ယူနန် လန်ချန်း ရှောင်နန်ဖို မြက်ခင်းတောင် — စိမ်းလန်းသောမြက်ခင်းများ ကောင်းကင်နှင့် ဆက်သွယ်ကာ နေဝင်ချိန်တွင် ရွှေရောင်တောက်ပခြင်း

2026-08-31 15:42|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) မကြာသေးမီက ယူနန်ပြည်နယ် ပူအာမြို့ လန်ချန်း လာဟူလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် မုန့်လန်းမြို့နယ် ပူလောင်ကျေးရွာရှိ ရှောင်နန်ဖို မြက်ခင်းတောင်သည် တစ်နှစ်တာအတွင်း အလှပဆုံးအချိန်ကာလသို့ ရောက်ရှိလာခဲ့သည်။ကျယ်ပြန့်လှသော မြက်ခင်းပြင်များသည် အဆုံးမရှိသကဲ့သို့ ဖြန့်ကျက်တည်ရှိနေပြီး ကွေ့ကောက်ရှည်လျားသော လမ်းများသည် အဝေးအရပ်သို့ ဆန့်ထွက်သွားသည်။ နွားနှင့် သိုးများသည် အုပ်စုငယ်များဖြင့် လှည့်လည်နေကြပြီး တချို့မှာ မြက်စားရန် ခေါင်းငုံ့နေကြသကဲ့သို့ တချို့မှာလည်း စိမ်းလန်းသော မြက်ခင်းများကြားတွင် အေးချမ်းစွာ လဲလျောင်းအနားယူနေကြသည်။နေဝင်ချိန်ရောက်သောအခါ နေ၏နောက်ဆုံးအလင်းရောင်များသည် တောင်တန်းမြေပြင်တစ်လျှောက်ကို ရွှေရောင်ဖြင့် လွှမ်းခြုံပေးသည်။ မြက်ဖျားများကို ဖြတ်သန်းတိုက်ခတ်လာသော လေပြေသည် မြေဆီနံ့နှင့် မြက်စိမ်းနံ့တို့ ရောယှက်ထားသည့် မွှေးရနံ့ကို သယ်ဆောင်လာကာ သဘာဝ၏ အေးချမ်းလှပမှုကို ပိုမိုထင်ရှားစေသည်။

近日,位于云南省普洱市澜沧拉祜族自治县勐朗镇布老村的小南婆草山,迎来一年中最动人的时节。草甸辽阔无垠,蜿蜒长路伸向远方。牛羊三五成群,或低头觅食,或闲卧青草之间,悠然自得。夕阳西沉,余晖漫染整片山野,风从草尖掠过,带来泥土与青草交织的芬芳。(澜沧县融媒体中心 董琳)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်