လန်ချန်း-မဲခေါင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စံပြကျေးရွာက မြန်မာနိုင်ငံ ကျေးလက်တည်ဆောက်ရေးအတွက် အသုံးဝင်အကျိုးရှိသော စံနမူနာကောင်းများကို ပံ့ပိုးပေး
2026-08-24 14:32|
ဩဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အုန်းပင်စုရွာသို့ အခြားနယ်မှ ကားများစွာ ရောက်ရှိလာခဲ့သည်။ ကားများက အသစ်ခင်းထားသော ကွန်ကရစ်လမ်းများအတိုင်း ရွာအတွင်း မောင်းနှင်ဝင်ရောက်လာခဲ့ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစင်တာအတွင်း၌ ရွာသူ၊ ရွာသားများ အပြည့် ထိုင်နှင့်နေပြီးဖြစ်သည်။ ထိုနေရာတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် ဖော်ဆောင်သော "မြစ်ဝကျွန်းပေါ်ဒေသ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာတိုးချဲ့ဆောင်ရွက်ခြင်း" စီမံကိန်း ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက အမှာစကားပြောကြားရာ၌ အဆိုပါစီမံကိန်းသည် အုန်းပင်စုရွာရှိ အိမ်ထောင်စု ၁၈၀ စု၊ ရွာသူ၊ ရွာသားပေါင်း ၇၂၆ ဦးကို အကျိုးပြုစေခဲ့သည်သာမက မြန်မာနိုင်ငံ အခြားဒေသ ကျေးရွာ တည်ဆောက်မှုအတွက်လည်း အသုံးဝင် အကျိုးရှိသော စံနမူနာကောင်းများကို ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။
အုန်းပင်စုရွာသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် အတွင်းပိုင်းဒေသ၌ တည်ရှိနေသော ရွာလေးတစ်ရွာဖြစ်သည်။ ယခင်ခေတ်အဆက်ဆက် ဆန်စပါးစိုက်ပျိုးခဲ့မှုများက ထိုနေရာ၏ လူနေမှုဘဝစည်းချက်ကို အဆုံးအဖြတ်ပေးခဲ့ရာ မိသားစုဝင်ငွေသည် အဓိကအားဖြင့် စိုက်ပျိုးသီးနှံများ ရိတ်သိမ်းရရှိမှုကို အားထားကြရသည်။
လွန်ခဲ့သည့်နှစ်နှစ်က အဆိုပါရွာထဲရှိ လမ်းများသည် ရွှံ့ညွန်များအပြည့်ဖြစ်နေခဲ့ပြီး မိုးရာသီ ကျရောက်ချိန်တိုင်းတွင် ရွာသူ၊ ရွာသားများက ဒူးအထိပင်နက်သော ရွှံ့ဗွက်များအကြား ဖြတ်သန်းသွားလာရသည်။ ရွာထဲတွင် လျှပ်စစ်မီးမရှိသဖြင့် ကလေးများက မှေးမှိန်သည့် ရေနံဆီမီး၏ အလင်းရောင်ဖြင့်သာ စာဖတ်ကြရသည်။
ယနေ့အခါ အဆိုပါရွာလေး၏ လူနေမှုဘဝသည် အသစ်စက်စက် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ရွာအတွင်းလမ်းများ သန့်ရှင်းညီညာနေပြီး လမ်းဘေးနှစ်ဖက်တွင် ပန်းမန်များဖြင့် စိမ်းလန်းစိုပြည်လျက်ရှိသည်။ မြင့်မားစွာတည်ရှိသော ရေတာဝါတစ်ခုက ကျေးရွာတစ်ရွာလုံးအတွက် သန့်ရှင်းသော သောက်သုံးရေ ပံ့ပိုးပေးနေပြီး ဖန်လံအိမ်စိုက်ခင်းအတွင်း၌ ဂန္ဓမာပန်းများက ကြည်နူးအားရဖွယ်ရာ ရှင်သန်ပွင့်လန်းလျက်ရှိသလို ငါးကန်ထဲက ငါးကလေးများ လူးလွန့်ကူးခတ်နေခြင်းကြောင့် ရေပြင်ပေါ်တွင် ရံဖန်ရံခါ ရေပွက်လှိုင်းများ ထလျက်ရှိသည်။
