တည်ရှိနေပါသည်။ ကူမင်းဧရိယာအပိုင်းသည် လေကြောင်းကုန်စည်စီးဆင်းမှုလုပ်ငန်းကို ဆောင်ရွက်၍ ကူမင်းချမ်ဆွေအပြည်ပြည်ဆိုင်ရာလေဆိပ်၏ ကုန်စည်စီးဆင်းမှုနည်းလမ်းကို တိုးချဲ့၍ တောင်အာရှ၊ အရှေ့တောင်အာရှသို့ မျက်နှာမူသည့် ကုန်စည်စီးဆင်းမှုစင်တာကို တည်ဆောက်၍ ကူမင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းအချက်အချာကို ထုလုပ်မည်။
အခု မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြားမှ ဆွေးနွေးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကြိမ်ပေါင်းများစွာရှိ၍ ရွှေလီ-မူဆယ် နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော် တည်ဆောက်ရေး၊ နယ်စပ်ဂိတ်များ တိုးမြှင့်ဖွင့်လှစ်၍ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့ စေရေးတို့ကို တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရ အချင်းချင်း ချတ်ဆက်ဆောင်ရွက်နေပါသည်။ ကူမင်းဧရိယာအပိုင်းသည် လေကြောင်းလမ်း၊ ကုန်းကြောင်းလမ်း အားသာချက်ရှိ သည့်အပြင် မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်တို့မှ ကုန်စည်များ တင်ပို့သည့် အချက်အချာနေရာ တစ်ခုဖြစ်သောကြောင့် ဤကုန်စည်များကို ကူမင်းမြို့မှတစ်ဆင့် တရုတ်နိုင်ငံ ပြည်တွင်းသို့ ဖြန့်ဖြူးနိုင်မှာ ဖြစ်ပါသည် ဟု ဦးထွန်းအောင်ကျော် မြင်ပါသည်။
"ကူမင်းဧရိယာအပိုင်းက အနာဂတ်အနေနဲ့ စီးပွားရေး အလားအလာရှိတဲ့ ဇုန်တစ်ခု ဖြစ်ပါတယ်။" ကူမင်းဧရိယာအပိုင်းသည် မြန်မာနိုင်ငံ တစ်နိုင်ငံ တည်းသာမကပဲ နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှု အတွက်လည်း အကျိုးများစွာရှိ၍ လာအို၊ ထိုင်း၊ ဗီယက်နမ် စသည့် အရှေ့တောင်အာရှနိုင်ငံတို့နှင့် နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုများတွင် အကျိုးများစွာရှိမည်ဟု ဦးထွန်းအောင်ကျော် ထင်မြင်မိပါသည်။
ကူမင်းဧရိယာအပိုင်း နှင့်ပတ်သက်ပြီး မျှော်လင့်ချက်များ၍ မြန်မာ့ကုမ္ပဏီများသို့ သက်ဆိုင်သည့် ပေါ်လစီများကို မိတ်ဆက်
၂၀၂၀ခုနှစ် ဇန်နဝါရီလတွင် ကူမင်းဧရိယာအပိုင်း နယ်စပ်ဖြတ်ကျော် E-Commerce ဝန်ဆောင်မှုဝရန်တာကို စတင်သုံးပြု၍ ကူမင်းမြို့သူမြို့သားများသည် သွင်းကုန်များ ဝယ်သည့်အချိန် ကုန်ပစ္စည်းလက်ခံချိန်နှင့် ဝယ်ယူသည့်ကုန်ကျစရိတ်တို့သည် များများ လျှော့ချသွားမည်။
