ကမ္ဘာက ယူနန်ကော်ဖီကို မြင်တွေ့စေရန် မန့်လောင်ကျန်းကော်ဖီ CEO Mark ၏ "ယူနန်ကော်ဖီ ပြည်ပသို့တင်ပို့ရေး မှတ်တမ်း"

2026-11-11 09:28|ရောင်စုံတိမ်တံတား

အယ်ဒီတာ၏ မှတ်ချက်-

"ပန်းရနံ့ဖြင့် တောင်တန်းနှင့် ပင်လယ်များကို ဆက်သွယ်ပြီး ကော်ဖီရနံ့ဖြင့် ပိုးလမ်းမကြီးကို ချိတ်ဆက်ခြင်း" တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာဖြန့်ချိရေး လှုပ်ရှားမှုများကို ဆက်လက်ကျင်းပလျက်ရှိသည်။ လှုပ်ရှားမှု၏ အဓိကကဏ္ဍကြီး လေးခုအနက် တစ်ခုဖြစ်သော "တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း" တရုတ်နွေဦးမြို့တော် ကမ္ဘာ့ကော်ဖီပွဲတော် နိုင်ငံတကာဖြန့်ချိရေး လှုပ်ရှားမှုသည် ကူမင်းမြို့၏ ပထဝီဝင်တည်နေရာ အားသာချက်နှင့် ယူနန်ကော်ဖီလုပ်ငန်း၏ အခြေခံအုတ်မြစ်ကို အခြေခံ၍ ကော်ဖီကို ကြားခံအဖြစ်ထားရှိကာ ပြည်တွင်းပြည်ပကို ချိတ်ဆက်ကာ စက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုယဉ်ကျေးမှုဖလှယ်ရေးအတွက် နိုင်ငံတကာပလက်ဖောင်းတစ်ခုကို တည်ဆောက်ပေးလျက်ရှိသည်။

နယ်စပ်ဒေသရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး အခြေခြံစခန်းများမှ ကမ္ဘာ့ပရော်ဖက်ရှင်နယ် ပြိုင်ပွဲစင်မြင့်အထိ၊ မြို့တွင်းလမ်းကြီးလမ်းငယ်များရှိ ကော်ဖီဆိုင်များမှ စံနှုန်းမီ ကော်ဖီလှော်စက်ရုံများအထိ ယူနန်ကော်ဖီ၏ အထူးတန်းဝင် အဆင့်မြှင့်တင်မှု လုပ်ငန်းစဉ်တွင် နိုင်ငံတကာ ကော်ဖီဆိုင်ပိုင်ရှင်များ၏ အရိပ်အယောင်ကို အမြဲတမ်း တွေ့မြင်နိုင်ပါသည်။ သူတို့သည် တောင်တန်းနှင့် ပင်လယ်များကို ဖြတ်ကျော်ကာ နွေဦးမြို့တော်တွင် အမြစ်တွယ်နေထိုင်ပြီး စက်မှုလုပ်ငန်းကွင်းဆက်၏ အထက်ပိုင်းနှင့် အောက်ပိုင်းနှင့် ပြည်တွင်းပြည်ပ ဈေးကွက်အရင်းအမြစ်များကို ချိတ်ဆက်ပေးကာ ယူနန်ကော်ဖီသည် အစုလိုက်အပြုံလိုက် ကုန်ကြမ်းမှ အထူးတန်းဝင် စံပြအဖြစ်သို့ ပြောင်းလဲသွားသည့် ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခံစားပြီး တွန်းအားပေးခဲ့ကြသည်။ သူတို့သည် ယူနန်ကော်ဖီ ပြည်ပသို့တင်ပို့ရေး၏ တွန်းအားပေးသူများ ဖြစ်ရုံသာမက တရုတ်ပြည်နှင့်နိုင်ငံခြားတိုင်းပြည် ယဉ်ကျေးမှုရောနှောပေါင်းစပ်မှု၏ ပြည်သူ့အဆင့် ပေါင်းကူးတံတားလည်း ဖြစ်ပါသည်။

ယနေ့မှစ၍ ဤဝက်ဘ်ဆိုက်သည် ကော်ဖီဆိုင်ပိုင်ရှင်များရှိ အင်တာဗျူး သတင်းစဉ်များကို စတင်ထုတ်ဝေသွားမည်ဖြစ်ပြီး နွေဦးမြို့တော်တွင် နက်ရှိုင်းစွာ လုပ်ကိုင်နေသော နိုင်ငံတကာ ကော်ဖီလုပ်ငန်းလုပ်ကိုင်သူများကို အာရုံစိုက်ကာ သူတို့၏ လုပ်ငန်းစတင်တည်ထောင်ခြင်း လက်တွေ့ဆောင်ရွက်မှုနှင့် လုပ်ငန်းနယ်ပယ် ကြည့်ရှုအကဲခတ်မှုများဖြင့် ယူနန်ကော်ဖီလုပ်ငန်း အဆင့်မြှင့်တင်မှု လမ်းကြောင်းကို အသေးစိတ်ပြသကာ ကူမင်းမြို့၏ ဖွင့်လှစ်သည်းခံနိုင်မှုရှိသော မြို့တော်စရိုက်နှင့် ပြင်ပသို့ဖြန့်ချိရေး တက်ကြွမှုကို ထင်ဟပ်စေသွားမည်ဖြစ်သည်။

