ယာဉ်သွားလာပြေးဆွဲသည့်နှစ် ၅၀ အကြာကာလတွင် ယူနန်-ရှီးဇန့်ကားလမ်းက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်မှု လမ်းခရီးကို ချိတ်ဆက်ပေး
2026-07-08 15:22|
၁၉၇၆ ခုနှစ်တွင် ဇူလိုင် ၆ ရက်တွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနယ်စပ်ဒေသ အရေးကြီးလမ်းကြောင်း ယူနန်-ရှီးဇန့်ကားလမ်း တည်ဆောက်ပြီးစီး၍ ယာဉ်များ စတင်ဖြတ်သန်းသွားလာ အသုံးပြုခဲ့သည်။ အဆိုပါ တောင်ပိုင်းတွင် ယူနန်ပြည်နယ် တာ့လီမြို့ ရှကွမ်းဒေသမှစတင်၍ မြောက်ပိုင်းတွင် ရှီးဇန့်ဒေသ ချန်းတူးမြို့ မန်ခန်းခရိုင်အထိ သွယ်တန်းထားသော ကားလမ်းသည် စုစုပေါင်းအရှည် ၇၁၅ ကီလိုမီတာရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသော တောင်တန်းများကို ကျော်ဖြတ်၍ ယူနန်-ရှီးဇန့် ဒေသနှစ်ခု၏ သဘာဝပထဝီ တည်နေရာအတားအဆီးများကို ဖောက်လုပ်ချိတ်ဆက်ပေးခဲ့သည်။
၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်တွင် ယူနန်-ရှီးဇန့်ကားလမ်း တည်ဆောက်ပြီးစီးအသုံးပြုမှု နှစ် ၅၀ ပြည့်ခဲ့သည်။ နှစ် ၅၀ အတွင်း အဆိုပါလူအင်အားဖြင့် ဖောက်လုပ်ထားသော နယ်စပ်ကားလမ်းသည် အကြိမ်များစွာ အဆင့်မြှင့်တင်တည်ဆောက်ပြီးနောက် လုံခြုံဖြောင့်ဖြူးသော ခေတ်မီကုန်းပြင်မြင့်ကားလမ်းဖြစ်လာခဲ့သည်။ ယဉ်ကျေးမှုခရီးသွားလာရေး၊ ထူးခြားချက်ရှိသော စိုက်ပျိုးရေးလုပ်ငန်း စသည့် လုပ်ငန်းအသစ်များ ပေါ်ထွန်းလာခဲ့သလို ဒေသတွင်းညှိနှိုင်းဆောင်ရွက်မှု၊ တိုင်းရင်းသားပြည်သူများ အတူတကွကြွယ်ဝမှုအတွက် ဖွံ့ဖြိုးတိုးတက်မှု လမ်းခရီးကို ချိတ်ဆက်ပေးကာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း နယ်စပ်ဒေသ အခြေခံအဆောက်အဦဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး၍ ပြည်သူလူနေမှုဘဝ အကျိုးပြုမှု၏ အရေးကြီးရလဒ်ဖြစ်လာခဲ့သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




