ဇမ်ဘီယာနိုင်ငံမှ ကော်ဖီဆိုင်ပိုင်ရှင် David သည် ၁၇ နှစ်ကြာ ကြိုးပမ်းပြီး ယူနန်ကော်ဖီရနံ့ကို ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့စေ

2026-11-13 16:42|ရောင်စုံတိမ်တံတား

အယ်ဒီတာ၏ မှတ်ချက်-

"ပန်းရနံ့ဖြင့် တောင်တန်းနှင့် ပင်လယ်များကို ဆက်သွယ်ပြီး ကော်ဖီရနံ့ဖြင့် ပိုးလမ်းမကြီးကို ချိတ်ဆက်ခြင်း" တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာဖြန့်ချိရေး လှုပ်ရှားမှုများကို ဆက်လက်ကျင်းပလျက်ရှိသည်။ လှုပ်ရှားမှု၏ အဓိကကဏ္ဍကြီး လေးခုအနက် တစ်ခုဖြစ်သော "တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း" တရုတ်နွေဦးမြို့တော် ကမ္ဘာ့ကော်ဖီပွဲတော် နိုင်ငံတကာဖြန့်ချိရေး လှုပ်ရှားမှုသည် ကူမင်းမြို့၏ ပထဝီဝင်တည်နေရာ အားသာချက်နှင့် ယူနန်ကော်ဖီလုပ်ငန်း၏ အခြေခံအုတ်မြစ်ကို အခြေခံ၍ ကော်ဖီကို ကြားခံအဖြစ်ထားရှိကာ ပြည်တွင်းပြည်ပကို ချိတ်ဆက်ကာ စက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုယဉ်ကျေးမှုဖလှယ်ရေးအတွက် နိုင်ငံတကာပလက်ဖောင်းတစ်ခုကို တည်ဆောက်ပေးလျက်ရှိသည်။

နယ်စပ်ဒေသရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး အခြေခြံစခန်းများမှ ကမ္ဘာ့ပရော်ဖက်ရှင်နယ် ပြိုင်ပွဲစင်မြင့်အထိ၊ မြို့တွင်းလမ်းကြီးလမ်းငယ်များရှိ ကော်ဖီဆိုင်များမှ စံနှုန်းမီ ကော်ဖီလှော်စက်ရုံများအထိ ယူနန်ကော်ဖီ၏ အထူးတန်းဝင် အဆင့်မြှင့်တင်မှု လုပ်ငန်းစဉ်တွင် နိုင်ငံတကာ ကော်ဖီဆိုင်ပိုင်ရှင်များ၏ အရိပ်အယောင်ကို အမြဲတမ်း တွေ့မြင်နိုင်ပါသည်။ သူတို့သည် တောင်တန်းနှင့် ပင်လယ်များကို ဖြတ်ကျော်ကာ နွေဦးမြို့တော်တွင် အမြစ်တွယ်နေထိုင်ပြီး စက်မှုလုပ်ငန်းကွင်းဆက်၏ အထက်ပိုင်းနှင့် အောက်ပိုင်းနှင့် ပြည်တွင်းပြည်ပ ဈေးကွက်အရင်းအမြစ်များကို ချိတ်ဆက်ပေးကာ ယူနန်ကော်ဖီသည် အစုလိုက်အပြုံလိုက် ကုန်ကြမ်းမှ အထူးတန်းဝင် စံပြအဖြစ်သို့ ပြောင်းလဲသွားသည့် ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခံစားပြီး တွန်းအားပေးခဲ့ကြသည်။ သူတို့သည် ယူနန်ကော်ဖီ ပြည်ပသို့တင်ပို့ရေး၏ တွန်းအားပေးသူများ ဖြစ်ရုံသာမက တရုတ်ပြည်နှင့်နိုင်ငံခြားတိုင်းပြည် ယဉ်ကျေးမှုရောနှောပေါင်းစပ်မှု၏ ပြည်သူ့အဆင့် ပေါင်းကူးတံတားလည်း ဖြစ်ပါသည်။