图片 1

 စိမ်းလန်းသော ကျင်ဘိဥယျာဉ်၌ မန့်လောင်ကျန်း ကော်ဖီဆိုင်တွင် မန့်လောင်ကျန်းကော်ဖီ CEO Mark Respinger သည် Pour-over ကော်ဖီအား ဖျော်နေသည်။ Gooseneck Kettle ၏ နှုတ်သီးရှည်ကို ဖြည်းညင်းစွာ စောင်းချစေပြီး ရေနွေးသည် ကော်ဖီမှုန့်အပေါ်သို့ ညီညာစွာ လောင်းသွားကာ သေးငယ်သိပ်သည်းသော အမြှုပ်များ တဖြည်းဖြည်း ဖောင်းတက်လာပြီး သင်းသင်းလေးသောအခွံမာသီးရနံ့သည် လေထဲတွင် ဖြည်းညင်းစွာ ပျံ့နှံ့သွားသည်။

"ကူမင်းမြို့ဟာ ယူနန်ကော်ဖီရဲ့ ဗဟိုဖြစ်ပြီး ယူနန်ဟာ တရုတ်ကော်ဖီရဲ့ ဗဟိုဖြစ်တယ်။ တရုတ်နိုင်ငံရှိ ၉၇ ရာခိုင်နှုန်းကျော်တဲ့ကော်ဖီဟာ ယူနန်ပြည်ယ်ကနေ ထွက်ရှိတာပါ။ ကျွန်တော်တို့အတွက် ဒီနေရာက သဘောကျတဲ့နေရာပါပဲ"ဟု  Mark သည် ညီညာပျံ့ပျူးသောကော်ဖီမှုန့်အလွှာကို ကြည့်ရင်း ခိုင်မာသောလေသံဖြင့် ပြောသည်။ 

图片 3

Mark သည်  Pour-over ကော်ဖီကို ဖျော်နေသည်။ 

ဩစတြေးလျနိုင်ငံသား Mark Respinger သည် ကူမင်းမြို့တွင် နှစ်များစွာ နေထိုင်ခဲ့သည်။ သူ၏ ကော်ဖီလှော်စက်ရုံကို ကူမင်း ၈၇၁ ယဉ်ကျေးမှုဖန်တီးမှုလုပ်ငန်းဇုန်တွင် တည်ရှိပြီး ယူနန်အထူးတန်းဝင်ကော်ဖီ အမှတ်တံဆိပ်ဖြစ်သည့် မန့်လောင်ကျန်းကော်ဖီကို ဖန်တီးခဲ့ပြီဖြစ်သည်။ ဤနှစ်များအတွင်း သူသည် ယူနန်ကော်ဖီစေ့တစ်စေ့ချင်းစီကို တစ်နိုင်ငံလုံးသို့ ရောင်းချခဲ့ပြီး ပြည်ပသို့လည်း ရောင်းချခဲ့သည်။

"အခြားသူတွေ အပန်းဖြေစရာနေရာမှာ နေထိုင်ပါတယ်"

ကူမင်းမြို့ကို အဘယ်ကြောင့် ရွေးချယ်ခဲ့သနည်းဟု Mark အား မေးသည့်အခါ "ဘဝနဲ့အလုပ်အကိုင် နှစ်ခုစလုံးကို ဒီနေရာမှာ ကောင်းမွန်စွာထားနိုင်တယ်"ဟု Mark သည် တိုက်ရိုက်ဖြေသည်။ 

"ကူမင်းမြို့ရဲ့ ကောင်းမှုက ဘက်ပေါင်းစုံပါပဲ။ ရာသီဥတု ကောင်းတယ်၊ အစားအသောက် ကောင်းတယ်၊ လူတွေလည်း ခင်မင်တယ်၊ စီးပွားရေးပတ်ဝန်းကျင်လည်း ရင့်ကျက်တယ်။" Mark သည် ကူမင်းမြို့အား "အပန်းဖြေမြို့"ဟု ခေါ်ဆိုသည်၊ အကြောင်းပြချက်လည်း အလွန်လွယ်သည်။ "တခြားသူတွေ အားလပ်ရက်မှာ အထူးလာတဲ့နေရာမှာ နေထိုင်နေရတယ်ဆိုရင်၊ ကိုယ် ရွေးချယ်မှု မှန်ကန်ခဲ့တယ်ဆိုတာ သိနိုင်ပါတယ်။"

ဤအားလပ်ရက်ခံစားမှုကဲ့သို့ သက်တောင့်သက်သာရှိမှုသည် သူ၏နေ့စဉ်ဘဝထဲတွင် ပေါင်းစပ်ပါဝင်နေသည်။ အိမ်သည် ရေတံခွန်ဥယျာဉ်အနားတွင် တည်ရှိပြီး မနက်ခင်း ပြတင်းပေါက်ဖွင့်လိုက်သည်နှင့် စိမ်းလန်းသောသစ်ပင်များနှင့် ရေရှုခင်းများကို မြင်ရသည်။ ကော်ဖီဆိုင်ကို ကျင်ဘိဥယျာဉ်တွင် တည်ရှိပြီး ဆူညံမှုအကြားတွင် တိတ်ဆိတ်အေးချမ်းမှုကို ရှာတွေ့နိုင်သည်။ ကော်ဖီလှော်စက်ရုံကို ၈၇၁ ယဉ်ကျေးမှု ဖန်တီးမှုလုပ်ငန်းဇုန်တွင် တည်ရှိပြီး စက်ရုံဟောင်းဖြင့်  ပြုပြင်လာသောဆိုင်တွင် လသာဆောင်သည် ကျယ်ဝန်းပြီး ဧည့်သည်များသည် ထိုင်ပြီး ဖြည်းညင်းစွာ သောက်နိုင်သည်။

ဘဝသာယာအဆင်ပြေမှုခြင်းသည် Mark က ကူမင်းမြို့မှာ နေထိုင်သည့်အကောင်းရင်းတစ်ခုဖြစ်သည် ပိုအရေးကြီးတဲ့ အကြောင်းရင်းတစ်ခုသည် ကူမင်းမြို့ နောက်ကွက်ရှိ စက်မှုလုပ်ငန်းအကောင်းမှု ဖြစ်သည်။ "အထူးတန်းဝင်ကော်ဖီကို လုပ်ကိုင်ရာမှာ ထုတ်လုပ်ရေးဒေသနှင့် နီးခြင်းဟာ အကြီးမားဆုံး အားသာချက်ပဲ" ဟု Mark က ပြောသည်။ ၎င်းသည် သူ၏အလုပ်အကိုင် အာရုံစိုက်မှုကို ကူမင်းမြို့တွင် ထားရှိသောအခြေခံအကြောင်းရင်း ဖြစ်သည်။

图片 2

Mark သည် နေ့စဉ်အလုပ်အား လုပ်ဆောင်နေသည်။ 

"ကမ္ဘာက ယူနန်ကော်ဖီကို သိမြင်လာစေဖို့ပါပဲ"

မန့်လောင်ကျန်းကော်ဖီသည် ပြင်ပမှ ဝင်ရောက်လာသော အမှတ်တံဆိပ်မဟုတ်ဘဲ ယူနန်ပြည်နယ် ဒေသခံကော်ဖီအမှတ်တံဆိပ်တစ်ခု ဖြစ်သည်ကို လူအများစုက မသိကြပေ။ တိုင်းလူမျိုးဘာသာစကားတွင် "မန့်လောင်ကျန်း" ၏အဓိပ္ပာယ်သည် "ရေအရသာချိုမြိန်သောမြစ်" ဖြစ်သည်။ မြစ်ဝှမ်းဒေသ၏ ရာသီဥတုမှာ နွေးထွေးစိုစွတ်ပြီး မြေဆီလွှာလည်း မြေဩဇာကောင်းမွန်သဖြင့် အရည်အသွေးကောင်းမွန်သော ကော်ဖီများကို ဖြစ်ထွန်းစေသကဲ့သို့ ဒေသခံပြည်သူများ၏ လူမှုဘဝကိုလည်း ရှင်သန်ဖွံ့ဖြိုးစေပါသည်။

၂၀ ရာစု ၉၀ ပြည့်လွန်နှစ်များတွင် အိမ်ရွှေ့ပြောင်းလာသော လယ်သမားအိမ်ထောင်စုတစ်စုသည် ဤနေရာတွင် အခြေချနေထိုင်ခဲ့ကြပြီး ကော်ဖီသည် ဒေသခံ၏ အဓိကစီးပွားရေးလုပ်ငန်း တဖြည်းဖြည်း ဖြစ်လာခဲ့သည်။ ထူးခြားကောင်းမွန်သော ထုတ်လုပ်ရေးဒေသ၏ အခြေခံအားကိုးရာကို မှီခို၍ မန့်လောင်ကျန်းကော်ဖီသည် လယ်ကွင်းများမှ စတင်ကာ အဆင့်ဆင့် ကြိုးပမ်းဖွံ့ဖြိုးလာခဲ့ပြီး ရင့်ကျက်ပြည့်စုံသော ကော်ဖီလုပ်ငန်းစနစ်တစ်ခုကို တဖြည်းဖြည်း တည်ဆောက်ခဲ့ပြီဖြစ်သည်။

