"ဝေဟင်ကျောင်းကား" က တိမ်တိုက်များကြားက ပညာသင်ကြားမှုလမ်းခရီးကို အားဖြည့်ပေး
2026-08-07 10:31|
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှမ်းဝေးမြို့ နီကျူးဟယ်လျှိုမြောင်ကြီး ရှုခင်းသာတွင် ဒေါင်လိုက်အမြင့် ၂၈၈ မီတာ မြင့်မားသည့် အမှတ် (၂) ချောက်ကမ်းပါးဓာတ်လှေကား "ဖူယောင်ဓာတ်လှေကား" ကို မကြာသေးမီက တရားဝင် စတင်လည်ပတ်ခဲ့သည်။ အဆိုပါဓာတ်လှေကားသည် ၂၀၂၂ ခုနှစ်တွင် စတင်လည်ပတ်အသုံးပြု၍ ၂၆၈ မီတာ မြင့်မားသည့် "ချင်းယွင်ဓာတ်လှေကား" နှင့် ယှဉ်တွဲတည်ရှိနေပြီး ဝေဟင်ကေဘယ်ကား လမ်းခရီးတစ်ခု စီးနင်းမှုနှင့် တွဲဖက်လိုက်ပါက တောင်တန်းကျေးရွာမှ အသွားတစ်ကြိမ်လျှင် အချိန် ၃ နာရီကြာမြင့်သည့် ပညာသင်ကြားမှုလမ်းခရီးမှာ မိနစ် ၃၀ အထိ လျော့နည်းသွားကာ လျှိုမြောင်ကြားမှ ကလေးငယ်များ၏ တိမ်တိုက်များကြားက ပညာသင်ကြားမှု လမ်းခရီးကို အားဖြည့်ပေးလိုက်သည်။
ရွှမ်းဝေးမြို့ ဖူလိရွာ နီကျူးဟယ်ရွာသည် နီကျူးဟယ်လျှိုမြောင်ကြီး အောက်ခြေတွင် တည်ရှိပြီး ယူနန်ပြည်နယ်နှင့် ကွေ့ကျိုးပြည်နယ် ထိစပ်ရာနေရာ၌ တည်ရှိနေသည်။ ဒေါင်လိုက်အမြင့် မီတာ ၅၀၀ ကျော် ကွာဝေးမှုက နီကျူးဟယ်မြစ်နှင့် လျှိုမြောင်ထိပ်တွင် တည်ရှိသော ကွမ်းကျိုက်ဝမ် မူလတန်းကျောင်းနှင့် လုံးဝခွဲခြားထားရာ ကျောင်းသား၊ ကျောင်းသူများက ချောက်ကမ်းပါးကို တစ်ကြိမ်တွယ်တက်လျှင်ပင် အချိန် ၃ နာရီကျော်ကြာမြင့်သည်။
၂၀၂၂ ခုနှစ်တွင် နီကျူးဟယ်လျှိုမြောင်ကြီး ရှုခင်းသာ တည်ဆောက်ပြီးစီး၍ လည်ပတ်ခဲ့ရာ ၂၆၈ မီတာ အမြင့်ရှိသည့် ဓာတ်လှေကားနှင့် အထက်အောက်အမြင့် မီတာ ၂၀၀ ကျော် ကွာဟသည့် ဝေဟင်ကေဘယ်ကားတို့ကို ဆက်တိုက်လည်ပတ်အသုံးပြုလာခဲ့သည်။ ၎င်းဓာတ်လှေကားနှင့် ကေဘယ်ကားကို နီကျူးဟယ်ရွာနှင့် ကွမ်းကျိုက်ရွာမှ ရွာသူ၊ ရွာသားများက အခမဲ့စီးနင်းနိုင်ပြီး နီကျူးဟယ်ရွာမှ ကလေးငယ်များအတွက်လည်း ကျောင်းတက်ရာတွင် ချောက်ကမ်းပါးထိပ်သို့ တိုက်ရိုက်ရောက်ရှိနိုင်သော "ဝေဟင်ကျောင်းကား" ရှိလာခဲ့ပြီဖြစ်သည်။
ချောက်ကမ်းပါးဓာတ်လှေကားနှစ်စင်း၊ ဝေဟင်ကေဘယ်ကားတို့သည် နီကျူးဟယ်ရွာ၊ ကွမ်းကျိုက်ရွာနှင့် ကျောင်းတက်နေသော ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့စီးနင်းခွင့် ကျင့်သုံးထားပြီး ဒေသန္တရအစိုးရနှင့် ရှုခင်းသာကလည်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်၊ ကျောင်းဆင်း သီးသန့်လမ်းကြောင်း ဖွင့်လှစ်ပေးကာ နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် ပြည်သူ့ရဲနှင့် ဝန်ထမ်းများ သတ်မှတ်နေရာ၌ တာဝန်ထမ်းဆောင်ကာ ကူညီဆောင်ရွက်ပေးရန် စီစဉ်ထားကြောင်း မိတ်ဆက်ချက်အရ သိရသည်။ (Xinhua)



云南省宣威市尼珠河大峡谷内,垂直高度288米的二号悬崖电梯“扶摇梯”近日正式投运,与2022年投用、高268米的“青云梯”并肩矗立,搭配一段高空缆车,将山乡学子单程3个多小时的求学路缩减至30分钟,托举起峡谷里孩子们的云端求学路。
宣威市普立乡尼珠河村坐落在尼珠河大峡谷谷底,地处云南省与贵州省交界,500余米垂直落差将谷底尼珠河村与谷顶的官寨完小分隔,学生单程攀崖就要3个多小时。2022年,尼珠河大峡谷景区建成运营,高达268米的电梯和200余米高差的高空索道缆车陆续投入使用,对尼珠河村及官寨村村民免费开放,尼珠河的孩子上学有了直达崖顶的“空中校车”。
据介绍,两座悬崖电梯、高空缆车对尼珠河村、官寨村的村民与在校学生实行免费,当地政府和景区还专门开辟学生上下学专属通道,早晚时段安排民警、工作人员定点值守护航。


အယ်ဒီတာ: မရီရီ တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ စတင်ပို့ဆောင်
