ကူမင်းမှ ဟိုင်ခိုးသို့ ခရီးသည်တင်ကား လမ်းကြောင်း ပြန်လည်ဖွင့်လှစ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ နေ့စဉ် တစ်ကြိမ် ပြေးဆွဲ

2026-09-17 18:24|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ ကူမင်း မြောက်ပိုင်း ခရီးသည်ပို့ဆောင်ရေး ဘတ်စ်ကားမှတ်တိုင်သည် ကူမင်းမှ ဟိုင်ခိုးသို့ ခရီးသည်တင်ကား လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး နေ့စဉ် တစ်ကြိမ် ပြေးဆွဲရန် ပြည်လည်စီစဉ်မည် ဖြစ်ကာ ခရီးသည်များ ကူမင်းနှင့် ဟိုင်ခိုး နှစ်မြို့အကြား သွားလာရန် ပိုမို အဆင်ပြေသည့် ခရီးသွားရွေးချယ်မှုကို ပံ့ပိုးပေးမည် ဖြစ်သည်။

ယခုပြန်လည်ဖွင့်လှစ်ပြီးနောက် လမ်းကြောင်းသည် နေ့စဉ် နံနက် ၈ နာရီတွင် ကူမင်း မြောက်ပိုင်း ခရီးသည်ပို့ဆောင်ရေး ဘတ်စ်ကားမှတ်တိုင်မှ ထွက်ခွာမည်ဖြစ်ပြီး ထိုင်ခုံ ၄၆ လုံး ပါဝင်သည့် အဆင့်မြင့် ဘတ်စ်ကားကို အသုံးပြုကာ ဂိတ်ဆုံးမှာ ဟိုင်ခိုး ဖြစ်သည်။ လမ်းတစ်လျှောက် တျန်လင်၊ နန်နင်း၊ ချင်ကျိုး၊ ကျန်းကျန်း၊ လေကျိုး၊ ရွှီးဝမ်း စသည့် နေရာများတွင် ဆိုက်ကပ်မည်ဖြစ်ပြီး ခရီးသည်များသည် လက်မှတ်ဝယ်ယူကာ ဆန်းယားသို့လည်း သွားရောက်နိုင်သည်။ ကူမင်းမှ ဟိုင်ခိုးသို့ လက်မှတ်ဖိုးမှာ တစ်ဦးလျှင် ၄၀၀ ယွမ် ဖြစ်ပြီး ကူမင်းမှ ဆန်းယားသို့ လက်မှတ်ဖိုးမှာ တစ်ဦးလျှင် ၄၅၀ ယွမ် ဖြစ်သည်။

ဤခရီးသည်တင်ကား လမ်းကြောင်းသည် ၇ နှစ်ကြာ ဖွင့်လှစ်ထားခဲ့ပြီး ယခင်က ၄ ရက်မှ ၅ ရက်လျှင် တစ်ကြိမ် ပြေးဆွဲခဲ့သည်။ တိုင်ဖုန်းလေမုန်တိုင်းနှင့် ဘတ်စ်ကားရှားပါးမှု စသည့် အကြောင်းအရင်းများကြောင့် နှစ်လခန့် ရပ်စဲထားခဲ့သည်။ ယခုပြန်လည်ဖွင့်လှစ်ပြီးနောက် ပြေးဆွဲမှု အကြိမ်အရေအတွက်ကို နေ့စဉ် တစ်ကြိမ် ပြေးဆွဲရန် ပြန်လည်စီစဉ်ပြီး ဘတ်စ်ကား ၄ စီးကို ပြေးဆွဲမှု အာမခံရန် ဖြည့်တင်းထားသည်။

ခရီးသည်များသည် ကူမင်း မြောက်ပိုင်း ခရီးသည်ပို့ဆောင်ရေး ဘတ်စ်ကားမှတ်တိုင်၏ WeChat တရားဝင်အကောင့် "ကူမင်း မြောက်ပိုင်း ခရီးသည်ပို့ဆောင်ရေး ဘတ်စ်ကားမှတ်တိုင်" မှတစ်ဆင့် အွန်လိုင်းတွင် လက်မှတ်ဝယ်ယူနိုင်သည့်အပြင် ဘတ်စ်ကားမှတ်တိုင်အတွင်းရှိ လူအင်အားဖြင့် လက်မှတ်ရောင်းချသည့် ပြတင်းပေါက်သို့လည်း လက်မှတ်များကို သွားရောက်ဝယ်ယူနိုင်သည်။ အွန်လိုင်းတွင် လက်မှတ်ဝယ်ယူမှု အောင်မြင်ပြီးနောက် ခရီးသည်၏ မှတ်ပုံတင်ကတ်ပြားဖြင့် ဘတ်စ်ကားမှတ်တိုင်အတွင်းရှိ ကိုယ်တိုင် လက်မှတ်ထုတ်ယူစက်မှ စက္ကူလက်မှတ်ကို လက်ခံရယူရမည်ဖြစ်ပြီး လက်မှတ်ဖြင့် စစ်ဆေးကာ ဘတ်စ်ကားပေါ်သို့ တက်ရောက်ရမည်။ ခရီးသည်များသည် အနည်းဆုံး မိနစ် ၃၀ ကြိုတင်၍ ဘတ်စ်ကားမှတ်တိုင်သို့ ရောက်ရှိကာ လက်မှတ်ထုတ်ယူခြင်းနှင့် ဘတ်စ်ကားစောင့်ဆိုင်းခြင်းတို့ကို ပြုလုပ်သင့်သည်ဟူ၍ ဘတ်စ်ကားမှတ်တိုင်သည် သတိပေးသည်။

昆明信息港讯 记者王甜豆 9月16日起,昆明北部汽车客运站恢复昆明至海口客运班线,并调整为每日一班,为旅客往返昆明与海口两地提供更加便利的出行选择。

此次恢复运营后,班线每天8时从昆明北部汽车客运站发车,使用46座高级大巴,终点为海口,沿途停靠田林、南宁、钦州、湛江、雷州、徐闻等地,旅客也可购票前往三亚。昆明至海口票价400元/人,昆明至三亚票价450元/人。

该客运班线已开通7年,此前为4至5天一班,因台风天气及车辆紧缺等因素曾暂停运营约两个月。此次恢复后,班次调整为每日一班,并配备4台车辆保障运营。

旅客可通过昆明北部汽车客运站微信公众号“北部汽车客运站”线上购票,也可前往车站人工售票窗口购票。线上购票成功后,需凭乘车人身份证到站内自助取票机领取纸质车票,并凭票检票乘车。车站提醒,旅客至少提前30分钟到站取票、候车。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်