"တရုတ်နိုင်ငံဘက် အနေနဲ့ မြန်မာနိုင်ငံအပေါ် ကန့်သတ်ကုန်များ လျှော့ချပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ ထွက်ကုန်များ၊ တန်ဖိုးမြင့် စိုက်ပျိုးရေးထွက်ကုန်စည်များကို ကူမင်းဧရိယာအပိုင်းရဲ့ Online စနစ်နဲ့ ရောင်းချနိုင်ပြီး တရုတ်နိုင်ငံအတွင်းကို ဖြန့်ချီနိုင်မယ် လို့ မျှော်လင့်မိပါတယ်။" ဦးထွန်းအောင်ကျော်သည် ကူမင်းဧရိယာအပိုင်း နှင့်ပတ်သက်ပြီး မျှော်လင့်ချက် အများကြီးရှိပါသည်။ မြန်မာနိုင်ငံဘက်မှ ခန့်အပ်မည့် အလုပ်သမားများ အတွက် ခန့်အပ်စာ သို့မဟုတ် ကုမ္ပဏီ ထောက်ခံစာ စသည်ဖြင့် သက်သေခံ အထောက်အထားတစ်ခုရှိပါက ပြည်ဝင်/ထွက် ကိစ္စများကို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက်လည်း ထည့်သွင်းစဉ်းစားစေလိုပါသည် ဟု သူမျှော်လင့်မိပါသည်။ အထူးသဖြင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအား ချေးငွေထုတ်ချေးပေးနိုင်ရန်လည်း မျှော်လင့်မိပါသည်။
ကူမင်းဧရိယာအပိုင်းသည် သက်ဆိုင်ရာနိုင်ငံများရှိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နံှကြရန် ဖိတ်ခေါ်ရာ၌ လိုအပ်သော မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ရေး ပိုမိုအားဖြည့်ဆောင်ရွက်ရန် လိုအပ်မည်ဟု ဦးထွန်းအောင်ကျော် ထင်ပါသည်။ ထို့ပြင်၊ သူသည် မြန်မာနိုင်ငံဘက်မှ ပါဝင်ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များသို့ လိုအပ်သည့် အချက်အလက်တွေကို ထပ်မံဖြန့်ဝေပေးနိုင်မှာ ဖြစ်ပါသည်။(ရောင်စုံတိမ်တံတား၊လဲ့ရွှေရည်)
编者按:
2019年8月30日,中国(云南)自由贸易试验区正式挂牌,涵盖昆明片区、红河片区、德宏片区,开启了拓展全球贸易“朋友圈”的全新时刻。这一年来,昆明片区紧紧围绕枢纽经济、门户经济和流动经济发展,持续优化营商环境、不断推动产业结构转型升级,积极参与“一带一路”建设,加强国际间交流合作,向着追赶超越的目标迈出坚实的步伐。昆明信息港特别策划“外国人看中国(云南)自由贸易试验区昆明片区”系列访谈节目,邀请各领域海外人士,重点聚焦昆明片区一周年“成绩单”,探讨昆明片区未来发展新路径,发掘更多中外经贸合作新机遇。
2019年8月30日,中国(云南)自贸试验区昆明片区的挂牌,为昆明区域性国际中心城市建设画上了浓墨重彩的一笔。经过一年的建设发展,昆明片区在打造高水平的对外开放平台,服务并促进昆明区域性国际中心城市的建设上做出了许多有益的尝试。
在“外国人看中国(云南)自由贸易试验区昆明片区”系列采访中,缅甸驻昆总领事吴吞昂觉非常看好昆明片区未来发展前景。他认为,昆明片区区位条件优越,航空、陆路交通网四通八达,是缅老泰等东南亚南亚国家通向中国内地的国际枢纽。
昆明片区区位条件优越 发展前景可期
昆明是古代南方丝绸之路上的重要枢纽,处在中国面向东南亚、南亚、西亚航路航线的重要节点,位于亚洲5小时航空圈的中心。昆明片区将打造航空物流业,拓展昆明长水国际机场货物集散模式,构建面向南亚东南亚综合物流集散中心,打造昆明国际航空枢纽。
目前,缅甸与云南的交流合作频繁,中缅两国政府正就瑞丽-木姐边境经济合作区建设、增开边境口岸以便利货物流通等事宜进行沟通。在吞昂觉看来,昆明片区除在航空、陆路交通方面具有优势外,也是缅甸、老挝、泰国、越南向中国出口货物的一个枢纽,这些东南亚国家可以通过昆明把商品分散销售到中国内地。
“昆明片区未来将是一个有经济发展前景的片区。”吴吞昂觉表示,昆明片区的重要性不仅在于能够促进中缅合作,对老挝、泰国、越南等东南亚国家与中国开展合作也大有裨益。
对昆明片区期待甚多 将向缅介绍相关法律法规
今年1月,昆明片区跨境电商综合服务平台上线,意味着昆明市民海淘的进口商品,将不再局限于从海外跨境直购或绕道国内其他城市邮寄,而是可以直接从本地保税仓库发货,收货时间和购买成本将大幅降低。
“希望中方能出台更多利好政策,让更多缅甸产品、加工品等能进入昆明片区的网上销售平台,销往中国内地。”吴吞昂觉对昆明片区有很多期待。他希望昆明片区能为缅方聘用的工人提供聘用书或公司证明等凭证,方便其办理出入境手续,尤其是希望能为缅甸经商企业家提供贷款。
吴吞昂觉认为,昆明片区需要加大政策、法律法规在海外尤其是缅甸的宣传力度,与此同时,他也会将相应的政策法规提供给缅方有意参与的企业家,让缅甸投资者进一步了解利好政策。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