ဤဝက်ဘ်ဆိုက်သည် ကော်ဖီဆိုင်ပိုင်ရှင်များ၏ အင်တာဗျူး သတင်းစဉ်များကို စတင်ထုတ်ဝေသွားမည်ဖြစ်ပြီး နွေဦးမြို့တော်တွင် နက်ရှိုင်းစွာ လုပ်ကိုင်နေသော နိုင်ငံတကာ ကော်ဖီလုပ်ငန်းလုပ်ကိုင်သူများကို အာရုံစိုက်ကာ သူတို့၏ လုပ်ငန်းစတင်တည်ထောင်ခြင်း လက်တွေ့ဆောင်ရွက်မှုနှင့် လုပ်ငန်းနယ်ပယ် ကြည့်ရှုအကဲခတ်မှုများဖြင့် ယူနန်ကော်ဖီလုပ်ငန်း အဆင့်မြှင့်တင်မှု လမ်းကြောင်းကို အသေးစိတ်ပြသကာ ကူမင်းမြို့၏ ဖွင့်လှစ်သည်းခံနိုင်မှုရှိသော မြို့တော်စရိုက်နှင့် ပြင်ပသို့ဖြန့်ချိရေး တက်ကြွမှုကို ထင်ဟပ်စေသွားမည်ဖြစ်သည်။

图片 2

(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ကူမင်းမြို့ တျန်းချီရေကန်ဘေးရှိ ပြင်ပကော်ဖီဈေးတန်းတွင် လိမ္မော်ရောင်နှင့် အဖြူရောင် ရောစပ်ထားသော ခေတ်ဟောင်းပုံစံ ကော်ဖီယာဉ်တစ်စီးသည် တိတ်ဆိတ်စွာ ရပ်နားလျက်ရှိပြီး ယာဉ်ဘေးတွင် နေရောင်ကာထီးတစ်လက်ကို ဖြန့်ကာ အရိပ်တစ်ခြမ်း ဖန်တီးထားသည်။ ဇမ်ဘီယာနိုင်ငံမှ ကော်ဖီဆိုင်ပိုင်ရှင် David သည် ရေဆေးဂျင်းဦးထုပ် ဆောင်းထားပြီး လုပ်ငန်းခုံနောက်တွင် ကိုင်းညွှတ်ရပ်ကာ ကော်ဖီစေ့များကို ကြိတ်စက်ထဲသို့ ဖြည်းညှင်းစွာ လောင်းထည့်နေသည်။ ကြိတ်ခုံလည်ပတ်သံနှင့် ဈေးတန်းအတွင်း လူသံတို့ ရောယှက်နေပြီး စားပွဲပေါ်တွင် စက္ကူကြမ်းကော်ဖီအိတ်များ၊ သစ်သား သစ်ကုလားအုပ်အလှဆင်ပစ္စည်းများနှင့် အမှတ်တံဆိပ်သုံးပစ္စည်းများ ရောယှက်စီစဉ်ထားကာ လေထဲတွင် ကော်ဖီနံ့သင်းသင်းလေး ပျံ့နှံ့နေသည်။

David သည် "ရှန်းယွင်း Yunnique" ကော်ဖီအမှတ်တံဆိပ်၏ ပိုင်ရှင်ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် ဤနေရာ၏ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာကို မြင်တွေ့ခဲ့ကာ အကြိမ်ကြိမ် လေ့လာစုံစမ်းပြီးနောက် နောက်ဆုံးတွင် ကူမင်းမြို့တွင် အခြေချကာ ယူနန်ကော်ဖီလုပ်ငန်းနယ်ပယ်တွင် နက်ရှိုင်းစွာ လုပ်ကိုင်ခဲ့ရာ ယခုအခါ ဆယ့်ခုနစ်နှစ်မြောက် ဖြစ်ပြီဖြစ်သည်။

图片 1

လတ်ဆတ်သော အရသာကို ထိန်းသိမ်းရန် David သည် ကော်ဖီစေ့များကို ကြိတ်စက်ထဲသို့ လောင်းထည့်ကာ ကြိတ်ပြီးချက်ချင်း ဖျော်နေသည်ကို တွေ့ရစဉ်

