ချန်နင်ခရိုင် ကာစီမြို့နယ်၌ ကြွပ်ရွနူးညံ့သော ကညွတ်စားပွဲတစ်ခုဖြင့် နွေရာသီအပူဒဏ် ပြေပျောက်စေခြင်း
2026-07-31 18:18|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) နွေခေါင်ခေါင်ကာလတွင် ပေါင်ဆန်းမြို့ ချန်နင်ခရိုင် ကာစီမြို့နယ်ရှိ တရုတ်မိုထောင်နှင့်ချီသော ကညွတ်စိုက်ပျိုးရေး အခြေခံစခန်းသည် စိမ်းလန်းစိုပြေ၍ ကညွတ်နုများ မြေမှထွက်ပြီး မွှေးရနံ့ နှာခေါင်းထဲ တိုးဝင်လာသည်။ "ဟင်းသီးဟင်းရွက်များ၏ဘုရင်"ဟူသော နာမည်ကောင်းရှိသည့် ကညွတ်သည် အဆီနည်းပြီး အမျှင်ဓာတ်များ၍ ဗီတာမင်နှင့် အေမီနိုအက်ဆစ်အမျိုးမျိုးရှိကာ ကိုယ်ပူကျစေခြင်း၊ အဆီပြေစေခြင်း၊ ရေငတ်ပြေစေခြင်း၊ အရသာရှိခြင်းတို့ကြောင့် နွေရာသီနှင့် အထူးသင့်လျော်သော ရာသီအလိုက် စားသုံးဖွယ်ရာတစ်မျိုး ဖြစ်သည်။ ဤအချိန်ကာလတွင် ဒေသခံများသည် ကညွတ်များကို အချိန်မီ ခူးဆွတ်ယူဆောင်လာပြီးနောက် လတ်ဆတ်ပြီး အရသာရှိသော ကညွတ်စားပွဲတစ်ခုကို အကွက်စေ့စေ့ ချက်ပြုတ်လျက်ရှိကြ၍ လူများအား စားသုံးပြီးနောက် နွေရာသီ၏ အေးမြမှုကို ချက်ချင်းခံစားစေပါသည်။
လတ်ဆတ်သော ကညွတ်ဖျော်ရည်၊ ကညွတ်ပြုတ်၊ ကညွတ်သုပ်၊ ကညွတ်ပုစွန်ကြော်၊ ကညွတ်အမဲသားကြော်၊ ကညွတဝက်ပေါင်ခြောက်ကြော်၊ ကညွတ်ကြက်ဥပူတင်းအငန်၊ ကညွတ်ကြက်သားပြုတ် စသည်တို့ပါဝင်ထားသော ကညွှတ်စားပွဲတစ်ခုလုံးတွင် ဖျော်ရည်အေး၊ ဟင်းလျာအေး၊ ဟင်းလျာကြော်များမှ ဟင်းချိုနှင့် ဟင်းလျာပေါင်းများအထိ၊ ကညွတ်တစ်ပင်ကို အရသာ ဆယ်မျိုးကျော်ဖြစ်အောင် ဖန်တီးနိုင်ပါသည်။ နွေရာသီ၏ ဆီများအီခြင်းကို ဖယ်ရှားလိုက်ပြီး တောတောင်အကြားမှ သန့်စင်ခြင်းနှင့် လတ်ဆတ်မှုကိုသာ ကျန်ရှိတော့သည်။ ကာစီမြို့နယ်သို့ ကညွတ်နှင့် ဆုံတွေ့သွားရန် နူးညံ့ချိုမြိန်သော အရသာထဲတွင် နွေရာသီအပူဒဏ်ကို ပြေပျောက်စေလိုက်ပါ။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- မြို့တစ်မြို့လုံးတွင် ကြယ်ငါးပွင့်အလံနီများ တလူလူလွင့်ပျံနေပြီး ကူမင်းမြို့ရှိ ဟိုင်ကေရေကာတာတွင် ကြီးကျယ်ခမ်းနားစွာ အလှဆင်ထား
- တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း၊ ယူနန်ကော်ဖီကို သိရှိခံစားရန် ကူမင်းမြို့သည် ကမ္ဘာအား ဖိတ်ခေါ်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အာဆီယံနိုင်ငံများမှ ဒူးရင်းလုပ်ငန်းများ တရုတ်နိုင်ငံ ကူမင်းမြို့တွင် လာရောက် "ဆုံစည်း"
- တရုတ်-လာအို ရထားလမ်း စုစုပေါင်း ကုန်စည် တင်သွင်း၊ တင်ပို့မှုတန်ဖိုး ယွမ် ၁၀၀ ဘီလီယံ ကျော်လွန်
- စိုက်ခင်းများမှ "အာရှပန်းမြို့တော်" အထိ ယူနန်ပြည်နယ် ပန်းများ၏ ခရီးစဉ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ








