ယူနန်ပြည်နယ် အယ်ယွမ်ခရိုင်မှ "ပန်းဖြူလေး" ပွင့်လန်းလာပုံကို Time-lapse ရိုက်ကူးမှုဖြင့် ကြည့်ရှုခြင်း

2026-06-08 10:05|ဆင်ဟွာသတင်း

ဇွန် ၅ ရက်သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်သည်။ Time-lapse ရိုက်ကူးမှုအောက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ အယ်ယွမ်ခရိုင်မှ Ottelia acuminata ပန်းနှင့် ကြာဖြူပန်း၏ အဝါရောင်ဝတ်ဆံ အဖြူရောင် ပွင့်ချပ်များ တဖြည်းဖြည်းချင်း ဝေဆာပွင့်လန်းလာသည်။ ကြာဖြူပန်းကို မွန်းတည့်ကြာဟုလည်း ခေါ်ဆိုပြီး မွန်းတည့်ချိန်တွင် ပွင့်လန်းလေ့ရှိသည်။ Ottelia acuminata ပန်းကမူ ရေအရည်အသွေးအပေါ် တောင်းဆိုချက်မြင့်မားပြီး ရေပတ်ဝန်းကျင်အား စမ်းသပ်ခြင်းနှင့် ပြောင်းလဲခြင်းအား ဖော်ပြသည့် ကိရိယာဖြစ်သလို ဒေသတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးပန်းနှင့် ကြွယ်ဝရေးပန်းလည်းဖြစ်သည်။ ပန်းနှစ်မျိုး အပြိုင်အဆိုင် ပွင့်လန်းနေသည်က ကြည်လင်သောရေပြင်တွင် ပန်းဖြူလွှလွှဖြင့် နွေရာသီ ဂေဟအလှတရားကို တင်ဆက်ပြသနေခြင်းလည်းဖြစ်ပေသည်။ (Xinhua)

【解说】 6月5日是世界环境日。延时镜头下,云南省大理白族自治州洱源县海菜花与茈碧花白瓣黄蕊,次第舒展。茈碧花又称子午莲,正午盛开。海菜花对水质要求极高,是水环境的“试金石”和“风向标”,也是当地的“环保花”和“致富花”。两花竞放,水清花白,尽显夏日生态之美。

အယ်ဒီတာ: မရီရီ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်