图片 5

မန့်လောင်ကျန်း ကော်ဖီဆိုင် ဖြစ်သည်။

"မန့်လောင်ကျန်းက အစောဆုံးတည်ထောင်ခဲ့တဲ့ ယူနန်ဒေသခံကော်ဖီအမှတ်တံဆိပ်တွေထဲကတစ်ခုပါ။" Mark သည် ကုမ္ပဏီသို့ ဝင်ရောက်ချိန် အလွန်နောက်ကျခဲ့သည်။ "ဒီကုမ္ပဏီက လယ်ယာစိုက်ပျိုးခြံက စတင်ခဲ့ပြီး နောက်ပိုင်းမှာ ကော်ဖီလှော်စက်ရုံ ရှိလာကာ ယနေ့မှာ ကော်ဖီဆိုင်တွေအထိ ဖွင့်လှစ်လာပြီး ပြည့်စုံသော ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံးကို တည်ဆောက်ခဲ့သည်။

စက်မှုကွင်းဆက်တစ်ခုလုံး ပြည့်စုံလာလာခြင်းကြောင့် ယူနန်ကော်ဖီသည်လည်း ပြည်ပသို့တင်ပို့နိုင်သည့် ယုံကြည်မှုကို ရရှိလာခဲ့သည်။ အမေရိကန် အစားအသောက်ဆိုင်ရာ စာရေးဆရာ Florence Fabricant သည် The New York Times ၌ မန့်လောင်ကျန်းကော်ဖီထဲတွင် "ပြည့်ဝသော အနှစ်သာရနှင့် နှစ်သက်ဖွယ်ကောင်းသော အနက်ရောင်ချောကလက်အနံ့အရသာ" ရှိသည်ဟု ရေးသားဖော်ပြခဲ့ဖူးသည်။ ၂၀၁၂ ခုနှစ်တွင် မန့်လောင်ကျန်းကော်ဖီစေ့များသည် World Barista Championship အသုံးပြုကော်ဖီစေ့စာရင်းတွင် ရွေးချယ်ခံခဲ့ရပြီး နိုင်ငံတကာ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲသို့ စောစီးစွာ ရောက်ရှိခဲ့သော ယူနန်ကော်ဖီများထဲတွင် တစ်ခုဖြစ်သည်။

图片 4

The New York Times တွင် ဖော်ပြထားသည့် သတင်းဆောင်းပါး၏ မျက်နှာပြင်ဓာတ်ပုံ ဖြစ်သည်။

"ကျွန်တော်တို့ ဒီအလုပ်ကို လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်က အလွန်ရိုးရှင်းပါတယ်။ ကမ္ဘာက ယူနန်ကော်ဖီကို သိမြင်လာစေဖို့ပါပဲ" ဟု Mark က ပြောကြားခဲ့သည်။ ယခင်က ပြင်ပလောကသည် ယူနန်ကော်ဖီအကြောင်း နားလည်မှု မများလှပေ။ ထို့ကြောင့် သူနှင့် အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ ပရော်ဖက်ရှင်နယ် ကော်ဖီပြိုင်ပွဲများနှင့် လုပ်ငန်းနယ်ပယ် ဖလှယ်ရေးများတွင် နှစ်ပေါင်းများစွာ အစဉ်တစိုက် ပါဝင်ဆောင်ရွက်ခဲ့ကြ၍ လက်တွေ့ကျသည့် အရည်အသွေးများဖြင့် ယူနန်ကော်ဖီသည် အထူးတန်းဝင်စွမ်းရည် အပြည့်အဝရှိပြီး နိုင်ငံတကာ အထူးတန်းဝင်ကော်ဖီနယ်ပယ်တွင် ခိုင်မာစွာ ရပ်တည်နိုင်ကာ နေရာတစ်နေရာ ရရှိနိုင်သည်ကို သက်သေပြရန်ဖြစ်သည်။

"ကော်ဖီစိုက်ပျိုးတောင်သူတွေရဲ့ တိုးတက်ပြောင်းလဲလာမှုကို ကျွန်တော် သိသိသာသာ ခံစားမိပါတယ်"

ကော်ဖီလုပ်ငန်းတွင် နှစ်များစွာ လုပ်ကိုင်ခဲ့ပြီးနောက် Mark သည် ယူနန်ကော်ဖီ၏ အသွင်အပြင် ပြောင်းလဲလာသည်ကို မြင်တွေ့ခဲ့ရသည်။

