ယူနန်ပြည်နယ် နင်အယ်ခရိုင်တွင် တောရိုင်းဆင်များအား အကာအကွယ်ပေး
2026-08-24 10:43|
မကြာသေးမီရက်များတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ နင်အယ် (ဟားနီလူမျိုး၊ ယီလူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် မုန်ရှန်းမြို့နယ် ကျူဆန်းကျေးရွာ၌ တောရိုင်းအာရှဆင် အကောင် ၄၀ ကျော် လာရောက်ခဲ့သည်။ ဒေသခံ သစ်တောနှင့် မြက်ခင်းပြင်ဌာနက ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ဒရုန်းဖြင့် စောင့်ကြည့်သတိပေးခြင်း၊ သတိပေးဆိုင်းဘုတ်များနှင့် ဆင်ကာကွယ်ရေးအဆောက်အအုံများ တပ်ဆင်ခြင်း၊ ပြည်သူများအား ကာကွယ်ရေးအသိပညာပေးခြင်းစသည့် အစီအမံများကို ဆောင်ရွက်ခြင်းဖြင့် လူသားနှင့်ဆင်များ ဘေးကင်းလုံခြုံရေးကို အာမခံထား ဆောင်ရွက်ခဲ့သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ







