ကူမင်းတွင် လူသိနည်းသောလျှို့ဝှက်ဆန်းကြယ်သောနေရာကို လည်ပတ်ပြီး အားလပ်ရက်၏ နှစ်သက်ကျေနပ်မှုကို အားရပါးရခံစား
2026-05-09 15:51|
"ကူမင်းမှ စာတစ်စောင်- နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း" နိုင်ငံတကာဖြန့်ချိရေး လှုပ်ရှားမှု ဒုတိယစီးရီးကို တရားဝင် စတင်လိုက်ပါပြီ။ နွေဦးမြို့တော်၏ ထူးခြားသည့် ရာသီဥတု၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ်များကို အခြေခံ၍ ဤလှုပ်ရှားမှုသည် ကူမင်းတွင် နေထိုင်ရန်နှင့် ခရီးသွားရန် သင့်လျော်သော မြို့ပြရှုခင်းကို ပြည်တွင်းပြည်ပသို့ ဆက်လက်ပြသလျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းမှ ခရီးသည်များကို ကူမင်းသို့ လာရောက်လည်ပတ်ပြီး တမူထူးခြားသော အားလပ်ရက်အချိန်ကို ဖြတ်သန်းခံစားရန် ဖိတ်ခေါ်အပ်ပါသည်။
"မေးဒေး" အားလပ်ရက်၏ နောက်ဆုံးပိုင်းသို့ ရောက်ရှိလာပြီဖြစ်ရာ မြို့တွင်းရပ်ကွက်များနှင့် ရေပန်းစားသော ရှုခင်းသာနေရာများတွင် လူအရေအတွက်မှာ ဆက်လက်မြင့်မားနေသည်။ လူအုပ်ကြီးကို ရှောင်ရှားပြီး အရှိန်လျှော့လိုပါက ဆိတ်ငြိမ်ပြီး လူသိနည်းသော နေရာများသို့ သွားရောက်ပါ၊ သဘာဝ တောတောင်ရေမြေများကြားတွင် လမ်းလျှောက်သွားလာပြီး ရှေးဟောင်းရွာများထဲတွင် ခေတ္တထိုင်နားကာ သို့မဟုတ် ဆိတ်ကွယ်ငြိမ်းအေးသော လူမှုယဉ်ကျေးမှုဆိုင်ရာ နေရာတစ်ခုကို ရွေးချယ်ပြီး ၂၁ ဒီဂရီရှိ ကူမင်းတွင် သက်တောင့်သက်သာရှိသည့် စည်းချက်ဖြင့် ဤမြို့၏ သဘာဝနှင့် လူနေမှုဘဝအငွေ့အသက်တို့ကို ခံစားလိုက်ပါ။
တောင်ထဲသို့ ဝင်ရောက်ပြီး ရေကို အနီးကပ်ထိတွေ့ကာ ဆင်ခြေဖုံးရပ်ကွက်သို့ လတ်ဆတ်သောလေကို ရှူရှိုက်ပါ
လူအုပ်ကြီးကို ရှောင်ရှားလိုပါက မြို့ဆင်ခြေဖုံးနေရာတွင် သဘာဝနေရာကောင်း များစွာရှိပါသည်၊ သစ်ပင်များ ထူထပ်ပြီး ရေများ ဆိတ်ငြိမ်ကာ သဘာဝနှင့် ရင်းနှီးစွာ ထိတွေ့နိုင်ရန်၊ စိတ်ကို ဖြေလျှော့ရန် အလွန်သင့်လျော်ပါသည်။ လူတွေကြိတ်ကြိတ်တိုးခြင်းမရှိ၊ အချိန်မှီရန် လိုအပ်ခြင်းလည်း မရှိဘဲ ဤနေရာများသည် အနှောင့်အယှက်ကင်းသော တောရိုင်းပျော်ရွှင်မှုဖြင့် မြို့သူမြို့သားအများအပြားအတွက် ခရီးသွားလာမှု အမြင့်မားဆုံးအချိန်ကို ရှောင်လွဲ၍ ခရီးထွက်ရန် ပထမဆုံးရွေးချယ်မှု ဖြစ်လာပါသည်။