"ကျွန်တော် ယူနန်ကော်ဖီကို စထိတွေ့တုန်းက ခုလိုမျိုး လုံးဝမဟုတ်ဘူး။" သူက ပြန်ပြောင်းပြောပြဆိုသည်မှာ ယခင်နှစ်များတွင် ယူနန်ကော်ဖီအများစုကို အစုလိုက်အပြုံလိုက် ကုန်ကြမ်းအဖြစ် ဈေးနှုန်းနိမ့်စွာ တင်ပို့ရောင်းချခဲ့သည်။ "ဟိုတုန်းက ပြင်ပလောကက ယူနန်ကော်ဖီကို ဈေးပေါတဲ့ ကုန်ကြမ်းလို့ပဲ မြင်ကြတယ်။ အထူးတန်းဝင်ကော်ဖီနဲ့ ဆက်စပ်ပြီး တွေးမိမယ့်သူ မရှိဘူး။"

အပြောင်းအလဲသည် အလွန်လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ယူနန်ကော်ဖီ၏ စိုက်ပျိုးဧရိယာ၊ ကော်ဖီစိမ်းထုတ်လုပ်မှုပမာဏနှင့် လယ်ယာစိုက်ပျိုးရေးတန်ဖိုး ဟူသော ညွှန်ကိန်းသုံးရပ်စလုံးသည် တစ်နိုင်ငံလုံး ပထမအဆင့်တွင် ရပ်တည်ခဲ့ပြီး ထုတ်ကုန်များကို နိုင်ငံနှင့် ဒေသ ၄၃ ခုသို့ တင်ပို့ရောင်းချခဲ့သည်။ ကော်ဖီစိမ်း အရည်အသွေးကောင်းနှုန်းသည် ၂၀၂၁ ခုနှစ်၏ ၈ ရာခိုင်နှုန်းမှ ၄၁.၇ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ပြီး အနက်ရှိုင်းစွာ ပြုပြင်ထုတ်လုပ်မှုနှုန်းသည် ၂၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့သည်။

图片 6

Mark သည် မန့်လောင်ကျန်း ကော်ဖီဆိုင်တွင် အင်တာဗျူး လက်ခံခဲ့သည်။ 

ဤကိန်းဂဏန်းများ၏ နောက်ကွယ်တွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးဒေသ၏ အမှန်တကယ် အပြောင်းအလဲများကို ဖော်ပြသည်။ "အခု ယူနန်ကော်ဖီဟာ မျိုးကွဲတစ်မျိုးတည်းကိုသာ စိုက်ပျိုးပြီး ရိုးရာနည်းစနစ်တွေနဲ့ပဲ ထုတ်လုပ်နေတဲ့ အရင်ကအခြေအနေမျိုး မဟုတ်တော့ပါဘူး" ဟူ၍ Mark က ပြောဆိုခဲ့သည်။ ဒေသခံများသည် ကော်ဖီမျိုးကွဲ ၂၂ မျိုးကို ကိုယ်တိုင် ရွေးချယ်မျိုးပွားခဲ့ပြီး Typica၊ Typica နှင့် Geisha ကော်ဖီမျိုးများကို စိုက်ပျိုးလျက်ရှိကာ ပျားရည်ပြုပြင်နည်း၊ အောက်ဆီဂျင်မဲ့ အချဉ်ဖောက်နည်း ကဲ့သို့သော ထုတ်လုပ်မှုနည်းပညာအသစ်များလည်း ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာကြပြီး ကော်ဖီစေ့များ၏ အနံ့အရသာသည် ယခင်ကထက် ပိုမိုကြွယ်ဝလာခဲ့သည်။

သူ့ကို အထူးတလည် စိတ်လှုပ်ရှားစေသည့်အရာမှာ ကော်ဖီစိုက်ပျိုးတောင်သူများ ဖြစ်သည်။ "ကော်ဖီစိုက်ပျိုးတောင်သူတွေရဲ့ တိုးတက်ပြောင်းလဲလာမှုကို ကျွန်တော် သိသိသာသာ ခံစားမိပါတယ်" ဟူ၍ Mark က ပြောဆိုခဲ့သည်။ မျိုးဆက်သစ် လူငယ်ကော်ဖီစိုက်တောင်သူများသည် ဇာတိရပ်ရွာသို့ ပြန်လာကြပြီး မြေကို သိရှိနားလည်ကြကာ နည်းပညာကိုလည်း ကျွမ်းကျင်ကြသည်။ "အခုဆိုရင် ယူနန်ရဲ့ အဝေးဆုံး လယ်ယာစိုက်ပျိုးခင်းကို သွားရောက်ရင်တောင် အရည်အသွေးအလွန်ထူးခြားကောင်းမွန်တဲ့ ကော်ဖီကို သောက်နိုင်တယ်။ ဒါက အရင်တုန်းက စိတ်ကူးရဖို့တောင် ခက်တယ်။"