လုပ်ငန်းနယ်ပယ်ကို သတ်မှတ်ခြင်း- တရုတ်ဈေးကွက်တွင် အတိုင်းမသိသော အခွင့်အလမ်းများဖြင့် ပြည့်နှက်နေခြင်း

"တရုတ်နိုင်ငံက အတိုင်းမသိတဲ့ အခွင့်အလမ်းတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။" ယူနန်ကော်ဖီနှင့် ဆက်စပ်မှုအကြောင်း ပြောဆိုရာတွင် David ၏ လေသံ စွဲမြဲကြံ့ခိုင်သည်။ လုပ်ငန်းနယ်ပယ် ဦးတည်ချက်များစွာအနက် သူသည် နောက်ဆုံးတွင် ကော်ဖီလုပ်ငန်းနယ်ပယ်ကို ခိုင်မာစွာ သတ်မှတ်ခဲ့ပြီး ယူနန်ဒေသခံကော်ဖီစေ့များကို တိကျစွာ ရွေးချယ်ခဲ့သည်။ အဓိကအကြောင်းအရင်းမှာ "လတ်ဆတ်မှု" ဟူသော စကားလုံးနှစ်လုံးပင် ဖြစ်သည်။

David ၏ အမြင်တွင် လတ်ဆတ်မှုသည် ကော်ဖီစေ့၏ အဓိကသက်ရှိစွမ်းအားဖြစ်သည်။ ထွက်ရှိရာဒေသသည် ဈေးကွက်နှင့် နီးလေလေ အရသာကို ပိုမိုပြည့်ဝစွာ ထိန်းသိမ်းနိုင်လေလေ ဖြစ်သည်၊ ဤလတ်ဆတ်မှုအပေါ် စွဲကိုင်မှုသည် ရှန်းယွင်းအမှတ်တံဆိပ်၏ အမြဲတစေ လိုက်နာသော အခြေခံအုတ်မြစ် ဖြစ်သည်။

图片 3

ရှန်းယွင်းအမှတ်တံဆိပ် ယူနန်ကော်ဖီစေ့ငယ်များတွင် အလယ်အလတ်အဆင့် မီးကင်ခြင်းနှင့် အပြင်းအထန် မီးကင်ခြင်းဟူ၍ ထုတ်ကုန်နှစ်မျိုး ပါဝင်ခြင်း

ယခုအခါ ရှန်းယွင်းသည် ရှင်းလင်းသော စက်မှုလုပ်ငန်းဖွဲ့စည်းပုံတစ်ခုကို တည်ဆောက်ထားပြီးဖြစ်သည်- မီးကင်အချောကိုင်စက်ရုံကို ဖူအော်မြို့တွင် ထားရှိပြီး အရင်းအမြစ်မှ မီးကင်အရသာကို ထိန်းချုပ်သည်၊ ကူမင်းရုံးချုပ်သည် အုပ်ချုပ်ရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် အရောင်းလုပ်ငန်းတာဝန်များကို ထမ်းဆောင်ကာ အချက်အချာအဖြစ် ယူနန်ကော်ဖီစေ့များကို တစ်နိုင်ငံလုံးသို့ ပို့ဆောင်သည်။ အမှတ်တံဆိပ်သည် အစပိုင်း စတူဒီယိုငယ်မှ ယခုအခါ တစ်နိုင်ငံလုံးကို ဖုံးလွှမ်းသော ထောက်ပံ့ရေးကွန်ရက်အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး David နှင့် သူ၏အဖွဲ့သည် ယူနန်ကော်ဖီလုပ်ငန်းနှင့်အတူ ကြီးထွားလာခဲ့ကြသည်။

