၂၀၂၆ ခုနှစ် ပိုးလမ်းမ ဝတ်စုံများ၊ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ဖက်ရှင်သီတင်းပတ် ဖွင့်လှစ်ကျင်းပ
2026-06-15 14:41|
၂၀၂၆ ခုနှစ် ပိုးလမ်းမ ဝတ်စုံများ၊ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ဖက်ရှင်သီတင်းပတ်ကို ဇွန် ၁၂ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ တျန်းချီ နိုင်ငံတကာ ကွန်ဗင်းရှင်းစင်တာတွင် ဖွင့်လှစ်ကျင်းပခဲ့သည်။
၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၏ တွဲဖက်အခမ်းအနားများအနက် တစ်ခုအနေဖြင့် ယခုဖက်ရှင်သီတင်းပတ်သည် ယူနန်ချူရှုန်မှ ယီလူမျိုး ပန်းချည်ထိုးခြင်းကို ချိတ်ဆက်မှုတစ်ခုအဖြစ်ထားရှိကာ ပြည်တွင်းပြည်ပမှ ဝတ်စားဆင်ယင်မှုဆိုင်ရာ ယဉ်ကျေးမှု အနှစ်သာရ စုစည်းပေးခဲ့ပြီး လက်ဆင့်ကမ်းမှုနှင့် ဆန်းသစ်တီထွင်မှု၊ ရိုးရာဓလေ့နှင့် ခေတ်မီမှု၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်နှင့် ဖက်ရှင်၊ နည်းပညာနှင့် အနုပညာတို့ ပေါင်းစည်းမှု အလှတရားကို ပြသခဲ့သည်။
ယခုအကြိမ်ဖက်ရှင်သီတင်းပတ်သည် ပြည်တွင်းပြည်ပမှ ဝတ်စုံတန်ဆာ အမှတ်တံဆိပ်များ၊ ယီလူမျိုး ပန်းချည်ထိုးမှု အမွေဆက်ခံသူများနှင့် ဒီဇိုင်နာအဖွဲ့တို့က အထူးမြှင့်တင်မိတ်ဆက်ပွဲ အခမ်းအနား ၁၉ ခု ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ နိုင်ငံနယ်နိမိတ်များကို ကျော်လွန်ပြီး တိုင်းရင်းသားဝိသေသလက္ခဏာများကို ပေါင်းစည်းထားသည့် ဖက်ရှင်ပြပွဲတစ်ခုကို အတူတကွ တင်ဆက်ပြသကာ မတူညီသောယဉ်ကျေးမှုများအကြား ဖလှယ်မှုနှင့် အပြန်အလှန်သင်ယူမှုအား မြှင့်တင်ပေးမည်ဖြစ်သလို ပြည်သူများအကြား စိတ်နှလုံးချင်း ဆက်နွှယ်မှုကို အားဖြည့်ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ စတင်ပို့ဆောင်







