ပဉ္စမအကြိမ်မြောက် ယူနန် နိုင်ငံတကာဖြန့်ချိရေးဖိုရမ်အား တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား၌ ကျင်းပ
2026-07-20 15:33|
ပဉ္စမအကြိမ်မြောက် ယူနန် နိုင်ငံတကာဖြန့်ချိရေးဖိုရမ်ကို ဇူလိုင် ၁၆ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၌ ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်တွင် တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်၊ မီဒီယာနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားလှယ်တို့က ကမ္ဘာ့အမွေအနှစ် ကာကွယ်ထိန်းသိမ်းမှု၊ ဒေသတွင်းနိုင်ငံဆိုင်ရာ သုတေသနလေ့လာမှု စသည့် နိုင်ငံတကာဖြန့်ချိရေး အကြောင်းအရာများနှင့်စပ်လျဉ်း၍ ကူးလူးဖလှယ်ပြီး နိုင်ငံတကာဖြန့်ချိရေး ယန္တရားအသစ်၊ လမ်းကြောင်းအသစ်အား အတူဆွေးနွေးခဲ့ကြသည်။
ဖိုရမ်တွင် ဆင်ဟွာသတင်းဌာန နိုင်ငံအဆင့်မြင့် Think Tank အဖွဲ့၏ "လူသားနှင့်သဘာဝ သဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်မှု - တရုတ်တောဆင်ရိုင်းဥယျာဉ်၏ ဂေဟယဉ်ကျေးမှု လျှို့ဝှက်ချက်" အစီရင်ခံစာအား ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာတွင် တောဆင်ရိုင်း ကာကွယ်ထိန်းသိမ်းရေးအတွက် တရုတ်နမူနာကို ထဲထဲဝင်ဝင် အဓိပ္ပာယ်ဖွင့်ဆိုထားပြီး လူသားနှင့် သဘာဝ သဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်သည့် ခေတ်မီအသွင်ပြောင်းမှုဆီသို့ တက်လှမ်းသည့် အတွေ့အကြုံလမ်းစဖွင့်မှုများကို အနှစ်ချုပ်ကောက်နုတ်ထားကြောင်း သိရသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ





