Dear You ရုပ်ရှင်အား မြန်မာနိုင်ငံ၌ စတင်ရုံတင်ပြသ

2026-08-24 11:08|ဆင်ဟွာသတင်း

1

တရုတ်ရုပ်ရှင် Dear You အထူးပြသပွဲအား ဩဂုတ် ၂၀ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်ပေါင်း ၂၀၀ ကျော် တက်ရောက်ရှုစားခဲ့ကြောင်း သိရသည်။

အဆိုပါရုပ်ရှင်သည် ချောင်ရှန့် ဒေသိယစကားကို အဓိကထားကာ ချောင်ဖီး (Qiaopi) မှတ်တမ်းအကြောင်းနှင့် စပ်လျဉ်း၍ ရှေးယခင်မျိုးဆက် တရုတ်လူမျိုးများ နန်ယန်ဒေသ (အရှေ့တောင်အာရှ) သို့ သွားရောက်၍ အသက်မွေးဝမ်းကျောင်းလုပ်ဆောင်နေချိန်တွင် ဇာတိမြေမှ မိသားစုဝင်များနှင့် အပြန်အလှန် သတိရတမ်းတမှု၊ ဖေးမကူညီမှု အကြောင်းကို တင်ဆက်ပြောကြားထားခြင်းဖြစ်သည်။ ပင်လယ်ရပ်ခြားတရုတ်လူမျိုးများ၏ မိသားစုထံ ပို့စာများနှင့် ငွေလွှဲစာပါဝင်သည့် "ငွေနှင့်စာစောင်" ကို "ချောင်ဖီး (Qiaopi)" ဟုခေါ်ပြီး ၎င်းသည် လွန်ခဲ့သည့်ရာစုနှစ်တွင် နန်ယန်ဒေသ (အရှေ့တောင်အာရှ) ရှိ တရုတ်လူမျိုးများနှင့် ဇာတိမြေအကြား စာပို့ဆက်သွယ်သည့် အဓိကနည်းလမ်းဖြစ်သည်။

မြန်မာ အမျိုးသမီးသရုပ်ဆောင် မယွန်းဝင့်လွှာအောင်က အဆိုပါရုပ်ရှင်တွင် ဇာတ်လမ်းအကြောင်းအရာ ကြီးကြီးမားမား အတက်အကျ အနိမ့်အမြင့်များ မရှိသော်လည်း နှလုံးသားကို ထိမိစေကြောင်း၊ ဇာတ်လမ်းအဆုံးသတ်တွင် ဝမ်းသာမျက်ရည်ကျခဲ့ရကြောင်း ရုပ်ရှင်ကြည့်ရှုပြီးနောက် သတင်းထောက်အား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်း (ELBC) ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဒေါ်သန်းဝင်းက ရုပ်ရှင်အကြောင်းအရာသည် ၎င်းဖခင်ဖြစ်သူ၏ အတွေ့အကြုံကို ပြန်လည်သတိရစေခဲ့ကြောင်း၊ ယခင်က ၎င်း၏ဖခင်သည် ငွေစုပြီးသည်နှင့် ၎င်းကို စာရေးခိုင်းပြီး ဇာတိမြေသို့ ငွေပြန်ပို့ခိုင်းခဲ့ကြောင်း ပြောကြားခဲ့သည်။

မြန်မာပြည် ချိုကြူးအမျိုးသားအသင်း ဥက္ကဋ္ဌ ဦးသိန်းဟန်က အဆိုပါရုပ်ရှင်သည် ပြည်ပတရုတ်လူမျိုးများကို ရှေးယခင်မျိုးဆက် တရုတ်လူမျိုးများ၏ ခက်ခဲပင်ပန်းမှုနှင့် ဇွဲလုံ့လဝီရိယ၊ ဇွဲလုံ့လရှိသောစိတ်ဓာတ်ကို နက်နက်ရှိုင်းရှိုင်း ခံစားသိရှိလာစေသလို တစ်ချိန်တည်းတွင် ပြည်ပတရုတ်လူမျိုးများ၏ ကြိုးစားလုပ်ကိုင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကတိတည်ယုံကြည်မှုရှိခြင်းနှင့် အချင်းချင်းရိုင်းပင်းကူညီလိုစိတ်တို့ကိုလည်း အားပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါရုပ်ရှင်ကို မြန်မာနိုင်ငံ ရုပ်ရှင်ရုံဘက်က တင်သွင်းပြသခြင်းဖြစ်ပြီး တရုတ်၊ အင်္ဂလိပ်၊ မြန်မာ ဘာသာစကားသုံးမျိုးဖြင့် စာတန်းထိုးထားကာ ဩဂုတ် ၂၁ ရက်မှစ၍ ရန်ကုန်နှင့် မန္တလေးရှိ ရုပ်ရှင်ရုံများတွင် စတင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

1

新华社仰光8月20日电 记者张东强 中国电影《给阿嬷的情书》20日在缅甸仰光首映,中缅两国各界人士200余人观影。  

这部影片以潮汕方言为主,围绕“侨批”主线,讲述老一辈华侨下南洋谋生时与家乡亲人彼此牵挂、守望相助的故事。集华侨家书和汇款凭证同体的“银信合封”被称为“侨批”,是上个世纪南洋华侨与故乡通信的主要方式。  

缅甸女演员雍温拉昂观影后对记者说,影片没有大起大落的剧情,却能触动人心,片尾段落让人喜极而泣。  

缅甸东方学校荣誉董事长曾圆香表示,影片的情节让她想起了父辈的经历。她记得,父亲当年一攒下钱就让她写信,寄钱回祖籍地。  

缅甸潮州会馆会长陈修权说,影片让海外华人深深感受到老一辈华人的艰辛和吃苦耐劳的精神,同时也激励海外华人勤奋、团结、讲信誉、乐于助人。  

据悉,该影片由缅甸院线引进,配有中英缅三语字幕,21日将在仰光和曼德勒的多家影院公映。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်