"တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး၊ လူငယ်များ၏ အသံ" ဗီဒီယိုတို ဖန်တီးပေးပို့ရန် ဖိတ်ခေါ်ခြင်းလှုပ်ရှားမှုကို စတင်ပြီ

2026-11-20 14:16|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ပိုမိုများပြားသော မြန်မာမိတ်ဆွေများကို တရုတ်နိုင်ငံရှိ အတွေ့အကြုံများနှင့် ခံစားချက်များကို မျှဝေစေရန်နှင့် စစ်မှန်ပြီး နွေးထွေးသော "ပေါက်ဖော်"ချစ်ကြည်ရေး ဇာတ်လမ်းများကို ကင်မရာဖြင့် မှတ်တမ်းတင်စေရန် ကူမင်းမြို့ နိုင်ငံတကာဖြန့်ချိရေးစင်တာ၊ Kunming Information Hub နှင့် HPAJI MAHKRAI တို့သည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပူးပေါင်း၍ "တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး၊ လူငယ်များ၏ အသံ" ဗီဒီယိုတို ဖန်တီးပေးပို့ရန် ဖိတ်ခေါ်ခြင်းလှုပ်ရှားမှုကို စတင်ကျင်းပခဲ့ကာ တရုတ်နိုင်ငံသို့ ရောက်ဖူးသော သို့မဟုတ် လက်ရှိ တရုတ်နိုင်ငံတွင် နေထိုင်နေသော မြန်မာမိတ်ဆွေများထံမှ လက်ရာများကို ဖိတ်ခေါ်သွားမည် ဖြစ်သည်။

ဤလှုပ်ရှားမှုတွင် မြန်မာမိတ်ဆွေများအား ၎င်းတို့၏ ကိုယ်ပိုင်ရှုထောင့်မှတစ်ဆင့် တရုတ်နိုင်ငံတွင် တွေ့မြင်ကြားသိရသည့် အကြောင်းအရာများနှင့် တွေးတောခံစားချက်များကို ကင်မရာဖြင့် မှတ်တမ်းတင်ရန် ဖိတ်ခေါ်အပ်ပါသည်။ တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိစဉ်က ရရှိခဲ့သည့် ထူးခြားဆန်းသစ်သော အတွေ့အကြုံများ၊ နေ့စဉ်ဘဝတွင် ရရှိသည့် နွေးထွေးမှုနှင့် ကြည်နူးမှုများ၊ တရုတ်နိုင်ငံအပေါ် မိမိတို့၏ သိမြင်နားလည်မှုနှင့် ခံစားချက်များ၊ မြန်မာလူငယ်မိတ်ဆွေများနှင့် မျှဝေလိုသည့် ရင်တွင်းစကားများစသည်တို့ကို ဗီဒီယိုတိုများမှတစ်ဆင့် တင်ဆက်နိုင်ပါသည်။

ပါဝင်ယှဉ်ပြိုင်မည့် ဗီဒီယိုတိုတစ်ခုစီ၏ ကြာချိန်သည် ယေဘုယျအားဖြင့် ၅ မိနစ်ထက် မပိုရပါ၊ ထို့အပြင် သက်ဆိုင်ရာ ပလက်ဖောင်းတစ်ခုစီ၏ ဗီဒီယိုတင်သွင်းမှုဆိုင်ရာ ဖော်မတ်သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ပြီး ဗီဒီယိုခေါင်းစဉ်နှင့် စာသားဖော်ပြချက်တို့လည်း ပါရှိရမည်ဖြစ်သည်။ ဗီဒီယိုတွင် ပြောဆိုတင်ဆက်သည့် ဘာသာစကားမှာ တရုတ်ဘာသာစကား သို့မဟုတ် မြန်မာဘာသာစကား ရွေးချယ်နိုင်သည်ဖြစ်ပြီး တရုတ်ဘာသာဖြင့် သို့မဟုတ် မြန်မာဘာသာဖြင့် စာတန်းထည့်သွင်းထားရမည်ဖြစ်သည်၊ တရုတ်-မြန်မာ နှစ်ဘာသာစာတန်းများကို တစ်ပြိုင်နက် ထည့်သွင်းရန်လည်း တိုက်တွန်းပါသည်။