David ၏ အမြင်တွင် ပြည်တွင်း ကော်ဖီယဉ်ကျေးမှု ပျံ့နှံ့လာခြင်းသည် လူသိနည်းသော အထူးတန်းဝင် အမှတ်တံဆိပ်များအတွက်လည်း အကျိုးအမြတ်များကို ပေးခဲ့သည်။ သူက ဦးဆောင်အမှတ်တံဆိပ်များသည် ဈေးကွက် အသိပညာပေးပြီးနောက် ပိုမိုများများလာသော စားသုံးသူများသည် ကော်ဖီကို သိရှိနားလည်ပြီး အရသာခွဲခြားတတ်သည်နှင့်အမျှ အရည်အသွေးကို အာရုံစိုက်သော အမှတ်တံဆိပ်များကို ပိုမိုကျယ်ပြန့်သော ကြီးထွားမှုနေရာ ရရှိစေသည်ဟု ဝန်ခံပြောကြားခဲ့သည်။ "ကျွန်တော်တို့ဟာ 'ကော်ဖီဆိုတာဘာလဲ' ဆိုတာ လူတွေကို ပြောပြဖို့ စွမ်းအင်အများကြီး မသုံးရတော့ပါဘူး၊ စားသုံးသူတွေက အသိပညာနဲ့အတူ လာကြတယ်၊ ကျွန်တော်တို့က ယူနန်ကော်ဖီရဲ့ အရသာကို ပြသပေးရုံပါပဲ။" ဟု သူကပြောခဲ့သည်။ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာသော ဈေးကွက်ပတ်ဝန်းကျင်သည် ရှန်းယွင်းအား ပိုများသော ကုန်ကျစရိတ်ကို ကော်ဖီစေ့၏ အရည်အသွေး ထိန်းသိမ်းရန် ပေးပြီး ဖြန့်ချိရေးတွင် မဟုတ်ဘဲ ဖြစ်စေခဲ့သည်။

နွေဦးမြို့တော်တွင် အခြေချခြင်း- အေးဆေးသော စည်းချက်ဖြင့် ဖွံ့ဖြိုးရေးအခြေခံအုတ်မြစ်ကို ခိုင်မာစေခြင်း

ကူမင်းကို အဘယ်ကြောင့် ရွေးချယ်ခဲ့သနည်း။ David ၏ အဖြေတွင် ရာသီဥတုသည် ပထမဆုံးအကြောင်းအရင်း ဖြစ်သည်။ "နွေဦးမြို့တော်ရဲ့ ရာသီဥတုက အရမ်းသက်တောင့်သက်သာရှိပါတယ်၊ လုပ်ငန်းလုပ်ကိုင်ရင်း သဘာဝနဲ့ နီးစပ်နိုင်ပြီး မူလအော်ဂဲနစ်အပင်များစွာကို တွေ့ရှိနိုင်ပါတယ်။" ဟု သူကပြောခဲ့သည်။

သူ့အမြင်တွင် ကူမင်းသည် သင့်လျော်သော နေထိုင်မှုအငွေ့အသက် ရှိရုံသာမက ကြီးထွားလာသော အမှတ်တံဆိပ်များအတွက် ခိုင်မာစွာ တည်ဆောက်နိုင်သော မြေကိုလည်း ပေးအပ်ထားသည်။ ယူနန်ကော်ဖီလုပ်ငန်း၏ စုစည်းဖြန့်ဖြူးရာ အချက်အချာအဖြစ် ဤနေရာသည် ဖူအော်၊ ပေါင်ဆန်း စသည့် အဓိကထွက်ရှိရာဒေသများနှင့် ကပ်လျက်တည်ရှိပြီး ကော်ဖီစေ့ဝယ်ယူခြင်း၊ သိုလှောင်လှည့်လည်ခြင်းနှင့် မီးကင်အချောကိုင်ခြင်း လုပ်ငန်းကွင်းဆက်လမ်းကြောင်းသည် အလွန်ချောမွေ့သဖြင့် လည်ပတ်မှုကုန်ကျစရိတ်ကို ထိရောက်စွာ ထိန်းချုပ်နိုင်သည်။ တစ်ချိန်တည်းမှာပင် ကျယ်ပြန့်အေးဆေးသော လုပ်ငန်းဖွင့်လှစ်ခြင်းပတ်ဝန်းကျင်သည် အမှတ်တံဆိပ်များအား ထုတ်ကုန်များကို ပြုပြင်တိုးတက်စေရန် လုံလောက်သောအချိန် ပေးအပ်ထားပြီး အလွန်မြန်ဆန်သော ဈေးကွက်စည်းချက်ဖြင့် တွန်းအားပေးခံရမည် မဟုတ်ပေ။ "ကျွန်တော်တို့ဟာ ပိုများတဲ့ စွမ်းအင်နဲ့ ငွေရင်းကို ကော်ဖီစေ့ရဲ့ အရည်အသွေးအပေါ်  မြှုပ်နှံနိုင်ပြီး အခြေခံကို တစ်ဆင့်ပြီးတစ်ဆင့် ခိုင်မာအောင် တည်ဆောက်နိုင်ပါတယ်" ဟု David က ဆိုသည်။