နိုင်ငံတကာ ကော်ဖီလုပ်ငန်းလုပ်ဖော်ကိုင်ဖက်များလည်း ယူနန်ကော်ဖီအား သောက်ကြည့်၍ ဤကဲ့သို့ အပြောင်းအလဲကို သိရှိနိုင်ကြသည်။ ဘာစီလိုနာမြို့ရှိ Nomad Coffee ၏ ပူးတွဲတည်ထောင်သူ Francisco Gonzales သည် မျက်စိမှိတ်အရသာစမ်းသပ်မှုတစ်ခါတွင် စားပွဲပေါ်ရှိ အကောင်းဆုံးကော်ဖီသည် ယူနန်မှ ထွက်သည်ဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး ၎င်း၏ အနံ့အရသာသည် "ပန်းသီးစိမ်း၊ ကြံနှင့် စွန်ပလွံသီး" ကို သူ့အား အမှတ်ရစေခဲ့သည်။ Mark ၏ အမြင်တွင် အမျိုးအစား ပိုများလာပြီး ထုတ်လုပ်မှုနည်းပညာလည်း ပိုဆန်းသစ်တီထွင်လာသည်နှင့်အမျှ ယူနန်ကော်ဖီသည် ကော်ဖီလှော်သမားအတွက် ထူးခြားသောကော်ဖီအနံ့အရသာများ ရှာဖွေသော "‌ရွှေးချယ်မှုအသစ်" ဖြစ်လာနေသည်။

ပြည်တွင်းဈေးကွက်၏ တိုးတက်လာမှုသည်လည်း ကော်ဖီလုပ်ငန်းကဏ္ဍအတွက် ယုံကြည်မှု ပိုမိုပေးခဲ့သည်။ "ယူနန်မှာ အရည်အသွေးမြင့် အထူးတန်းဝင်ကော်ဖီတွေ အများအပြား ထုတ်လုပ်လာတယ်၊ တရုတ်ပြည်တွင်းမှာလည်း အထူးတန်းဝင်ကော်ဖီအတွက် ဝယ်လိုအားက အလွန်အားကောင်းပါတယ်။ ယူနန်ကော်ဖီကို တရုတ်ပြည်သူလက်ထဲ ကိုင်ဆောင်စေတဲ့ အခွင့်အရေး ကျွန်တော်တို့မှာ ရှိပါတယ်။ ဒါက ကျွန်တော်တို့ လုပ်သင့်တဲ့အရာလို့ ကျွန်တော်ထင်ပါတယ်။ ဒါက ဒေသထွက်ကော်ဖီပါ။ ကျွန်တော်တို့ ထုတ်လုပ်ပြီး တရုတ်စားသုံးသူတွေကို သောက်သုံးစေပါတယ်။ အဲဒါက ကော်ဖီရဲ့ခရီးအတွက် အကောင်းဆုံးသက်သေပါပဲ" ဟု Mark က ပြောသည်။ 

"တရုတ်ပြည်မှာ ဆန်းသစ်တီထွင်မှု မလုပ်ရင် ရပ်တည်လို့ မရဘူး"

တရုတ်နှင့် နိုင်ငံခြား ကော်ဖီဈေးကွက်များအကြား နှစ်ပေါင်းများစွာ သွားလာနေရသော Mark သည် တရုတ်စားသုံးသူများ၏ လက္ခဏာများကို အလွန်သိရှိနားလည်သည်။

"အီတလီယဉ်ကျေးမှုက ဩစတြေးလျကော်ဖီကို နက်ရှိုင်းစွာ ထိခိုက်တယ်၊ လူတွေက အက်စပရက်ဆိုနဲ့ နို့ကော်ဖီကို သောက်ကြိုက်တယ်။ ပုံစံက အရမ်းရိုးရာကျပြီး အရမ်းပုံသေဖြစ်နေတယ်။" "တရုတ်ဈေးကွက်ကတော့ မတူဘူး။ စားသုံးသူတွေက အရာသစ်တွေကို စမ်းကြည့်ချင်စိတ် အရမ်းပြင်းထန်တယ်။ Pour-over ကော်ဖီ၊ အမေရိကန်ကော်ဖီကို လက်ခံကြတယ်။ ကော်ဖီရောစပ်မှုအသစ်တွေ၊ အနံ့အရသာအသစ်တွေ၊ ကစားနည်းအသစ်တွေကိုလည်း စမ်းသပ်ခံစားချင်ကြတယ်"ဟု သူက နှိုင်းယှဉ်ပြောကြားသည်။ 

