ယူနန်ပြည်နယ် ပေါင်ဆန်းမြို့တွင် "ရေပူစမ်းစီးပွားရေး" ခေတ်စားလျက်ရှိ
2026-09-25 16:35|
လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်ဆန်းမြို့သည် တစ်မူထူးခြားသော ပထဝီမျက်နှာပြင် မြေဆီလွှာဖွဲ့စည်းပုံဖြင့် ဖြစ်တည်လာသော အရည်အသွေးမြင့် ရေပူစမ်းအရင်းအမြစ်ကို အားကိုးကာ ရေပူစမ်း ကျန်းမာရေးတန်ဖိုးများကို အဆက်မပြတ် ဖော်ထုတ်လာခဲ့သည်။ "ရေပူစမ်း +" လုပ်ငန်းပေါင်းစည်းမှုကို တွန်းအားပေးဖော်ဆောင်၍ ပေါင်ဆန်းအား "ရေပူစမ်းဗိမာန်" ၊ "ကျန်းမာရေးအပန်းဖြေ နေရာကောင်း" ၊ "ခရီးသွားနေထိုင်ရန် ရတနာမြေ" အဖြစ် အားစိုက်ဖန်တီးခဲ့ရာ အနီးတစ်ဝိုက်မြို့များသာမက တရုတ်နိုင်ငံတစ်ဝန်း ဒေသအသီးသီးမှ ခရီးသွားဧည့်သည်များ လာရောက်ရန် ဆွဲဆောင်လျက်ရှိသည်။ အကြောင်းအချက်မျိုးစုံကို ပေါင်းစည်းထားသော ယဉ်ကျေးမှုခရီးသွားလုပ်ငန်း အနေအထားက ယူနန်ပြည်နယ် အနောက်ပိုင်းဒေသအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်အားအသစ် ဖန်တီးပေးလျက်ရှိသည်။ ၂၀၂၅ ခုနှစ်တွင် ပေါင်ဆန်းမြို့သည် ဘိုးအောက် နိုင်ငံတကာ ရွှေရောင်ရေပူစမ်းဆု "အကောင်းဆုံး ရေပူစမ်း ခရီးသွားနေထိုင်ရန်နေရာ" ဂုဏ်ပုဒ်ကို ဆွတ်ခူးရရှိခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- မြို့တစ်မြို့လုံးတွင် ကြယ်ငါးပွင့်အလံနီများ တလူလူလွင့်ပျံနေပြီး ကူမင်းမြို့ရှိ ဟိုင်ကေရေကာတာတွင် ကြီးကျယ်ခမ်းနားစွာ အလှဆင်ထား
- တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း၊ ယူနန်ကော်ဖီကို သိရှိခံစားရန် ကူမင်းမြို့သည် ကမ္ဘာအား ဖိတ်ခေါ်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အာဆီယံနိုင်ငံများမှ ဒူးရင်းလုပ်ငန်းများ တရုတ်နိုင်ငံ ကူမင်းမြို့တွင် လာရောက် "ဆုံစည်း"
- တရုတ်-လာအို ရထားလမ်း စုစုပေါင်း ကုန်စည် တင်သွင်း၊ တင်ပို့မှုတန်ဖိုး ယွမ် ၁၀၀ ဘီလီယံ ကျော်လွန်
- စိုက်ခင်းများမှ "အာရှပန်းမြို့တော်" အထိ ယူနန်ပြည်နယ် ပန်းများ၏ ခရီးစဉ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ








