ယူနန်ပြည်နယ် ပေါင်ဆန်းမြို့က "တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ကော်ဖီ စုစည်းရာဒေသ" အဖြစ် ဖန်တီးဖော်ဆောင်လျက်ရှိ

2026-11-13 17:22|ဆင်ဟွာသတင်း

1

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်ဆန်းမြို့သည် ပြည်တွင်းတွင် အရည်အသွေးမြင့် အစေ့သေးကော်ဖီ အဓိကထွက်ရှိရာဒေသ ဖြစ်ပြီး ထူးခြားသော ရာသီဥတုသည် ကမ္ဘာ့ အရည်အသွေးမြင့် ကော်ဖီ အမျိုးအစားများစွာ စိုက်ပျိုးရန်အတွက်လည်း သင့်လျော်သည်။ မကြာသေးမီနှစ်များအတွင်း ယူနန် ပေါင်ဆန်းမြို့သည် မျိုးစိတ်များ ရွေးချယ်မျိုးပွားခြင်း၊ စံချိန်စံညွှန်းနှင့် အမှတ်တံဆိပ်၊ အဆင့်မြင့် နက်ရှိုင်းစွာ ပြုပြင်ထုတ်လုပ်ခြင်း၊ ကော်ဖီနှင့်ခရီးသွားလုပ်ငန်း ပေါင်းစပ်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ဘဏ္ဍာရေးစသည့် ရှုထောင့်ပေါင်းစုံမှ စနစ်တကျ အားထုတ်ဆောင်ရွက်ကာ ကော်ဖီလုပ်ငန်းကို ကုန်ကြမ်းအခြေခံစခန်းမှ အရည်အသွေးမြင့်အထူးပြုခြင်း၊ အမှတ်တံဆိပ် တည်ဆောက်ခြင်းနှင့် ကဏ္ဍပေါင်းစုံ ပေါင်းစပ်ဆောင်ရွက်ခြင်း လမ်းကြောင်းများဆီသို့ အသွင်ပြောင်း အဆင့်မြှင့်တင်ရန် တွန်းအားပေးလျက် "တရုတ်နိုင်ငံ၏ အရည်အသွေးမြင့်ကော်ဖီ စုစည်းရာဒေသ" ကို ဖန်တီးဖော်ဆောင်လျက်ရှိသည်။ စာရင်းအင်းအရ ၂၀၂၆ ခုနှစ် ပထမ သုံးလပတ်အတွင်း ပေါင်းဆန်း အစေ့သေးကော်ဖီ စိုက်ပျိုးဧရိယာသည် တရုတ်မူ (mu) ၁၈၉,၀၀၀ ကျယ်ဝန်းပြီး အထွက်နှုန်း ပမာဏသည် တန်ချိန် ၂၆,၄၀၀ ဖြစ်ကာ အထွေထွေထုတ်လုပ်မှုတန်ဖိုးသည် ယွမ် ၁၅.၇ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

2

3

4

5

6

7

8

1

云南省保山市是国内适合精品小粒咖啡生产的重要产地,独特的气候也适于全球多种精品咖啡的种植。近年来,云南保山从品种选育、标准品牌、精深加工、咖旅融合、人才金融等多维度系统发力,推动咖啡产业从原料基地向精品化、品牌化、融合化方向转型升级,打造“中国精品咖啡聚集地”。据统计,2026年前三季度,保山小粒咖啡种植面积18.9万亩,产量2.64万吨,综合产值达157亿元。

2

3

4

5

6

7

8

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်