၁၄ ကြိမ်မြောက် လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများ ယဉ်ကျေးမှုအနုပညာပွဲတော် ယူနန်ပြည်နယ်၌ ဖွင့်လှစ်ကျင်းပ
2026-10-29 15:53|
၁၄ ကြိမ်မြောက် လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများ ယဉ်ကျေးမှုအနုပညာပွဲတော်ကို အောက်တိုဘာ ၂၈ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ကျင်ဟုန်မြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ အဆိုပါပွဲတော်တွင် လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသမှ တရုတ်နိုင်ငံနှင့် ပြည်ပ အနုပညာရှင်များ တစ်နေရာတည်းတွင် စုစည်း၍ ယဉ်ကျေးမှုအနုပညာချင်း ချိတ်ဆက်၍ ချစ်ကြည်ရေး ဖလှယ်မှုများကို မြှင့်တင်ခဲ့သည်။
ထိုနေ့ညပိုင်းတွင် ကျင်ဟုန်မြို့ မန့်ထျင်းတော်ဝင်ဥယျာဉ် ပြဇာတ်ရုံတွင် အဆိုအကများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။ "တစ်မြစ်တည်းရေ တူစုံသောက်သုံးကြသည့် မိသားစုများ" အကြောင်းအရာဖြင့် ကျင်းပသော ဖွင့်ပွဲအခမ်းအနား ပဒေသာဖျော်ဖြေပွဲတွင် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံအသီးသီးမှ ထူးခြားချက်ရှိသော အစီအစဉ်များ ဆက်တိုက်တင်ဆက်ကပြခဲ့ရာ ပရိသတ်များအတွက် အမျိုးစုံလင်သော ယဉ်ကျေးမှုများ ပေါင်းစည်းလျက်ရှိသည့် အနုပညာအခမ်းအနားကြီးကို ဖျော်ဖြေတင်ဆက်ပြသခဲ့ကြသည်။ ပဒေသာဖျော်ဖြေပွဲ ပြီးဆုံးခါနီးတွင် တရုတ်နိုင်ငံနှင့် ပြည်ပ ဖျော်ဖြေတင်ဆက်သူများက “အတူတကွပျံသန်းကြစို့” အဆိုအကတင်ဆက်မှုဖြင့် လန်ချန်း-မဲခေါင် ၆ နိုင်ငံပြည်သူများ လက်တွဲအတူ ရှေ့သို့ချီတက်ပြီး သာယာလှပသောအနာဂတ် အတူတကွဖန်တီးလိုသည့် မျှော်လင့်ချက်ကို ဖော်ပြခဲ့ကြသည်။
ယခုအကြိမ် အနုပညာပွဲတော်ကာလအတွင်း "မဟာမြစ်ကြီးတစ်စင်း" ရှစ်ဆောင်ပဏ္ဏား နိုင်ငံတကာဓာတ်ပုံပြပွဲ၊ "လန်ချန်း-မဲခေါင် စားသောက်ကုန်နှင့်အမှတ်တရပစ္စည်းကောင်းများပွဲတော်" ၊ "မင်္ဂလာအဖြာဖြာဆုံစည်းရာ - လက်ဖက်ရည်ကြမ်းနှင့် တေးဂီတ သဟဇာတဖြစ်မှု" စသည့်အခမ်းအနားများလည်း ကျင်းပသွားမည်ဖြစ်ပြီး မြစ်ဝှမ်းဒေသနိုင်ငံ ပြည်သူအချင်းချင်း ဖလှယ်မှုနှင့် ယဉ်ကျေးမှု ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး မြှင့်တင်သွားမည်ဖြစ်သည်။
လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများ ယဉ်ကျေးမှုအနုပညာပွဲတော်သည် ၁၉၉၂ ခုနှစ်တွင် စတင်ဖန်တီးခဲ့သော "လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ ၆ နိုင်ငံ နယ်စပ်ဒေသ ယဉ်ကျေးမှုအနုပညာပွဲတော်" မှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် လက်ရှိအမည်အဖြစ် တရားဝင် ပြောင်းလဲအသုံးပြုခဲ့သည်။ နှစ်ပေါင်း ၃၀ ကျော်ကြာ တိုးတက်လာပြီးနောက် အနုပညာပွဲတော်သည် မြစ်ဝှမ်းဒေသနိုင်ငံအသီးသီးက အမျိုးစုံလင်သော ယဉ်ကျေးမှုများကို တင်ဆက်ပြသခြင်း၊ ယဉ်ကျေးမှုအပြန်အလှန် လေ့လာသင်ယူမှု မြှင့်တင်ခြင်း၊ အရပ်ဘက်ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ခြင်းအတွက် အရေးကြီးစင်မြင့်အဖြစ် တစ်ဆင့်ချင်း တိုးတက်လာပြီဖြစ်သည်။
新华社昆明10月28日电 记者胡超 第十四届澜沧江·湄公河流域国家文化艺术节28日在云南省西双版纳傣族自治州景洪市开幕。来自澜湄流域的中外艺术家齐聚一堂,以文化艺术为纽带,共叙友谊、共促交流。
当晚,景洪市曼听御花园剧场歌舞欢腾。以“共饮一江水·同为一家人”为主题的开幕式文艺晚会上,澜湄流域各国特色节目轮番上演,为观众呈现了一场多元文化交融的艺术盛宴。晚会尾声,中外演职人员共同表演歌舞《一起飞翔》,表达澜湄六国人民携手前行、共创美好未来的愿望。
本届艺术节期间,还将举办“一条大河”西双版纳国际影像展、“澜湄好物嘉年华”“雅集·茶乐和鸣”等系列活动,进一步促进流域国家人文交流与文旅合作。
澜沧江·湄公河流域国家文化艺术节源于1992年创办的“澜沧江·湄公河流域六国边境地区文化艺术节”,2011年正式更名为现用名称。经过30多年发展,艺术节已逐步成为流域各国展示多元文化、促进文明互鉴、增进民间友谊的重要平台。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- မြို့တစ်မြို့လုံးတွင် ကြယ်ငါးပွင့်အလံနီများ တလူလူလွင့်ပျံနေပြီး ကူမင်းမြို့ရှိ ဟိုင်ကေရေကာတာတွင် ကြီးကျယ်ခမ်းနားစွာ အလှဆင်ထား
- တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း၊ ယူနန်ကော်ဖီကို သိရှိခံစားရန် ကူမင်းမြို့သည် ကမ္ဘာအား ဖိတ်ခေါ်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်း စုစုပေါင်း ကုန်စည် တင်သွင်း၊ တင်ပို့မှုတန်ဖိုး ယွမ် ၁၀၀ ဘီလီယံ ကျော်လွန်
- စိုက်ခင်းများမှ "အာရှပန်းမြို့တော်" အထိ ယူနန်ပြည်နယ် ပန်းများ၏ ခရီးစဉ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း