图片 7

Mark သည် မန့်လောင်ကျန်း ကော်ဖီထုတ်ကုန်များကို ကြည့်ရှုစစ်ဆေးနေသည်။ 

ဈေးကွက် မတူရင် နည်းဗျူဟာလည်း မတူပေ။ "ဩစတြေးလျမှာဆိုရင် ရိုးရာပုံစံနဲ့ပဲ တည်ငြိမ်စွာ လုပ်ငန်းလည်ပတ်နိုင်တယ်။ ဒါပေမဲ့ တရုတ်မှာတော့ မရဘူး။" "ဒီမှာ အမြစ်တွယ်ချင်ရင် အမြဲတမ်း ဆန်းသစ်တီထွင်ရမယ်။ အမြဲတမ်း အဆင့်မြှင့်ပြောင်းလဲရမယ်" ဟူ၍ Mark သည် တိုက်ရိုက်ပြောသည်။

အနာဂတ်ကို မျှော်ကြည့်လျှင် Mark သည် စိတ်အားထက်သန်ပြီး မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။ "ကျွန်ုပ်တို့ဟာ ဆန်းသစ်တီထွင်မှုအစီအစဉ်တွေ၊ ထုတ်ကုန်သစ်ရဲ့ စီမံခန့်ခွဲမှုတွေကိုလည်း လုပ်ဆောင်နေပါသည်။" အနာဂတ်တွင် ကူမင်း၌ ဆက်လက်အမြစ်တွယ်ပြီး ယူနန်ကောဖီကို အလေးထားဆောင်ရွက်မည်ဖြစ်ပြီး ဒေသခံကော်ဖီလုပ်ငန်း၏ အလားအလာကို ဆက်လက်စူးစမ်းလေ့လာသွားမည်ဖြစ်ပြီး "တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း"ဟူသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ပြီး ပိုများသော အရည်အသွေးမြင့် ယူနန်အထူးတန်းဝင်ကော်ဖီများကို လူထုရှေ့မှောက်သို့ ဝင်ရောက်စေပြီး ၎င်း၏ရနံ့ကို ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့စေမည်ဖြစ်ကြောင်း သူက ရိုးသားဖြူစင်စွာ ပြောကြားခဲ့သည်။

编者按:

“花语通山海 咖香连丝路” 南亚东南亚国际传播活动正持续开展。作为活动四大核心板块之一,“咖香滇池 味连全球”中国春城·世界咖啡嘉年华国际传播活动立足昆明区位优势与云南咖啡产业根基,以咖为媒联通内外,搭建起产业协作与人文交流的国际平台。

从边陲产区的种植基地到全球专业赛事舞台,从城市街巷的咖啡馆到标准化烘焙工厂,云南咖啡的精品化升级进程中,始终活跃着国际咖啡主理人的身影。他们跨越山海扎根春城,串联起产业链上下游与海内外市场资源,亲历并推动云咖从大宗原料向精品标杆的蝶变,既是云咖出海的推动者,也是中外文化交融的民间纽带。

本网今起推出咖啡主理人访谈系列报道,聚焦深耕春城的国际咖啡从业者,以他们的创业实践与行业观察,具象呈现云南咖啡产业升级轨迹,折射昆明开放包容的城市气质与对外传播活力。

图片 1

金碧公园绿意环绕,园内曼老江咖啡店内,曼老江咖啡首席执行官马克·雷斯平(Mark Respinger)正在冲泡手冲咖啡。手冲壶细嘴缓缓倾斜,热水均匀漫过咖啡粉,细密泡沫慢慢隆起,清润的坚果香在空气中慢慢弥散开来。

低头注视平整的粉层,马克语气笃定:“昆明是云南咖啡的中心,云南是中国咖啡的中心——中国97%以上的咖啡产自云南。对我们来说,这里就是理想之地。”

图片 3

马克制作手冲咖啡。记者李涛/摄

澳大利亚人马克·雷斯平在昆明生活多年。他的烘焙工厂设在昆明871文化创意工场,带着曼老江咖啡做云南精品咖啡。这些年,他把一颗颗云南咖啡豆卖到了全国,也卖到了海外。

“住在别人度假的地方”

问起为什么选择昆明,马克的回答很直接:生活和事业,在这里都能安放。

“昆明的好是全方位的。天气舒服,东西好吃,人也友善,营商环境成熟。”他把昆明叫作“度假城市”,理由很简单:“当你住在一个别人专门花假期赶来的地方,你就知道自己找对了。”

这种度假般的松弛感,也融进了他的日常。家在瀑布公园旁边,晨起开窗便见绿意水景;咖啡店选在金碧公园,闹中取静;烘焙工厂放在871文化创意工场,旧厂房改的园区,露台开阔,客人可以坐着慢慢喝。

