ခရီးစဉ်တစ်ခုလုံးသည် ၃.၅ နာရီသာ ကြာမြင့်၍ ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်

2026-05-11 17:43|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့မေလ ၁၀ ရက်နေ့တွင် ကူမင်း-ထူလူဖန်း စင်းလုံးငှားလေယာဉ် ဖွင့်လှစ်ခြင်း အခမ်းအနားနှင့် ရှင်းကျန်းဒေသ ချန်းကျီပြည်နယ်ခွဲ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး မိတ်ဆက်ပွဲကို ကူမင်း၌ ကျင်းပခဲ့သည်။ နေရာနှစ်ခုအကြား တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ် လေကြောင်းလိုင်းကို မေလ ၂၀ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်မည်ဖြစ်သည်။ လေကြောင်းလိုင်းကို Ruili Airlines ကုမ္ပဏီမှ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် တစ်ကြိမ်စီဖြင့် ပျံသန်းသွားမည်ဖြစ်သည်။

ထူလူဖန်း၌ မီးလျှံတောင်၊ စပျစ်သီးလျှိုမြောင် ရှုခင်းသာနေရာနှင့် ကျောင်းဟယ်ရှေးဟောင်းမြို့ စသည့် ပိုးလမ်းမပေါ်ရှိ ဂန္ထဝင်ရှုခင်းရှုကွက်များကို ပိုင်ဆိုင်ပြီး နက်ရှိုင်းသော ယဉ်ကျေးမှုအနှစ်သာရများ ရှိသည်။ ချန်းကျီပြည်နယ်ခွဲ၌ ထျန်းစန်းတောင်ရှုခင်းများ၊ မြက်ခင်းပြင်များ၊ ရေကန်များနှင့် ရိုးရာဓလေ့ထုံးတမ်းများကို စုစည်းကာ ဂေဟဗေဒအရင်းအမြစ်များ အထူးသာလွန်ကောင်းမွန်သည်။ ယူနန်ပြည်နယ်၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး တံခါးပေါက်ဖြစ်သော ကူမင်းမြို့သည် တစ်နှစ်ပတ်လုံး နွေဦးကဲ့သို့ သာယာသော ရာသီဥတုနှင့် ကြွယ်ဝသော တိုင်းရင်းသား ရိုးရာဓလေ့များကို ပိုင်ဆိုင်သည်။ ကူမင်း-ထူလူဖန်း တိုက်ရိုက်ပျံသန်းသည့် စင်းလုံးငှားလေယာဉ် ဖွင့်လှစ်ခြင်းသည် ယူနန်ပြည်နယ်နှင့် ရှင်းကျန်းဒေသတို့အကြား အရည်အသွေးမြင့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ်များကို ချိတ်ဆက်ကာ ယူနန်ခရီးသည်များအတွက် ရှင်းကျန်းသို့ ပိုးလမ်းမရှုခင်းများကို စူးစမ်းလေ့လာရန်နှင့် ချန်းကျီ၏ လှပရှုခင်းများကို ရှုစားရန် တိုက်ရိုက်ပျံသန်းမှုကို လွယ်ကူချောမွေ့စေရုံသာမက ရှင်းကျန်းခရီးသည်များအတွက် နွေဦးမြို့တော်ကို အားပါးတရလျှောက်လည်ရန်နှင့် ယူနန်၏ရှုခင်းများအား ခံစားရန် တောင်ဘက်သို့ လာရောက်ရန်အတွက် အဆင်ပြေသော လမ်းကြောင်းတစ်ခုကိုလည်း ပံ့ပိုးပေးပါသည်။ စင်းလုံးငှားလေယာဉ် လေကြောင်းလိုင်းသည် ကူမင်း ချန်ဆွေလေဆိပ်မှ ရှင်းကျန်း ထူလူဖန်း ကျောင်းဟယ်လေဆိပ်သို့ တိုက်ရိုက်ပျံသန်းပြီး လေယာဉ်ပြောင်းစီးရန် မလိုအပ်၍ ခရီးစဉ်တစ်ခုလုံး ၃ နာရီခွဲ ကြာမြင့်၍ ယခင်က ၆ နာရီကြာ တိုက်ရိုက်ပျံသန်းမှု သို့မဟုတ် ၆၀ နာရီကြာ ရထားစီးမှုထက် အရှိန်အဟုန်း သိသိသာသာ မြှင့်တင်ပေးသောကြောင့် ခရီးစဉ်ကို ပိုမိုပေါ့ပါးစေပြီး သက်တောင့်သက်သာရှိစေသည်။

