ယူနန်ပြည်နယ် အန်နင်းမြို့ မြစ်မာလုံရွာကော်မတီ၌ အထပ်တရာပန်း အမိုတရာကျော်သည် ပွင့်ဖူနေ
2022-09-22 10:29|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုရက်များတွင် ယူနန်ပြည်နယ် အန်နင်းမြို့ လုပြောင်လမ်း မြစ်မာလုံကျေးရွာကော်မတီ၌ အမို ၁၅၀ ရှိသော အထပ်တရာပန်းများသည် ယှဉ်ပြိုင်ပွင့်ဖူးနေ၍ အလွန်လှပပါသည်။
ရွာသူရွာသားများ၏ ဝင်ငွေ တိုးစေသည့် နည်းလမ်းများကို နောက်ထပ်တိုးချဲ့ရန်၊ စုပေါင်းစီးပွားရေးကို အားကောင်းလာစေရန်အတွက် မြစ်မာလုံရွာသည် ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက် မှစ၍ အထပ်တရာပန်း စိုက်ပျိုးရေးလုပ်ငန်းကို သွင်းယူခဲ့ပြီး "ကျေးရွာစုပေါင်းစီးပွားရေး+ ကုမ္ပဏီများ+ လယ်သမားများ" ဟူသော ဖွံ့ဖြိုးတိုးတက်မှုပုံစံကို ကျင့်သုံးခဲ့ပြီး "ပန်းပင်လယ်စီးပွားရေး"ကို စူးစမ်းဆောင်ရွက်ခဲ့ပါသည်။
၂၀၂၂ ခုနှစ်တွင် မြစ်မာလုံရွာမှ အထပ်တရာပန်း စိုက်ပျိုးရေးဧရိယာသည် အမို ၁၅၀ ရှိပါသည်၊ တစ်နှစ်လုံး စုစုပေါင်းထွက်ကုန်အရေအတွက်သည် တန်ချိန် ၃၅၀ ရှိလာမည်ဖြစ်၍ လယ်သမားများ၏ ဝင်ငွေကို ယွမ် ၃၉၀ သောင်းအထိ တိုးစေမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခု အထပ်တရာပန်းများသည် ကြည့်ရှုချိန်နှင့် ဆွတ်ခူးချိန်သို့ ရောက်ရှိပါပြီ။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း၊ ယူနန်ကော်ဖီကို သိရှိခံစားရန် ကူမင်းမြို့သည် ကမ္ဘာအား ဖိတ်ခေါ်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း










