တရုတ်-မြန်မာ အားကစားသမားများ ယူနန်ပြည်နယ် လုံချွမ်းခရိုင် စိမ်းလန်းသောကွင်းပြင်ဝယ် "ဆွေမျိုးပေါက်ဖော်ဖလား" ကို အကြိတ်အနယ် ယှဉ်ပြိုင်ကစား
2026-10-10 11:23|
တောင်အာရှနှင့် အရှေ့တောင်အာရှသို့ မျက်နှာမူသော အကျိုးဆောင်ရေးဗဟိုဌာန တည်ဆောက်ရေးဆိုင်ရာ ယူနန်ပြည်နယ် အားကစားဖလှယ်မှု ပြိုင်ပွဲနှင့် "လှပသော လုံချွမ်း" ၂၀၂၆ ခုနှစ် "ဆွေမျိုးပေါက်ဖော်ဖလား" ဘောလုံးအလွတ်တန်း ဖိတ်ခေါ်ပြိုင်ပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံချွမ်းခရိုင်တွင် အောက်တိုဘာလ ၇ ရက်က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ဤပြိုင်ပွဲကို ခုနစ်ရက်ကြာကျင်းပခဲ့ပြီး အသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် မြန်မာနိုင်ငံသား အသင်း ၈ သင်း ပါဝင်ကစားခဲ့သည်။ ကွင်းအတွင်း၌ တရုတ်-မြန်မာ အားကစားသမားများ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသလို ကွင်းပြင်ပတွင်လည်း တရုတ်-မြန်မာ ဘောလုံးဝါသနာရှင်များက အားတက်သရော တစ်ခဲနက်အားပေးခဲ့ကြသည်။ ပြိုင်ပွဲကြားအနားယူချိန်တွင် မနောအကပန်းဖွားအဖွဲ့က ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပြိုင်ပွဲအတွက် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အငွေ့အသက်များ ဖြည့်တင်းပေးခဲ့သည်။
10月7日,云南省建设面向南亚东南亚辐射中心体育交流大赛暨“大美陇川”2026年“胞波杯”足球公开赛在云南省陇川县落幕。本次赛事为期7天,共有12支队伍参赛,其中缅籍球队8支。赛场之上,中缅运动员同场角逐;赛场外,中缅足球爱好者连连喝彩。中场休息时段,目瑙纵歌啦啦队登台献演,为赛事增添民族风情。(作者:孙敏、李易晨、方雯青、赵秀娟、段宗智)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း၊ ယူနန်ကော်ဖီကို သိရှိခံစားရန် ကူမင်းမြို့သည် ကမ္ဘာအား ဖိတ်ခေါ်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
