၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် အမြဲလာရောက်ပြသသည့် ပါကစ္စတန် ကုန်သည်က တရုတ်ဈေးကွက်အလားအလာအပေါ် အကောင်းမြင်
2026-06-17 09:47|
၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ တောင်အာရှပြခန်း၏ ပါကစ္စတန်ပြခန်းဇုန်သို့ ဝင်ရောက်သွားချိန်တွင် သင်းကြိုင်သော အမွှေးအကြိုင်နှင့် သစ်သားပန်းပုမွှေးရနံ့များ သင်းပျံ့လျက်ရှိသည်။ ပြခန်းဇုန်အတွင်း၌ ထူးခြားချက်ရှိသော ကုန်ပစ္စည်းများကို အမျိုးစုံလင်စွာတွေ့မြင်ရပြီး တိုင်းတစ်ပါးပွဲဈေးထဲသို့ ရောက်သွားသည့်အလားပင်ဖြစ်သည်။
ပြည့်ကျပ်နေသော လူအုပ်ကြီးကို ကျော်ဖြတ်လာပြီး ပြခန်းဇုန် အလယ်ပိုင်း ဝဲဘက်ခြမ်းသို့ ရောက်လာပါက ထောင်ထောင်မောင်းမောင်း ပါကစ္စတန် အမျိုးသားတစ်ဦးက ဖောက်သည်များထံ မိမိထုတ်ကုန်များ မိတ်ဆက်ပြောကြားရန် အလုပ်များနေသည်ကို တွေ့မြင်နိုင်ပေသည်။ ၎င်းသည် မကြာခဏဆိုသလို ခြေဟန်လက်ဟန်များဖြင့်ပါ အဆိုပါပရိဘောဂများ အသုံးပြုရသည့် ခံစားချက်ကို သက်ဝင်လှုပ်ရှားစွာ ပြောကြားနေသလို တစ်ခါတစ်ရံလည်း ဖောက်သည်များ၏ အကြိုက်အပေါ် လက်မထောင်ပြ၍ ချီးကျူးခဲ့သည်။ အဆိုပါအမျိုးသား၏အမည်သည် Saad ဖြစ်သည်။ ၎င်းသည် ၂၀၁၃ ခုနှစ်ကတည်းက မိမိဒေသတွင် ထုတ်လုပ်သည့် မဟော်ဂနီသစ်သားပရိဘောဂများကို သယ်ဆောင်ပြီး ကူမင်းမြို့သို့ လာရောက်ကာ ပထမအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် ပါဝင်ပြသခဲ့သည်။ ထိုအချိန်မှစ၍ အကြိမ်တိုင်း ပျက်ကွက်ခြင်းမရှိဘဲ လာရောက်ပြသခဲ့ရာ "အတန်းမှန်သူ" စစ်စစ် ဖြစ်လာခဲ့သည်။
တရုတ်-တောင်အာရှ ကုန်စည်ပြပွဲအား ၁၀ ကြိမ် ပါဝင်ပြသခဲ့ရာတွင် Saad သည် ပြောင်းလဲမှုများစွာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်။ ပြခန်းနေရာ ပိုမိုကျယ်ပြန့်လာခြင်း၊ ပါဝင်ပြသသည့်နိုင်ငံများ ပိုမိုများပြားလာခြင်း၊ ဖောက်သည်နှင့် လုပ်ငန်းအမှာစာများလည်း ထိုနည်းလည်းကောင်း ပိုမိုတိုးပွားလာခြင်းတို့ဖြစ်သည်။ ၎င်းကို ပို၍ ဝမ်းမြောက်စေသည်မှာ ပြခန်းဝန်ဆောင်မှုများလည်း ပိုမိုနွေးထွေးပြည့်စုံလာမှုပင်ဖြစ်သည်။ "အရင်က ကိုယ့်ဘာသာ ဘာသာပြန်ရှာရတယ်။ အကောက်ခွန်ဖြတ်သန်းဖို့ လုပ်ငန်းတွေလုပ်ရတယ်။ ကိုယ်တိုင် လူရှာပြီး ပစ္စည်းသယ်၊ ပစ္စည်းပို့ရတယ်။ အခု One Stop Service နဲ့ အကုန်လုံး ကျွန်တော်တို့ကို ဖြေရှင်းပေးလိုက်တယ်။ ရင်ထဲမှာ အလွန်နွေးထွေးသလို ခံစားရတယ်" ဟု Saad က ဆိုသည်။ ၎င်းတစ်ကြိမ်ပြီးတစ်ကြိမ် ဤနေရာသို့လာရောက်၍ ပရိဘောဂလုပ်ငန်း လုပ်ကိုင်ရန် ပံ့ပိုးပေးနေသည်မှာ တရုတ်နိုင်ငံ၏ အားကောင်းသော ကုန်စည်ပို့ဆောင်ရေး စွမ်းရည်လည်းပါဝင်ကြောင်း၊ "ဖောက်သည်တွေက ကျွန်တော်တို့ပရိဘောဂတွေကို ကြိုက်သွားရင် လိပ်စာနဲ့ ဖုန်းနံပါတ် ချန်ထားခဲ့တယ်။ အမြန်ချောပို့က အမြန်ဆုံး အိမ်အရောက်ပို့ဆောင်ပေးနိုင်တယ်။ စိတ်သက်သာရာရသလို လူလည်းမပင်ပန်းဘူး" ဟု Saad က ပြောကြားခဲ့သည်။
ပြခန်းရှေ့တွင် အဆက်မပြတ်လာရောက်နေသော ဖောက်သည်များကို ကြည့်ရှုလျက် Saad က တရုတ်-တောင်အာရှ ကုန်စည်ပြပွဲမှတစ်ဆင့် ၎င်းသည် အမှာစာများစွာ ရရှိခဲ့သည်သာမက တောင်အာရှနှင့် တစ်ကမ္ဘာလုံးမှ ပြခန်းပြသသူများနှင့် မိတ်ဖွဲ့ချိတ်ဆက်နိုင်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ပြပွဲတွင် တိုးတက်နေသော စီးပွားရေးရှင်သန်တက်ကြွမှုများကြောင့် ၎င်းသည် အကန့်အသတ်မဲ့ဖြစ်နိုင်ခြေများကို တွေ့မြင်လာသလို တရုတ်ဈေးကွက်အပေါ် ယုံကြည်မှုများလည်း ခိုင်မြဲလာခဲ့ပေသည်။
走进第10届中国—南亚博览会南亚馆的巴基斯坦展区,浓郁的香料与木雕香气扑面而来,展区内各类特色展品琳琅满目,仿佛踏入异域集市。
穿过熙熙攘攘的人群,来到展区中段左侧,便能看到一位高大的巴基斯坦汉子忙着向顾客推介自家的产品。他时而手舞足蹈、绘声绘色地描绘使用这些家具的感受,时而对顾客的品味竖起大拇指表示称赞。他叫萨阿德。2013年,他就开始带着家乡生产的红木制品来到昆明参加首届南博会,自此届届不落,成了名副其实的“全勤生”。
参展十届南博,萨阿德亲历了太多变化:展会场馆越来越宽敞,参展国家越来越多,顾客和生意也随之增多,更让他欣喜的是展会服务也越来越贴心。“过去得自己找翻译、跑报关手续,自己找人拉货送货,现在‘一站式’服务全都帮我们解决了,心里特别温暖。”萨阿德说,支撑他一次次辗转来到这里做家具生意的,还有中国强大的物流能力。“顾客只要看上我们的家具,留下地址、电话,快递很快就能送到家,省心又省力!”
看着展位前络绎不绝的顾客,萨阿德说,通过南博会,他不仅收获了大量的订单,还与来自整个南亚乃至全球的展商建立了联系,谋求合作。展会上蓬勃的经济活力让他看到了无限可能,也坚定了他对中国市场的信心。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့