ထို့အပြင် ယူနန်ပြည်နယ်၏ မြို့တော်အဖြစ် ကူမင်းသည် တစ်နိုင်ငံလုံးသို့ ဖြာထွက်နိုင်သော ကုန်စည်ပို့ဆောင်ရေးနှင့် လမ်းကြောင်းအားသာချက်များလည်း ရှိသည်။ "ကျွန်တော်တို့ ကူမင်းမှာ အခြေချထားပေမယ့် ဈေးကွက်ကွန်ရက်ကတော့ တရုတ်တစ်နိုင်ငံလုံးကို ဖုံးလွှမ်းနေပါတယ်" ဟု David က ပြုံးလျက်ဆိုသည်။

图片 4

David သည် လက်ကိုင်တံအတွင်းရှိ ကော်ဖီမှုန့်ကို ညှိပြင်နေစဉ်

နယ်ပယ်ချဲ့ထွင်ခြင်း- ယူနန်ကော်ဖီသည် ကမ္ဘာသို့ သွားထိုက်ခြင်း

နှစ်များစွာ နက်ရှိုင်းစွာ လုပ်ကိုင်ခဲ့ပြီးနောက် ရှန်းယွင်း၏ အဓိကအချက်မှာ အထူးတန်းဝင် ယူနန်ကော်ဖီစေ့များပင် ဖြစ်သည်။ ယခုအခါ David ၏ လုပ်ငန်းနယ်ပယ်သည် တည်ငြိမ်စွာ ကျယ်ပြန့်လာနေသည်။

ဈေးတန်း၏ လုပ်ငန်းခုံပေါ်တွင် စက္ကူကြမ်းဖြင့် ထုပ်ပိုးထားသော ကော်ဖီစေ့အိတ်များအပြင် နို့ရည်၊ ရေခဲတုံးနှင့် ဖျော်ရည်ပစ္စည်းကိရိယာအမျိုးမျိုးလည်း ထားရှိထားသည်။ ရှန်းယွင်းသည် သန့်စင်သော ကော်ဖီစေ့ ထောက်ပံ့ရေးမှ ကော်ဖီဖျော်ရည်လုပ်ငန်းနယ်ပယ်သို့ တိုးချဲ့လာနေသည်။ "ရှေ့ဆက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ ဖျော်ရည်လုပ်ငန်းကို ဆက်လက်ချဲ့ထွင်သွားမှာဖြစ်သလို၊ ပြည်နယ်ပြင်ပက မြို့တွေမှာလည်း အတွေ့အကြုံနေရာတွေကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။" အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း ပြောဆိုရာတွင် David ၏ အတွေးအခေါ်သည် ရှင်းလင်းပြီး ခိုင်မာသည်။

图片 5

David သည် ကြိတ်စက်ဖြင့် ကော်ဖီစေ့များကို ကြိတ်ခွဲ၍ ဆိုင်ခန်းတွင် အထူးအချိုပွဲများနှင့် ဖျော်ရည်များကိုလည်း ရောင်းချနေစဉ်

လုပ်ငန်း မည်သို့ပင် တိုးချဲ့လာသည်ဖြစ်စေ ယူနန်ကော်ဖီအပေါ်ထားရှိသည့် သူ့ယုံကြည်မှုမှာ လုံးဝမယိမ်းယိုင်ခဲ့ပေ။ "ကျွန်တော်ဟာ ကိုယ်ပိုင်ကြိုက်နှစ်သက်မှု ရှိတယ်ဆိုပေမယ့် ယူနန်ကော်ဖီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကော်ဖီတွေထဲက တစ်ခုလို့ ကျွန်တော် အမြဲတမ်း ထင်မြင်ပါတယ်။" ဤစကားကို ပြောနေစဉ် သူသည် ခေါင်းကိုင်းကာ ကော်ဖီမှုန့်ကို ဖိနေပြီး လက်ကိုင်တံကို လက်ထဲတွင် တည်ငြိမ်စွာ တစ်ဝက်ခန့် လှည့်ကာ ပြုမူဆောင်ရွက်မှုမှာ ကျွမ်းကျင်ပြီး အေးဆေးသည်။

