ယူနန်ပြည်နယ် ကျင်မိုင့်တောင်တွင် ခရီးသွားဧည့်သည်များ လက်ဖက်သင်းရနံ့အား လာရောက်ရှာဖွေ၊ ရှေးဟောင်းကျေးရွာလေးများ စာမျက်နှာသစ်ဖွင့်လှစ်
2026-09-20 17:21|
ဆောင်းဦးရာသီတွင် ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သော တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ရှိ ကျင်မိုင့်တောင်၏ ရှေးဟောင်းလက်ဖက်တောသည် စိမ်းလန်းစိုပြည်လျက်ရှိပြီး လက်ဖက်ယဉ်ကျေးမှုကို လေ့လာရန်နှင့် အမှတ်တရဓာတ်ပုံရိုက်ကူးရန် နေရာအနှံ့မှ ခရီးသွားဧည့်သည်များအား ဆွဲဆောင်လျက်ရှိသည်။ ဒေသန္တရအစိုးရနှင့် ရွာသားများသည် "တောင်တန်းနှင့်သစ်တော အတူယှဉ်တွဲတည်ရှိ၍ သစ်တောများမှ လက်ဖက်ရှင်သန်ပေါက်ဖွားကာ လက်ဖက်ခင်းများက ရွာကိုဝန်းရံထားသည်" ဟူသော ရှုခင်းပုံစံကို အတူတကွ ကာကွယ်စောင့်ရှောက်ကာ "လက်ဖက်ဖြင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ခြင်း၊ ခရီးသွားလုပ်ငန်းဖြင့် လက်ဖက်လုပ်ငန်းကို အားပေးခြင်း၊ လက်ဖက်နှင့် ခရီးသွားလုပ်ငန်း အပြန်အလှန်ပေါင်းစည်းခြင်း" ဟူသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို စူးစမ်းရှာဖွေလျက်ရှိပြီး ရွာသားများ၏ လူနေမှုဘဝကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာစေသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် "ဖူအယ်မြို့ ကျင်မိုင့်တောင် ရှေးဟောင်းလက်ဖက်တော ယဉ်ကျေးမှုရှုခင်း" ကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ပြီး ကမ္ဘာ့ပထမဆုံး လက်ဖက်အကြောင်းအရာဖြင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဖြစ်လာခဲ့သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ









