တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်ဟုန်မြို့ ကျီးနော့ရွာတွင် "မိုးသစ်တောအတွင်း ခြေကျင်ခရီးသွားကဏ္ဍ" ဖော်ဆောင်မှုဖြင့် ဝင်ငွေတိုးမြှင့်
2026-08-04 11:34|
လက်ရှိတွင် နွေရာသီအားလပ်ရက် ခရီးသွားလာမှု အထွတ်အထိပ်ကာလသို့ ရောက်ရှိနေရာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ကျင်ဟုန်မြို့ ကျီးနော့တောင် ကျီးနော့လူမျိုးကျေးရွာ၏ မိုးသစ်တောအတွင်း ခြေကျင်ခရီးသွားမှုသည် တစ်နှစ်တာအတွင်း သွားလာမှုအများဆုံးကာလသို့ ရောက်ရှိလာလျက်ရှိသည်။ ကျီးနော့လူမျိုးကျေးရွာ ရိုးလဲ့ကျေးရွာကော်မတီ ပါးတော် ရွာသူ၊ ရွာသားအဖွဲ့ငယ်၏ မိုးသစ်တောအတွင်း ခြေကျင်ခရီးသွားမှုလမ်းကြောင်းသို့ ဝင်ရောက်သွားချိန်တွင် ခရီးသွားဧည့်သည် အများအပြားက "ကျေးရွာဧည့်လမ်းညွှန်" ၏ ဦးဆောင်မှုအောက်တွင် မိုးသစ်တောအတွင်း၌ စနစ်တကျသွားလာနေပြီး မိုးသစ်တောကို ဖြတ်သန်းသည့် ပျော်ရွှင်ဖွယ်ခရီးကို စတင်လျက်ရှိသည်။
ပါးတော်ရွာသူ၊ ရွာသားအဖွဲ့ငယ်သည် ကျီးနော့တောင် ကျီးနော့လူမျိုးကျေးရွာက ပထမဆုံး မိုးသစ်တော ခြေကျင်ခရီးအစီအစဉ်ကို လုပ်ကိုင်သည့် ကျေးရွာငယ်များအနက် တစ်ရွာဖြစ်သည်။ လတ်တလောနှစ်အနည်းငယ်တွင် ပါးတော်ရွာသူ၊ ရွာသားအဖွဲ့ငယ်သည် ကုမ္ပဏီထူထောင်၍ မိုးသစ်တော ခြေကျင်ခရီးအစီအစဉ်ကို လုပ်ကိုင်ခဲ့ရာ ရွာသူ၊ ရွာသားများကလည်း တည်းခိုခန်းနှင့် စားသောက်ဆိုင် လုပ်ငန်းများ ဆက်တိုက် ဖွင့်လှစ်လုပ်ကိုင်လာကြသဖြင့် ရွာထဲမှထွက်စရာမလိုဘဲ "စားသောက်နေထိုင်လည်ပတ်မှုကို တစ်နေရာတည်းတွင် ရရှိနိုင်သည့်" ဝန်ဆောင်မှုအဖြစ် ပုံပေါ်လာခဲ့သည်။ မိုးသစ်တောတွင် ခြေကျင်ခရီးသွားမှုသည် ရွာထဲနှင့် အနီးတစ်ဝိုက်ပြည်သူများအတွက် ဧည့်လမ်းညွှန်၊ ထောက်ပံ့ရေး စသည့်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလိုက်ပြီး လက်ဖက်ခြောက် စသည့် ဒေသထွက်ကုန်များ ရောင်းချမှုပါ ပါဝင်သဖြင့် ရွာသူ၊ ရွာသားများ ဝင်ငွေတိုးလာစေကာ တည်ငြိမ်သော ဝင်ငွေတိုးသည့် လမ်းကြောင်းသစ်တစ်ခုကို ဖောက်လုပ်ပေးလိုက်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ








