တယ်ဟုန်ပြည်နယ်ခွဲ ယင်ကျန်ခရိုင်၌ အောက်ချင်းငှက်ငယ်များ အသိုက်များမှ ထွက်လာ၊ မိုးသစ်တောတွင် သက်ရှိအသစ်များ ပေါ်ထွန်း
2026-07-31 17:14|
(ရောင်စုံတိမ်တံတား၊ မရီရီ) လက်ရှိကာလတွင် ယူနန်ပြည်နယ် တယ်ဟုန် တိုင်လူမျိုး၊ ဂျိန်းဖော့လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ယင်ကျန်ခရိုင် "အောက်ချင်းငှက်ချိုင့်ဝှမ်း"၌ အောက်ချင်းငှက်များ "အသိုက်မှ ပျံထွက်ရာသီ" သို့ ရောက်ရှိနေသည်။ မကြာသေးမီက ဓာတ်ပုံဆရာတစ်ဦးသည် အောက်ချင်းငှက်အသိုက် ၃ ခုမှ ငှက်ငယ်များ အသိုက်မှထွက်ခိုက် ရုပ်ပုံများကို ဖမ်းယူရရှိခဲ့သည်။
မကြာသေးမီနှစ်များအတွင်း တယ်ဟုန် တိုင်လူမျိုး၊ ဂျိန်းဖော့လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲသည် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးလုပ်ငန်းကို စဉ်ဆက်မပြတ် နက်ရှိုင်းစွာ ဆောင်ရွက်လျက်ရှိပြီး မိုးသစ်တောမူလအပင်များ ကာကွယ်ရေး၊ တောရိုင်းတိရစ္ဆာန် နေထိုင်သည့် စင်္ကြံလမ်းကြောင်းများ ပြန်လည်ထိန်းသိမ်းရေး၊ ငှက်များ ဆွဲဆောင်ရန် ငှက်သိုက်အိမ်များ သိပ္ပံနည်းကျ နေရာချထားရေး၊ ပုံမှန် ကင်းလှည့်စောင့်ကြည့်စစ်ဆေးရေး၊ လူသားတို့၏ အနှောင့်အယှက်ပြုမှုကို တင်းကျပ်စွာ ထိန်းချုပ်ရေး စသည့် အစီအမံများစွာဖြင့် အောက်ချင်းငှက်များ၏ ရှင်သန်ပေါက်ပွားနိုင်သည့် ပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