生活舒服是一方面,真正把他留住的,是昆明背后的产业分量。“做精品咖啡,离产区近就是最大的优势。”马克说,这是他把事业重心放在昆明的根本原因。

图片 2

马克进行日常工作。记者李涛/摄

“让世界看见云南咖啡”

很多人并不知晓,曼老江并非外来品牌,而是云南本土咖啡品牌。傣语里,“曼老江”是“水味甜美之河”的意思。河谷温润,土地肥沃,长出了好咖啡,也养着一方百姓。

20世纪90年代,一批搬迁农户在这里落脚,咖啡慢慢成了当地的支柱产业。依托得天独厚的产区根基,曼老江咖啡从田间地头起步,稳步深耕,一点点搭建起成熟完善的咖啡产业体系。

图片 5

曼老江咖啡店。记者李涛/摄

“曼老江是最早一批云南本土咖啡品牌之一。”马克加入公司的时间要晚得多,“这家公司从农场做起,后来有了烘焙厂,再到今天的咖啡店,打通了完整产业链。”

产业链完整了,云南咖啡也有了走出去的底气。美国美食作家Florence Fabricant曾在《纽约时报》撰文,说曼老江咖啡有着“饱满的醇度与令人愉悦的黑巧克力风味”;2012年,曼老江咖啡豆入选世界咖啡师大赛用豆名录,是最早登上国际专业赛场的云南咖啡之一。

图片 4

《纽约时报》报道截图

“我们做这件事的想法很简单,就是让世界看见云南咖啡。”马克说,过去外界对云南咖啡了解不多。为此,他和团队常年深耕全球专业咖啡赛事与行业交流,就是要用实打实的品质证明:云南咖啡完全具备精品实力,能够在国际精品咖啡领域站稳脚跟、拥有一席之地。

“我能明显感受到咖农群体的成长”

在咖啡行业待了这么多年,马克看着云南咖啡变了样子。

“我刚接触云南咖啡的时候,完全不是现在这样。”他回忆,早年云南咖啡大多作为大宗原料低价出口,“那时候外界只把云南咖啡当廉价原料,没人会把它和精品咖啡联系在一起。”

变化来得很快。2025年,云南咖啡种植面积、生豆产量、农业产值三项指标均居全国第一,产品远销43个国家和地区。生豆优质率从2021年的8%提升到41.7%,精深加工率从20%升至85%。

图片 6

马克在曼老江咖啡馆接受采访。记者李涛/摄

这些数字背后,是产区实实在在的变化。“现在的云南,早就不是单一品种、传统工艺的老样子了。”马克说,当地自主选育了22个咖啡品种,铁皮卡、波旁、瑰夏都在种,蜂蜜处理、厌氧发酵这些新工艺也越来越普遍,豆子的风味比以前丰富多了。

最让他感慨的是咖农。“我能明显感受到咖农群体的成长。”马克说,新一代年轻咖农回到家乡,懂土地,也懂技术,“现在哪怕去云南最偏远的农场,都能喝到品质非常出色的咖啡,这在以前是很难想象的。”

这种变化,国际同行也喝得出来。巴塞罗那Nomad Coffee联合创始人Francisco Gonzales在一次盲测中发现,桌上最好的咖啡来自云南,风味让他想起“青苹果、甘蔗和椰枣”。在马克看来,品种多了、工艺新了,云南正在成为烘焙师寻找独特风味的“新边疆”。

国内市场的成长也给了产业更多信心。“云南出了大量优质精品咖啡,中国国内对精品咖啡的需求也很强劲。”马克说,“我们有机会让云南咖啡基本掌握在中国人手中——我认为这是应该的。这是本土咖啡,我们生产它,给中国消费者喝。这本身就是对咖啡旅程最好的见证。”

“在中国,不创新就站不住脚”

常年在中外咖啡市场之间跑,马克对中国消费者的特点看得很清楚。

“澳大利亚咖啡受意大利文化影响深,大家习惯喝浓缩、喝奶咖,方式很传统、很固定。”他对比说,“中国市场不一样,消费者特别愿意尝试新东西,手冲、美式都接受,也愿意体验新拼配、新风味、新玩法。”

图片 7

马克查看曼老江咖啡产品。记者李涛/摄

市场不同,打法就不同。“在澳大利亚,靠传统模式就能稳定经营,但在中国不行。”马克说得很直白,“想在这里扎根,必须一直创新、一直迭代。”

展望未来,马克依旧满怀热忱与期待。“我们还有很多创新计划、新品布局正在落地。”他坦言,未来将继续扎根昆明、深耕云南,持续挖掘本土咖啡产业潜力,延续咖香滇池、味连全球的发展路径,让更多优质云南精品咖啡走进大众视野、飘香世界各处。(昆明信息港 记者谭石艳 毛韦翔)

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်