ဈေးတန်းတွင် လူများ အသွားအလာ များပြားနေပြီး အချို့က ရပ်တန့်ကာ လတ်လတ်ဆတ်ဆတ် ကြိတ်ထားသော ကော်ဖီတစ်ခွက် မှာယူကြသည်၊ အချို့က ကော်ဖီအိတ်များကို ကောက်ယူကာ ထွက်ရှိရာဒေသ အချက်အလက်များကို ကြည့်ရှုကြသည်။ David သည် ဖောက်သည်တိုင်းကို ပြုံးရွှင်စွာ နှုတ်ဆက်ပြီး ထွက်ရှိရာဒေသအသီးသီး၏ အရသာကွဲပြားမှုများကို မိတ်ဆက်ပေးသည်။

ဇမ်ဘီယာမှ ကူမင်းသို့၊ ဖူအော်၏ မီးကင်စက်ရုံမှ တစ်နိုင်ငံလုံး စားသုံးသူများ၏ ခွက်ထဲသို့ ဤတောင်တန်းနှင့် ပင်လယ်ကို ဖြတ်ကျော်သော ကြံ့ကြံ့ခိုင် ကာကွယ်စောင့်ထိန်းခြင်းသည် ယူနန်ကော်ဖီစေ့တစ်လုံးအား ကမ္ဘာနှင့် ချိတ်ဆက်နိုင်သော စွမ်းအားကို ရရှိစေခဲ့သည်။ ကော်ဖီကို တံတားအဖြစ်၊ ရနံ့ဖြင့် မိုင်ထောင်ပေါင်းများစွာ ချိတ်ဆက်ကာ "တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း" ဟူသော လှပသည့် ရည်မှန်းချက်သည် စိတ်ရင်းမှန်ဖြင့် ထုတ်ယူထားသော စစ်မှန်ကောင်းမွန်သော အရသာရှိသည့် ကော်ဖီခွက်တိုင်းထဲတွင် ဝှက်ထားလျက်ရှိသည်။

编者按:

“花语通山海 咖香连丝路” 南亚东南亚国际传播活动正持续开展。作为活动四大核心板块之一,“咖香滇池 味连全球”中国春城·世界咖啡嘉年华国际传播活动立足昆明区位优势与云南咖啡产业根基,以咖为媒联通内外,搭建起产业协作与人文交流的国际平台。

从边陲产区的种植基地到全球专业赛事舞台,从城市街巷的咖啡馆到标准化烘焙工厂,云南咖啡的精品化升级进程中,始终活跃着国际咖啡主理人的身影。他们跨越山海扎根春城,串联起产业链上下游与海内外市场资源,亲历并推动云咖从大宗原料向精品标杆的蝶变,既是云咖出海的推动者,也是中外文化交融的民间纽带。

本网推出咖啡主理人访谈系列报道,聚焦深耕春城的国际咖啡从业者,以他们的创业实践与行业观察,具象呈现云南咖啡产业升级轨迹,折射昆明开放包容的城市气质与对外传播活力。

图片 2

昆明滇池畔的户外咖啡集市上,橙白相间的复古咖啡车静静停靠,一顶遮阳伞在车旁撑开半片阴凉。来自赞比亚的咖啡主理人大卫戴着水洗牛仔帽,俯身站在操作台后,正将咖啡豆缓缓倒入磨豆机。磨盘转动的嗡鸣混着市集人声,台面上牛皮纸咖啡袋、木质长颈鹿摆件与品牌器具错落排布,空气里漫开淡淡的咖啡焦香。

大卫是“山韵Yunnique”咖啡品牌的主理人。2001年第一次踏上中国的土地后,他便看准了这里的发展潜力,几经考察最终落脚昆明,深耕云南咖啡赛道,一晃已是第十七个年头。

