မြောက်ယဉ်စွန်းတန်းထက်က "သက်ရှိအိုအေစစ်" အား စောင့်ရှောက်ခြင်း
2026-05-25 09:59|
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား အမျိုးသားအဆင့် သဘာဝကာကွယ်ထိန်းသိမ်းရေးဇုန်ကို ၁၉၅၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ယူနန်ပြည်နယ် တောင်ပိုင်း ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟုန်မြို့၊ မုန်လှခရိုင်နှင့် မုန်ဟိုင်ခရိုင် အုပ်ချုပ်သည့်ဒေသအတွင်း တည်ရှိကာ တရုတ်နိုင်ငံ၏ ဧရိယာအကျယ်ပြန့်ဆုံး၊ အပြည့်စုံဆုံး အပူပိုင်းမိုးသစ်တော ဂေဟစနစ်ဖြစ်သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရကြည့်ပါက မြောက်ယဉ်စွန်းတန်းအထက် လတ္တီတွဒ်တူညီသောဒေသရှိ ဂိုဘီ သဲကန္တာရများနှင့် နှိုင်းယှဉ်ပါက ဤနေရာတွင် မိုးသစ်တောများ စိမ်းစိုပြီး အရာခပ်သိမ်း ရှင်သန်ကြီးထွားလျက်ရှိသည်။
လက်ရှိတွင် ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား အမျိုးသားအဆင့် သဘာဝကာကွယ်ထိန်းသိမ်းရေးဇုန်၌ တောရိုင်းတိရစ္ဆာန် အမျိုးအစားပေါင်း ၈၃၈ မျိုး မှတ်တမ်းတင်ထားပြီးဖြစ်ကာ ၎င်းအနက် နိုင်ငံတော် ပထမအဆင့် ကာကွယ်ထိန်းသိမ်းထားသည့် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၄၀ မျိုး၊ နိုင်ငံတော် ဒုတိယအဆင့် ကာကွယ်ထိန်းသိမ်းထားသည့် တိရစ္ဆာန် မျိုးစိတ်ပေါင်း ၁၄၃ မျိုး ရှိသည်။ နိုင်ငံတော်အဆင့် အဓိက ကာကွယ်စောင့်ရှောက်ထားသော အပင်အမျိုးအစားပေါင်း ၁၁၆ မျိုး မှတ်တမ်းတင်ထားပြီး ၎င်းအနက် နိုင်ငံတော် ပထမအဆင့် ကာကွယ်ထိန်းသိမ်းထားသည့် အပင်အမျိုး ၆ မျိုး၊ နိုင်ငံတော် ဒုတိယအဆင့် ကာကွယ်ထိန်းသိမ်းထားသည့် အပင်အမျိုးပေါင်း ၁၁၀ ရှိပေသည်။ အာရှဆင်၊ Parashorea chinensis စသည့် ရှားပါးတောရိုင်း အပင်နှင့် တိရစ္ဆာန်များသည် ဤနေရာတွင် မျိုးပွားနေထိုင်ရှင်သန်ပြီး အပူပိုင်းမိုးသစ်တော၏ ပြည့်ဝကာ တစ်မူထူးခြားသော သက်ရှိရှင်သန်မှုမြင်ကွင်းကို အတူဖွဲ့စည်းလျက်ရှိသည်။
နှစ်ပေါင်းများစွာတွင် ဒေသတွင်းက ဂေဟကာကွယ်ရေးစည်းကို စဉ်ဆက်မပြတ် ခိုင်မြဲအောင်ဆောင်ရွက်ပြီး မိုးသစ်တော ဂေဟစနစ် ကာကွယ်မွမ်းမံရေးနှင့် တောရိုင်းတိရစ္ဆာန်၊ အပင်အရင်းအမြစ်များ စောင့်ကြည့်တိုင်းတာမှုကို မြှင့်တင်ကာ ရှားပါး အပင်နှင့်တိရစ္ဆာန်အမျိုးမျိုးကို စေတနာအရင်းခံစောင့်ရှောက်လျက်ရှိသည်။ သဘာဝကာကွယ်ထိန်းသိမ်းရေးဇုန်၌ သစ်တောဖုံးလွှမ်းမှုနှုန်းသည် ၁၉၈၃ ခုနှစ်တွင် ၈၈.၉ ရာခိုင်နှုန်းရှိရာမှ ၉၇ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း၊ တောရိုင်းအာရှဆင် အရေအတွက်ပမာဏသည် ၁၉၈၀ ပြည့်လွန်နှစ်များတွင် အကောင်ရေ ၁၇၀ ခန့်ရှိရာမှ လက်ရှိတွင် အကောင်ရေ ၃၀၀ ကျော်အထိ တိုးပွားလာသည်ဟု အချက်အလက်များ ဖော်ပြလျက်ရှိရာ ဇီဝမျိုးစုံမျိုးကွဲမှု ကာကွယ်စောင့်ရှောက်ရေးရလဒ်များ ဆက်တိုက်ပေါ်ထွက်လျက်ရှိကြောင်း သိရသည်။
云南西双版纳国家级自然保护区始建于1958年,位于云南省南部的西双版纳傣族自治州景洪市、勐腊县和勐海县辖区内,是我国面积最大、最完整的热带雨林生态系统。从全球范围看,相比北回归线同一纬度的荒漠或戈壁,这里雨林葱茏、万物生长。
目前,云南西双版纳国家级自然保护区共记录野生动物838种,其中国家一级保护动物40种、国家二级保护动物143种;记录国家重点保护植物116种,其中国家一级保护植物6种、国家二级保护植物110种。亚洲象、望天树等珍稀野生动植物在这里繁衍生息,共同构成热带雨林丰富而独特的生命图景。
多年来,当地持续筑牢生态保护防线,加强雨林生态系统保护修复和野生动植物资源监测,用心守护各类珍稀野生动植物。数据显示,保护区森林覆盖率由1983年的88.9%提升至97%,野生亚洲象种群数量由20世纪80年代的约170头增长到目前的约300多头,生物多样性保护成效持续显现。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့
- ရပ်ဝန်းနှင့် ပိုးလမ်းမ၊ ကူမင်းမြို့မှ စတင်ထွက်ခွာပြီး လာအိုသို့ ရထားဖြင့် အလည်သွားခြင်း
- ယူနန်ပြည်နယ်၏ ပန်းလုပ်ငန်းများကိုယ်စားလှယ်အဖွဲ့သည် အလယ်အာရှ ပရော်ဖက်ရှင်နယ်ပြပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့