စိတ်ဝင်စားမှုရှိသည့် မြန်မာမိတ်ဆွေများသည် Facebook နှင့် Douyin သို့မဟုတ် ဆိုင်လုံဝက်ဘ်ဆိုက်တ်(https://www.clzg.cn/) တစ်ခုစီတွင် ဗီဒီယိုတိုထုတ်လွှင့်တင်ပြီးနောက် မူရင်းဗီဒီယိုဖိုင်၊ ဗီဒီယိုတင်ထားသည့် လင့်ခ်၊ ဖန်တီးသူ၏ အမည်၊ ဆက်သွယ်ရန် အချက်အလက်များနှင့် ဗီဒီယိုအကြောင်း အကျဉ်းချုပ်တို့ကို လှုပ်ရှားမှုအတွက် သီးသန့်သတ်မှတ်ထားသော အီးမေးလ်လိပ်စာ inkunmingnews@protonmail.com သို့ ပေးပို့ရမည်ဖြစ်သည်၊ အီးမေးလ်ခေါင်းစဉ်ကို "တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး၊ လူငယ်များ၏ အသံ + ဗီဒီယိုခေါင်းစဉ် + ဖန်တီးသူအမည်" ဟူသော ပုံစံဖြင့် တူညီစွာ ရေးသားရမည် ဖြစ်သည်။ ၄င်းအနက်၊ Facebook တွင် ဗီဒီယိုတို ထုတ်လွှင့်တင်သည့်အခါ #ပေါက်ဖော်ချစ်ကြည်ရေး ဟူသော ဟက်ရှ်တက်ဂ်ကို ထည့်သွင်းပြီး "In Kunming" နှင့် "Hpa Ji Mahkrai 克钦留华之桥" တို့ကို Mention (@) လုပ်ပေးရုံဖြင့် ပါဝင်နိုင်ပါသည်။ Douyin တွင် ဗီဒီယိုတို ထုတ်လွှင့်တင်သည့်အခါ #胞波情 ဟူသော ဟက်ရှ်တက်ဂ်ကို ထည့်သွင်းပြီး "昆明市国际传播中心" ကို Mention (@) လုပ်ပေးရုံဖြင့် ပါဝင်နိုင်ပါသည်။ ဆိုင်လုံဝက်ဘ်ဆိုက် (www.clzg.cn) တွင် ဗီဒီယိုတို ထုတ်လွှင့်တင်သည့်အခါ "တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး၊ လူငယ်များ၏ အသံ ဟူသော ဗီဒီယိုတို ဖန်တီးပေးပို့ရန် ဖိတ်ခေါ်ခြင်း လှုပ်ရှားမှု" ကို ရွေးချယ်၍ ပါဝင်နိုင်ပါသည်။

ဗီဒီယိုလက်ရာများ လက်ခံပေးပို့ရန် သတ်မှတ်ထားသည့် နောက်ဆုံးရက် ကျော်လွန်ပြီးနောက် ဦးစီးကျင်းပသည့် အဖွဲ့အစည်းများသည် အကဲဖြတ်ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ခေါင်းစဉ်နှင့် ကိုက်ညီမှုရှိခြင်း၊ အကြောင်းအရာ၏ စစ်မှန်မှု၊ ဇာတ်လမ်း၏ ဆွဲဆောင်နိုင်စွမ်း၊ ဖန်တီးမှုဆန်းသစ်မှု၊ ထုတ်လုပ်မှုအရည်အသွေးနှင့် ဖြန့်ဝေမှုရလဒ် စသည့် အချက်များအပေါ် အခြေခံ၍ စုစုပေါင်း အကဲဖြတ်ရွေးချယ်သွားမည်ဖြစ်သည်၊ ထို့နောက် ပထမဆု တစ်ယောက်၊ ဒုတိယဆု နှစ်ယောက်၊ တတိယဆု ၃ ယောက်နှင့် ထူးချွန်ဆု အများအပြားကို ရွေးချယ်ချီးမြှင့်မည်ဖြစ်ကာ သက်ဆိုင်ရာဆုလက်ဆောင်များပေးအပ်မည် ဖြစ်သည်။

征集公告长图_缅文

昆明信息港讯 记者文丽荣 为鼓励更多缅甸朋友分享在中国的经历与感受,用镜头记录真实温暖的“胞波”故事,11月19日,昆明市国际传播中心、昆明信息港联合克钦留华之桥共同发起“中缅胞波情·青年说”主题短视频征集活动,面向所有曾到访中国或目前在中国生活的缅甸朋友征集作品。

本次活动邀请缅甸朋友从个人视角出发,用镜头记录在中国的所见所闻、所思所感。无论是初到中国时的新奇体验、生活中收获的温暖与感动,还是对中国的认识与感受、想与缅甸青年朋友分享的心里话,都可以通过短视频呈现。

投稿作品时长原则上不超过5分钟,须符合各平台视频上传格式,并有相应标题和文字介绍。作品讲述语言可以选择中文或缅甸语,须配备中文字幕或缅甸语字幕,鼓励同时配备中缅双语字幕。

感兴趣的缅甸朋友可以选择通过Facebook、抖音、彩龙社区三个平台发布视频,并将原始视频文件、作品发布链接及作者姓名、联系方式、作品简介发送至邮箱inkunmingnews@protonmail.com,邮件标题统一为“中缅胞波情·青年说+视频标题+作者姓名”。其中,通过Facebook投稿时,需带话题#ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး并@“In Kunming”和“Hpa Ji Mahkrai 克钦留华之桥”;抖音投稿时,带话题#胞波情并@“昆明市国际传播中心”;彩龙社区(www.clzg.cn)投稿时,选择参加“‘中缅胞波情·青年说’短视频征集活动”即可。

征稿截止后,主办方将围绕主题契合度、内容真实性、故事感染力、创意表现、制作质量及传播效果等方面进行综合评审,评选出一等奖1名、二等奖2名、三等奖3名及优秀奖若干名,并给予相应奖励。

征集公告长图(中)

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်