图片 1

大卫将咖啡豆倒入磨豆机,现磨现做保留新鲜口感。记者谭石艳/摄

锚定赛道:中国市场充满无限机遇

“中国是一个充满无限机遇的国家。”谈及与云南咖啡的结缘,大卫语气坚定。在众多行业方向中,他最终锚定咖啡赛道,且精准选择了云南本土咖啡豆,核心原因就在于“新鲜”二字。

在大卫看来,新鲜是咖啡豆的核心生命力。产地离市场越近,风味保留得越完整,这份对新鲜度的坚持,是山韵品牌一以贯之的立身之本。

图片 3

山韵品牌云南小粒咖啡豆,涵盖中度、重度烘焙两款产品。记者薛柔/摄

如今的山韵已形成清晰的产业布局:烘焙加工厂设在普洱,从源头把控烘焙风味;昆明总部承担行政、物流与销售职能,作为枢纽把云南咖啡豆发往全国。品牌从最初的小工作室,发展到如今覆盖全国的供应网络,大卫和他的团队,也跟着云南咖啡产业一同成长。

在大卫眼中,国内咖啡文化的普及,也为小众精品品牌带来了红利。他坦言,头部品牌完成了市场科普,当越来越多的消费者认识咖啡、懂得品鉴,专注品质的品牌便有了更广阔的生长空间。“我们不用再花大量精力告诉大家‘咖啡是什么’,消费者带着认知而来,我们只需要把云南咖啡的好风味呈现出来就够了。” 日益成熟的市场环境,让山韵能把更多成本投入到咖啡豆品质本身,而非营销造势上。

落脚春城:从容节奏厚植发展土壤

为什么选择昆明?大卫的答案里,气候是排在第一位的理由。“春城的天气太舒服了,一边经营事业,一边能亲近自然,接触到许多原生的有机植物。”

在他眼中,昆明不仅有宜人的生活氛围,更给了成长型品牌稳扎稳打的土壤。作为云南咖啡产业的集散枢纽,这里紧邻普洱、保山等核心产区,生豆采购、仓储周转与烘焙加工的产业链路十分顺畅,能有效控制运营成本;同时宽松从容的创业环境,也让品牌有充足的时间打磨产品,不用被过快的市场节奏推着走。“我们可以把更多精力和资金投入到咖啡豆品质本身,一步步把基础打扎实。”大卫说。

此外,作为云南省会,昆明还具备辐射全国的物流与渠道优势。“虽然我们扎根在昆明,但市场网络遍及中国。”大卫笑着说。

图片 4

大卫平整手柄内的咖啡粉。记者谭石艳/摄

拓宽版图:云南咖啡值得走向世界

深耕多年,山韵的核心始终是精品云南咖啡豆。而现在,大卫的业务版图正在稳步拓宽。

集市的操作台上,除了一包包牛皮纸封装的咖啡豆,还摆着牛乳、冰块与各式饮品器具。山韵正从纯咖啡豆供应,向咖啡饮品赛道延伸。“接下来我们会继续壮大饮品板块,在省外更多城市布局体验点。”谈及未来发展,大卫的思路清晰而笃定。

图片 5

大卫启动磨豆机研磨咖啡豆,摊位同步售卖特色甜品饮品。记者谭石艳/摄 

无论业务如何拓展,他对云南咖啡的信心从未改变。“诚然我带有个人偏好,但我始终认为,云南咖啡是全球最优质的咖啡之一。”说这句话时,他正低头压粉,手柄在手里沉稳地转了半圈,动作熟练而从容。

集市人来人往,有人停下来点一杯现磨咖啡,有人拿起咖啡袋翻看产区信息。大卫会笑着和每一位客人打招呼,介绍不同产区的风味差异。

从赞比亚到昆明,从普洱的烘焙车间到全国消费者的杯中,这份跨越山海的坚守,让一粒云南咖啡豆拥有了联通世界的力量。以咖为桥,香连万里,“咖香滇池 味连全球”的美好愿景,就藏在每一杯用心萃取出的醇厚风味里。(昆明信息港 记者谭石艳 薛柔)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်