မြန်မာ့ပေါ်ဆန်းဆန် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World Best Rice Award) ဒုတိယအကြိမ် ထပ်မံဆွတ်ခူး

2026-10-10 11:00|ရောင်စုံတိမ်တံတား

1

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသည့် International World Rice Conference 2026 ၌ မြန်မာ့ပေါ်ဆန်းဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World Best Rice Award) ကို ဒုတိယအကြိမ်မြောက် ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ အောက်တိုဘာ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဆန်အရည်အသွေးပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စုအခြေစိုက် International Commodity Institute နှင့် The Rice Trader တို့က ကြီးမှူး၍ နိုင်ငံတကာမှ ဆန်အမျိုးအစားပေါင်းစုံကို ပါဝင်ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။

2

မြန်မာ့ပေါ်ဆန်းဆန်သည် လွန်ခဲ့သော ၂၀၁၁ ခုနှစ်က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ကျင်းပခဲ့သည့် ညီလာခံတွင်လည်း ယခုဆုကို ပထမအကြိမ် ဆွတ်ခူးခဲ့ဖူးသဖြင့် ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ရရှိခြင်းဖြစ်သည်။

အောက်တိုဘာ ၇ ရက်မှ ၁၀ ရက်အထိ မနီလာမြို့၌ ကျင်းပလျက်ရှိသည့် ၎င်းနိုင်ငံတကာဆန်စပါးညီလာခံနှင့် ပြပွဲများသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် MRF တို့မှ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကိုယ်စားလှယ်အဖွဲ့၊ ဆန်တင်ပို့သည့် ကုမ္ပဏီများမှ ကိုယ်စားလှယ် စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြသည်။

ခရီးစဉ်အတွင်း ဖိလစ်ပိုင်၊ မလေးရှားနှင့် အာဖရိကနိုင်ငံများသို့ မြန်မာ့ဆန် တင်ပို့မှုတိုးမြှင့်နိုင်ရေး နားလည်မှုများ ရယူနိုင်ခဲ့သည့်အပြင် တက်ရောက်လာသည့် ကုမ္ပဏီများအကြား အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုနိုင်ရေး စေတနာစကားများ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း တန်းမြင့်ဆန် တန်ချိန် ၃ သန်း တင်ပို့ရန် ရည်မှန်းထားပြီး အဆိုပါ ရည်မှန်းချက် ပြည့်မီကျော်လွန်ရေးအတွက် ပုဂ္ဂလိကကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

1

昆明信息港-彩云桥 记者刘冬霞 缅甸大米联合会(MRF)于10月9日宣布,缅甸博山大米在菲律宾马尼拉举行的2026年国际世界稻米大会上第二次荣获全球最佳大米奖。

此次稻米品质竞赛由总部位于美国的国际商品协会和《稻米贸易商》杂志主办,来自世界各国的各类大米品种参与了角逐。

2

这是缅甸博山大米第二次获此殊荣,它曾于2011年在越南胡志明市举行的国际稻米大会上获奖。

来自缅甸商务部、缅甸大米联合会下属的公私出口促进代表团以及大米出口企业的55名代表出席了10月7日至10日在马尼拉举行的国际稻米大会暨展览会。

访问期间,除就增加缅甸稻米对菲律宾、马来西亚和非洲国家的出口达成共识外,与会企业还就签署贸易协议进行了友好磋商。

据悉,缅甸大米联合会计划在2026-2027 财年出口300万吨优质大米,民营企业正为实现并超额完成该目标而努力。(图文/仰光媒体集团 )

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်