ပြောင်းလဲမှုသည် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၂ ရက်၌ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့တွင် "မြစ်ဝကျွန်းပေါ်ဒေသ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာတိုးချဲ့ဆောင်ရွက်ခြင်း" စီမံကိန်းကို ထိုနေရာ၌ စတင်ခဲ့သည်။ စီမံကိန်းသည် အခြေခံအဆောက်အဦ တိုးတက်ကောင်းမွန်မှုကို ပံ့ပိုးပေးပြီး စက်ချုပ်လုပ်ငန်း၊ ဆပ်ပြာထုတ်လုပ်မှု၊ ဖယောင်းတိုင်ပြုလုပ်မှုနှင့် စိုက်ပျိုးရေးနည်းပညာ စသည့်ကဏ္ဍများ၌ မွမ်းမံသင်တန်းများ ပို့ချခဲ့သည်။
ယနေ့အခါ တစ်ရွာလုံးတွင် ကွန်ကရစ်လမ်းများဖြင့် လွှမ်းခြုံထားနေပြီး ရေနုတ်မြောင်းများကြောင့် မိုးရာသီချိန်တွင် ရေဝပ်ရေအိုင်သည့် အခက်အခဲ မဖြစ်တော့ပေ။ ကလေးငယ်များက စက်ဘီးစီး၍ ကျောင်းတက်နိုင်သဖြင့် ကျောင်းတက်မှုနှုန်း သိသိသာသာမြင့်တက်လာခဲ့သည်။ "အခုဆို ကားတွေက အိမ်တံခါးဝအထိ မောင်းလာလို့ရတယ်၊ နေမကောင်းဖြစ်လည်း မိနစ်ပိုင်းအတွင်း ဆေးရုံကိုရောက်နိုင်တယ်" ဟု ရွာသား ဦးအေးထွန်းက ဆိုသည်။
အဆိုပါလမ်းသည်လည်း ကြွယ်ဝရေးလမ်းဖြစ်လာခဲ့သည်။ ရွာသူကြီး ဦးစိုးအောင်ကြည်ထွန်းက သတင်းထောက်ကို ယခုလို တွက်ချက်ပြသည်။
"အရင်က လမ်းမကောင်းတော့ စပါးသီးနှံတွေဆို ပို့လို့မရဘူး၊ ဈေးလည်း အရမ်းနှိမ်ခံရတယ်။ အခုလမ်းပေါက်သွားတော့ ကျွန်တော်တို့က ကုန်တွေကို ဈေးကွက်ထဲ အချိန်မီပို့လို့ရတယ်၊ စပါးသီးနှံတွေလည်း ဈေးပိုရလာတယ်။ အရင်က ရေကားတစ်စီးဝယ်ရင် ၅,၀၀၀ လောက်ရှိတယ်၊ အခုအိမ်တိုင်းက ဘုံပိုင်ရေသုံးနိုင်ပြီဆိုတော့ တစ်လကို ၃,၀၀၀ တောင်မကျဘူး" ဟု ၎င်းက ဆိုသည်။
ရွာသူရွာသားများကို ဂုဏ်ယူဖွယ်ရာအကောင်းဆုံးအရာမှာ အသက်မွေးဝမ်းကျောင်းနည်းပညာသစ်တစ်ခု ပိုင်နိုင်တတ်မြောက်သွားခြင်း ဖြစ်သည်။ ဦးအောင်စိုးနှင့် ရွာသားများအတူ ဖယောင်းတိုင်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး လူတိုင်း၊ လတိုင်း အကျိုးအမြတ်များ ခွဲဝေရရှိကြသည်။ ဦးအေးထွန်းနှင့် ရွာသားအချို့ကလည်း ဖန်လုံအိမ် ပန်းစိုက်ပျိုးခြင်းကို အတူလုပ်ကိုင်လျက်ရှိရာ ယခင်က အမိုးအကာမရှိ စိုက်ပျိုးရ၍ မဖြစ်ထွန်းသောပန်းမန်များသည် ယခုအခါ ဖန်လုံအိမ်အတွင်းတွင် စိုက်ပျိုးဖြစ်ထွန်းသည့်အတွက် ဈေးကွက်တွင် အရောင်းအဝယ်ကောင်းလာသည်။ ဒေါ်စိုးစိုးအေးနှင့် အမျိုးသမီးတချို့အတူ စုပေါင်း၍ ဆပ်ပြာနှင့်ခေါင်းလျှော်ရည် ထုတ်လုပ်ကြသလို မှိုနှင့်သင်္ဘောများ စိုက်ပျိုးကြကာ မိမိကျေးရွာနှင့် အနီးတစ်ဝိုက် ကျေးရွာများကို ရောင်းချကြသည်။ ဦးကျော်ကျော်နိုင်နှင့် အခြားရွာသားအချို့လည်း ငါးမွေးမြူရေးအတတ်ပညာကို တတ်မြောက်ခဲ့ခြင်းကြောင့် မွေးမြူရေးကာလတစ်ခုတွင် ဝင်ငွေအားဖြင့် သိန်း ၅၀ ထပ်တိုးလာသည်။ ဤကဲ့သို့ သေးငယ်သော်လည်း ကောင်းမွန်သည့် အသက်မွေးဝမ်းကျောင်းစီမံကိန်းများက ကျေးလက်သူကျေးလက်သားများအတွက် တည်ငြိမ်သည့် ဝင်ငွေရရှိစေသည်။
ထို့အပြင် စီမံကိန်းသည် စက်ချုပ်အတတ်ပညာမွမ်းမံသင်တန်းလည်း ဖွင့်လှစ်ခဲ့သည်။
"အရင်က ရွာမှာ လူတစ်ယောက်လောက်ပဲ စက်ချုပ်တတ်တယ်၊ အခုတော့ အမျိုးသမီး အများစုက တတ်လာပြီး လက်မှုပညာနဲ့ ဝင်ငွေရှာနိုင်လာပြီ" ဟု ဒေါ်စိုးစိုးအေးက ဆိုသည်။
"ပထမဆုံးတုန်းကတော့ သူများနိုင်ငံက ဒီလိုမျိုးတွေ သင်တန်းပေး လာရောက်ပို့ချမယ်လို့ မထင်ဘူးလေ၊ အခုကျတော့ တကယ်ပဲ အကူအညီသင်တန်းပို့ချမှုကို ရလာတယ်" ဟု ဒေါ်စိုးစိုးအေးက ဝမ်းပန်းတသာ ပြောကြားခဲ့သည်။
ကျေးရွာမူကြိုကျောင်းအတွင်း ဆရာ၊ဆရာမများက ကလေးငယ်များအား စောင့်ရှောက်လျက်ရှိပြီး ကျောင်းဝန်းအားကစားကွင်းနံဘေးရှိ ဆော့ကစားရာနေရာတွင် ကလေးငယ်များ ကြည်သာရွှင်မြူးသော ရယ်သံမောသံများ ပျံ့လွင့်လျက်ရှိသည်။
ပို၍ တန်ဖိုးထားဖွယ် ရခဲလှသည့်အကြောင်းအရာမှာ စီမံကိန်းက စိတ်ဓာတ်ရေးရာ အတွေးအခေါ်များကို ပြောင်းလဲပေးခြင်းဖြစ်သည်။
"ရွာသူရွာသားတွေက အခုဆိုရင် စည်းလုံးညီညွတ်မှုနဲ့ အားလုံး ပေါင်းစပ်ပြီး လုပ်ရင် အောင်မြင်နိုင်တယ်ဆိုတာကို သူတို့ စိတ်ထဲမှာ သိသွားပြီ" ဟု ဦးစောအောင်ကြည်ထွန်း က ဆိုသည်။
"စီမံကိန်းစပြီးနောက်ပိုင်း ကျွန်တော်တို့ အဖွဲ့ငယ်ပုံစံလေးတွေနဲ့ မွေးမြူရေး၊ စိုက်ပျိုးရေး လုပ်လို့ရတယ်ဆိုတာကို သိလာကြတယ်" ဟု ဦးကျော်ကျော်နိုင်က ပြောကြားခဲ့သည်။
စီမံကိန်း ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီတာဝန်ခံ ရှန်သန်း က အမှာစကားပြောကြားရာတွင် ကျေးလက်လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ဦးစားပေးကဏ္ဍကြီးငါးရပ်၌ တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ မကြာမီနှစ်များအတွင်း လန်ချန်း-မဲခေါင် အထူးရန်ပုံငွေ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ၌ "သေးငယ်ပြီး ကောင်းမွန်သည့်" ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့ချရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းအများအပြားကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ သောက်သုံးရေ၊ လျှပ်စစ်ဓာတ်အား၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ဝင်ငွေတိုးမြှင့်ရေး စသည့် ကဏ္ဍများကို အဓိက ဖြေရှင်းနိုင်ခဲ့ပြီး ဒေသခံပြည်သူလူထု၏နေထိုင်မှုဘဝအတွက် ထင်သာမြင်သာသော အပြောင်းအလဲများကို ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ လက်ရှိအချိန်ထိ တရုတ်နိုင်ငံအနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၁၄၀ ခု ဖော်ဆောင်ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော် က ဧရာဝတီတိုင်းဒေသကြီးတွင် ကျေးရွာပေါင်း တစ်သောင်းကျော်ရှိရာ မြန်မာနိုင်ငံရှိ ကျေးရွာစုစုပေါင်းအရေအတွက်၏ ၁၉ ရာခိုင်နှုန်းရှိကြောင်း၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ကျေးလက်ဒေသအဆင့်မှ တွန်အားပေးခြင်းသည် ကျေးလက်ဒေသနေ ပြည်သူလူထု၏ လူမှုစီးပွားကဏ္ဍအခြေအနေကို ထိရောက်စွာ ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သလို နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"အနာဂတ်မှာ ဒီလို ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ ဆက်ရှိသွားကာ ပိုပိုကောင်းလာပြီး ကျေးရွာကို အဆက်မပြတ်တိုးတက်တဲ့၊ ဒီထက်မက သာယာလှပတဲ့ ကျေးရွာလေးအဖြစ် ပြောင်းလဲပေးမယ်လို့ မျှော်လင့်တယ်ဗျာ" ဟု ဦးအောင်စိုးက ပြောကြားခဲ့သည်။
新华社仰光8月22日电 记者张东强 8月20日上午,缅甸伊洛瓦底省央冬镇翁彬素村来了不少外地车。车子顺着新铺的水泥路,一路开进村子。综合发展中心里,早早坐满了村民——澜湄合作专项基金支持的“澜湄三角洲地区创新减贫示范村推广”项目在此举行竣工仪式。
缅甸合作社与农村发展部部长苗佐登在致辞中表示,该项目不仅惠及翁彬素村180户726名村民,也为缅甸其他地区乡村建设提供有益借鉴。
翁彬素村,一个深藏在伊洛瓦底江三角洲腹地的村庄。过去几代人,水稻种植决定了这里的生活节奏,家庭收入主要依赖农作物收成。两年前,村里道路还泥泞不堪,每逢雨季,人们要蹚着齐膝深的泥水出行;村里没电,孩子们只能借着煤油灯的微光读书。
如今,这里的生活焕然一新。村内道路干净平整,道路两旁花卉绿植生机勃勃。一座水塔高高矗立,为全村提供清洁饮用水;温室大棚内,菊花长势喜人;鱼塘里鱼儿翻腾,水面不时被搅起水花。
变化始于2024年10月12日。这一天,“澜湄三角洲地区创新减贫示范村推广”项目在此启动。项目支持改善基础设施,开展缝纫、肥皂生产、蜡烛制作和农业技术等方面的培训。
如今水泥路覆盖全村,涵洞让雨季积水不再成为困扰。孩子们可以骑自行车上学,入学率明显提高。“现在汽车都能开到家门口,生病时几分钟就能到医院。”村民埃吞说。
这条路,也成为致富路。村长梭昂基吞给记者算了一笔账:“以前路不好,稻谷运不出去,价格被压得很低。现在路通了,我们能及时把货物运到市场,稻谷价格更高了。以前买一车水要5000缅元(1美元约合2100缅元),现在家家用上自来水,一个月都用不到3000缅元。”
最让村民自豪的,是掌握了新的谋生技能。昂梭和村民合伙做起蜡烛生意,每人每月能得到分红。埃吞和几个村民一起打理温室花棚,以前露天种不好的花,现在从温室花棚里种出来,在市场上卖得很好。梭梭埃和其他几名妇女合伙生产肥皂和洗发水,还种植蘑菇和木瓜,在本村和周边村子销售。觉觉乃和其他几名村民学会了养鱼,一个养殖周期能增加500万缅元收入。这些小而美的生计项目让村民有了稳定收入。
项目还开展了缝纫技能培训。“以前,全村只有一个人会缝纫,现在很多妇女都会了,还能靠这个手艺赚钱。”梭梭埃感慨道:“起初我不相信别的国家会来帮助我们,现在人家真的帮了我们。”
在村幼儿班里,记者看到教师正在照看幼儿,学校操场旁的游乐设施上,孩子们笑声清脆悦耳。
更可贵的是,项目带来了思想观念的转变。梭昂基吞说:“村民现在明白,只要团结一心,就能成功。” 觉觉乃说:“项目启动后,我们学会了以小组的形式协作开展养殖、种植。”
在竣工仪式上,中国驻缅甸大使馆临时代办沈丹表示,农村农业发展和减贫是澜湄合作五大优先领域之一。近年来,澜湄合作专项基金支持缅方开展了多个“小而美”农村合作项目,重点解决饮水、用电、减贫、增收等方面的关切,给当地民众生活带来看得见摸得着的变化。截至目前,中方已通过澜湄合作专项基金支持缅甸实施了140个发展项目。
伊洛瓦底省首席部长埃觉表示,伊洛瓦底省有1万多个村庄,约占缅甸村庄总数的19%。通过从村级层面推动全面发展,能够有效改善农村群众的社会经济状况,助力国家减贫与长远发展。
“希望未来这些发展项目能够持续下去,并且越来越好,让村子变成一个持续进步、更加美丽宜居的村庄。”昂梭说。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ

