နွေရာသီတွင် ယူနန်ပြည်နယ်၌ ဖြည်းဖြည်းချင်းလျှောက်လည်ပြီး ထွေပြားစုံလင်သော အားလပ်ရက်များနှင့် တွေ့ကြုံ
2026-07-29 18:13|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) နွေရာသီစတင်ခြင်းနှင့်အမျှ ယူနန်ပြည်နယ်၏ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းသည် ဆက်လက်ရေပန်းစားလာသည်၊ နွေအပူဒဏ်ရှောင်ရန် ကျန်းမာရေး အပန်းဖြေအနားယူခြင်း၊ သုတေသနပြု လေ့လာရေးခရီးစဉ်၊ တိုင်းရင်းသားရိုးရာပွဲတော်များ တွေ့ကြုံခံစားမှု စသည့် လုပ်ငန်းအမျိုးမျိုးကို စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်ခဲ့သည်။ သာယာအေးမြသော ရာသီဥတုနှင့် ပေါများနက်ရှိုင်းသော ယဉ်ကျေးမှုအရင်းအမြစ်များကို အခြေခံအားဖြင့် ပြည်နယ်တစ်ခုလုံးရှိ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဈေးကွက်သည် သက်ဝင်အားအသစ်ကို ဆက်လက်ထုတ်လွှတ်ပြီး ဒေသတစ်ဝှမ်းရှိ ခရီးသွားလုပ်ငန်း၏ ဆွဲဆောင်နိုင်စွမ်းမှာလည်း ဆက်လက် တိုးမြင့်လာခဲ့သည်။ ခရီးသည်များသည် ကြာပန်းများအကြား ကော်ဖီသောက်ရင်း အချိန်ကို အေးအေးဆေးဆေး ခံစားခဲ့ကြသည်၊ သို့မဟုတ် တိုင်းရင်းသားယဉ်ကျေးမှု၏ ညှို့နိုင်စွမ်းကို နှစ်မြှုပ်စွာ ခံစားခဲ့ကြသည်၊ လမ်းလျှောက်ပြီး တွေ့ကြုံခံစားရင်း နွေရာသီတွင် ယူနန်ပြည်နယ်၏ တမူထူးခြားသော အေးဆေးငြိမ်သက်မှုနှင့် ရွှန်းတင့်မှုများနှင့် တွေ့ကြုံခဲ့ကြသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ စတင်ပို့ဆောင်




