ဤလေကြောင်းလိုင်းကို Shanxi Duole Travel ကုမ္ပဏီမှ အပြည့်အဝ လည်ပတ်သည်၊ ခရီးသည်များသည် Ruili Airlines ၏ တရားဝင်ဝက်ဘ်ဆိုက်၊ လက်မှတ်ရောင်းချမှု ပလက်ဖောင်းများနှင့် မိတ်ဖက်ခရီးသွားအေဂျင်စီများမှတစ်ဆင့် လေယာဉ်အချိန်ဇယားများကို ရှာကြည့်ခြင်း၊ လေယာဉ်လက်မှတ်များကို ကြိုတင်မှာယူခြင်းနှင့် ဦးစားပေးပေါ်လစီများကို သိရှိနားလည်ခြင်းတို့ကို လုပ်ဆောင်နိုင်ကာ နံနက်ပိုင်းတွင် ကူမင်း၌ မြီးရှည်ကို စားသုံးပြီး ညနေပိုင်းတွင်တော့ ပိုးလမ်းမယဉ်ကျေးမှုကို ခံစားနိုင်သည့် ထိရောက်သော ခရီးစဉ်ကို အမှန်တကယ်ရရှိနိုင်မည် ဖြစ်သည်။ နောက်နောင်တွင် Shanxi Duole Travel ကုမ္ပဏီသည် ချန်းကျီနှင့် ထူလူဖန်းရှိ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပြီး မိသားစုခရီးထွက်ခြင်း၊ အဖွဲ့လိုက်ခရီးသွားခြင်းနှင့် စီးပွားရေးကိစ္စများ စူးစမ်းလေ့လာခြင်း စသည့် မတူညီသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပိုးလမ်းမစူးစမ်းလေ့လာခြင်း၊ စပျစ်သီးဆွတ်ခူးခြင်း၊ မြက်ခင်းပြင်ပေါ်တွင် ကျန်းမာရေးပြုစုခြင်းနှင့် နွေဦးမြို့တော်တွင် အပန်းဖြေခြင်း စသည့် ထူးခြားသော ခရီးသွားလမ်းကြောင်းများကို တင်ဆက်မည် ဖြစ်သည်။ လာမည့် ခြောက်လအတွင်း ဤစင်းလုံးငှားလေယာဉ် လေကြောင်းလိုင်း၏ ဆက်လက်လည်ပတ်ခြင်းသည် ယူနန်ခရီးသည်များ၏ ရှင်းကျန်းသို့ ခရီးသွားလာရေးရေပန်းစားမှုကို ထိရောက်စွာ မြှင့်တင်ပေးမည်ဟု ခန့်မှန်းသည်။

ထို့အပြင် ခရီးသွားအေဂျင်စီမှ သက်ဆိုင်ရာပုဂ္ဂိုလ်၏ ဖော်ပြချက်အရ စင်းလုံးငှားလေယာဉ်၏ လက်မှတ်ခသည် ပုံမှန်လေကြောင်းလိုင်းထက် ပိုမိုသက်သာပြီး ခရီးစဉ်ရက်ပေါင်းကို ၈ ရက်မှ ၂၀ ရက်အထိ ပြောင်းလွယ်ပြင်လွယ် စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး ထူးခြားကွဲပြားပြီး နက်ရှိုင်းသော ခရီးသွားအတွေ့အကြုံကို ပေးစွမ်းနိုင်ပါသည်။

5月10日,昆明—吐鲁番包机启动仪式暨新疆昌吉州文旅推荐会在昆明举行。两地直达旅游包机航线将于本月20日起正式开通。航线由瑞丽航空执飞,每周一、三、五各一班。

吐鲁番坐拥火焰山、葡萄沟、交河故城等丝路经典景观,人文底蕴深厚;昌吉汇聚天山风光、草原湖泊与民俗风情,生态资源得天独厚。昆明作为云南文旅门户,四季如春、民族风情浓郁。昆明—吐鲁番直飞包机开通,串联起滇疆优质文旅资源,既方便云南游客直飞新疆探秘丝路风光、观赏昌吉美景,也为新疆宾客南下畅游春城、感受云南风情打通便捷通道。包机航线从昆明长水机场直飞新疆吐鲁番交河机场,不需中转,全程耗时约3.5小时,较以往直飞6小时或火车60小时大幅提升了效率,让旅途更轻松、体验更舒适。

该航线由山西多乐旅行全程运营,旅客可通过瑞丽航空官网、各大购票平台及合作旅行社,查询航班时刻、预订机票、了解优惠政策,真正实现上午在昆明吃米线,下午体验丝路文化的高效出行。后续,山西多乐旅行还将联合昌吉、吐鲁番文旅部门,推出丝路探秘、葡萄采摘、草原康养、春城度假等特色旅游线路,满足家庭出游、结伴旅行、商务考察等多元需求。预计半年内,该包机航线持续运营,有效促进云南游客赴新疆旅游热潮。

此外,旅行社相关人士介绍,包机价格较常规航班更亲民,行程天数可灵活定制,8天至20天均可规划,提供差异化深度游体验。(都市时报全媒体记者 尹安达) 

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်