ကမ္ဘောဒီးယားက လာအိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့သောလမ်းကြောင်း ဖွင့်လှစ်

2026-06-25 11:32|ဆင်ဟွာသတင်း

1

ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးမွေးမြူရေးလုပ်ငန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Khim Finan က ကမ္ဘောဒီးယားနိုင်ငံသည် လာအိုကုန်းလမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့သော ပထမဆုံးလမ်းကြောင်းကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

လတ်ဆတ်သော ဒူးရင်းသီးများ တင်ဆောင်ထားသော ကွန်တိန်နာ ၄ ခုသည် ကမ္ဘောဒီးယားမှ လာအိုကို ဖြတ်သန်း၍ တရုတ်သို့ သယ်ယူပို့ဆောင်ခဲ့ကြောင်း၊ ယင်းမှာ ကမ္ဘောဒီးယား စိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံသို့ ပို့ဆောင်သော "လမ်းကြောင်းအသစ်" ဖြစ်ပြီး "သယ်ယူပို့ဆောင်ရေး ကြာချိန်ကို ၁၅ ရက်မှ ရက် ၂၀ ကနေ ရက်သတ္တပတ်အထိ လျှော့ချပေးသွားမှာမို့လို့ ကမ္ဘောဒီးယားစိုက်ပျိုးရေးထွက်ကုန်တွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးသွားမှာဖြစ်တယ်" ဟု Khim Finan က စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးမွေးမြူရေးလုပ်ငန်းဝန်ကြီးဌာန၏ တရားဝင် ဆိုရှယ်မီဒီယာအကောင့်တွင် ထုတ်ပြန်ခဲ့သော ဗီဒီယို၌ ပြောကြားခဲ့သည်။

ဤလမ်းကြောင်းအသစ်သည် ကမ္ဘောဒီးယားမှ ဆန်၊ ဒူးရင်းသီး၊ ငှက်ပျောသီး စသည့် စိုက်ပျိုးရေးထွက်ကုန်များကို တရုတ်နိုင်ငံဈေးကွက်သို့ တိုက်ရိုက်တင်ပို့သည့် လုပ်ငန်းစဉ်များကို တိုတောင်းသွားစေကြောင်း Khim Finan က ပြောကြားခဲ့သည်။

1

新华社金边6月22日电 记者吴长伟 柬埔寨农林渔业部发言人金菲南22日表示,柬埔寨已开通首条农产品经老挝陆路出口中国的线路。

金菲南在农林渔业部官方社交媒体账号发布的视频中说,四个装载新鲜榴莲的集装箱已从柬埔寨经老挝运往中国,这是柬埔寨农产品输往中国的“新路线”,“将运输时间从15到20天缩短至一周,提高了柬埔寨农产品的竞争力”。

金菲南表示,这条新路线缩短了柬埔寨大米、榴莲、香蕉等农产品直接出口到中国市场的流程。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်