လျှပ်စစ်တာဝါတိုင်ပေါ်က သပ်ရပ်လှပသည့် ငှက်သိုက်လေးများ
2026-05-27 15:51|
ယူနန်ပြည်နယ်သည် ဇီဝမျိုးစုံမျိုးကွဲများ အလွန်ကြွယ်ဝသည့် ဒေသတစ်ခုဖြစ်ပြီး အသွင်အရောင်အသွေး စုံလင်လှသည့် ငှက်မျိုးစိတ်များစွာ ရှင်သန်ပေါက်ဖွားရာ နေရာလည်း ဖြစ်ပေသည်။ သို့သော် ငှက်ကလေးများသည် လျှပ်စစ်ဓာတ်အားပေး တာဝါတိုင်များပေါ်တွင် အသိုက်ဆောက်လေ့ရှိကြရာ ယင်းမှာ ဓာတ်အားလိုင်း ပြတ်တောက်မှုဖြစ်လွယ်စေရုံသာမက ငှက်ကလေးများ၏ ဘေးကင်းလုံခြုံရေးကိုပါ စိုးရိမ်ရသည့် ကိစ္စရပ်တစ်ခုဖြစ်လာသည်။ လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း ယူနန်ပြည်နယ် ကူမင်းမြို့တွင် ငှက်များကြောင့်ဖြစ်ရသည့် ဓာတ်အားလိုင်း ချို့ယွင်းမှုမှာ စုစုပေါင်းချို့ယွင်းမှုဖြစ်ပွားသည့်ပမာဏ၏ ၁၃ ရာခိုင်နှုန်းခန့်အထိ ရှိခဲ့ပြီး သမားရိုးကျသုံးစွဲသည့် ငှက်ကာကွယ်ရေးပစ္စည်းများ၏ ထိရောက်မှုမှာ အကန့်အသတ် ရှိပေသည်။
တရုတ်နိုင်ငံ တောင်ပိုင်း လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက် (CSG) ယူနန်ပြည်နယ် ကူမင်းဓာတ်အားပေးဗျူရို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး စီမံခန့်ခွဲမှုဌာနတစ်ခုမှ ဝန်ထမ်းများသည် ငှက်ကလေးများ၏ သဘာဝအလေ့အထများကို အခြေခံ၍ ဝါးခြင်းတောင်း၊ သံဘောင်များဖြင့် ကိုယ်တိုင်ပြုလုပ်ထားသော လူလုပ်ငှက်သိုက်များကို ငှက်များ မကြာခဏလာရောက်ကျက်စားလေ့ရှိသည့် လျှပ်စစ်ဓာတ်အားလိုင်း ဧရိယာများတွင် တပ်ဆင်ပေးခဲ့သည်။ ထို့အပြင် ငှက်သိုက်များ ခိုင်ခံ့စေရန်၊ ဥဝပ်ရန် ကိရိယာများကိုပါ တပ်ဆင်ပေးထားရာ ငှက်များအတွက် တည်ငြိမ်မှုနှင့် ဘေးကင်းလုံခြုံမှုကို သေချာစေခဲ့သဖြင့် ငှက်များနှင့် ဓာတ်အားလိုင်းများ နှစ်မျိုးလုံးကို အကာအကွယ်လည်းဖြစ်၊ အကျိုးလည်းရှိစေမည့် ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့သည်။
云南省生物多样性极其丰富,也孕育了多姿多彩的鸟类。然而鸟类在输电铁塔筑巢,容易引发线路跳闸、危及鸟类安全的问题。近5年来,云南昆明鸟害导致的输电线路缺陷约占总缺陷的13%,传统防鸟装备效果有限。
南方电网云南昆明供电局输电管理一所工作人员结合鸟类习性,用竹篮、铁架自制人工鸟巢安装在鸟类活动频繁的输电线路区段,同时还配备了固定装置和孵化装置,确保稳定性和安全性,实现护鸟与护网双向共赢。(作者:王安浩维、曹春霞、钱昶旭)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့
- ရပ်ဝန်းနှင့် ပိုးလမ်းမ၊ ကူမင်းမြို့မှ စတင်ထွက်ခွာပြီး လာအိုသို့ ရထားဖြင့် အလည်သွားခြင်း