ဖန်လုံခရိုင် တျန့်ဝေကျေးရွာရှိ Metasequoia စိမ့်မြေဒေသတွင် သစ်ပင်များ ထူထပ်စိမ်းလန်းကာ ရေစီးကြောင်းများသည် တောအုပ်အား ဝိုင်းရံစီးဆင်းလျက်ရှိပြီး သစ်သားလမ်းလျှောက်တံတားသည် သစ်ပင်အရိပ်နှင့် ရေပြင်များကြားတွင် ဖြတ်သန်းတည်ရှိပါသည်။ လေပြေလေညှင်းသည် မျက်နှာပေါ်တွင် သုတ်ဖြူးလျှင် အေးအေးညှင်းညှင်းသာသာယာယာရှိပြီး လမ်းလျှောက်တံတားအတိုင်း လျှောက်လှမ်း၍ လတ်ဆတ်သောလေကို နက်နက်ရှိုင်းရှိုင်း ရှူရှိုက်ကာ သို့မဟုတ် မြက်ခင်းပြင်တစ်နေရာတွင် ထိုင်ကာ ပျော်ပွဲစားထွက်ရာ ရွက်ဖျင်တဲချပါက တောတောင်ရေမြေရှုခင်းတစ်ခုလုံးသည် သင်၏ ကိုယ်ပိုင်နေရာ ဖြစ်လာမည်ဖြစ်သည်။
ယီလျှုံခရိုင်ရှိ မတီမြစ်လျှိုမြောင်သည် ရေကို အနီးကပ်ထိတွေ့လိုသူများအတွက် ပို၍သင့်လျော်ပါသည်။ မြစ်သောင်ပြင်သည် မနိမ့်မမြင့်ဘဲခပ်ပြေပြေရှိပြီး ရေသည်လည်း ကြည်လင်ကာ မြစ်တစ်လျှောက်လမ်းကြောင်းမှာ မခက်ခဲဘဲ လမ်းလျှောက်ရသည်မှာ ပေါ့ပါးသည်။ မိသားစုဝင်အားလုံး ကိုယ်ပိုင်စည်းချက်ကို ရှာဖွေတွေ့ရှိနိုင်သည်၊ ရေထဲရပ်၍ ရေနင်းခြင်း၊ စကားစမြည်ပြောခြင်း၊ ငေးငိုင်ခြင်း လုပ်နိုင်၍ တောင်ဝှမ်းကြားတွင် အေးမြသည့် မွန်းလွဲအချိန်ကို ကုန်ဆုံးစေနိုင်ပါသည်။
ရှီစန်းခရိုင်ရှိ စန်ကျန်းရွာရေလှောင်ကန်သည် ချီ့ဖန်တောင်ခြေတွင် တည်ရှိပြီး သိသည့်သူ နည်းပါးသည်။ ရေလှောင်ကန်မှာ မကြီးသော်လည်း ရေမျက်နှာပြင်မှာ အလွန်ပင်ကြည်လင်ပြီး ဝန်းကျင်ရှိ တောတောင်များသည် ရေထဲတွင် ရောင်ပြန်ဟပ်ကာ နေသာသောနေ့များတွင် ရေလှိုင်းများ တလက်လက်တောက်သည်။ ရေကန်ပတ်လည်၌ ရိုးရှင်းသော လမ်းလျှောက်လမ်းကြောင်းတစ်ခုရှိပြီး တစ်ပတ်ပြည့်လျှောက်ရန် မိနစ် ၃၀ သာ ကြာမြင့်သဖြင့် ခွန်အားမသုံးစွဲလိုဘဲ ရှုခင်းကြည့်ရှုလိုသူများအတွက် အလွန်သင့်လျော်ပါသည်။ ကမ်းခြေတွင် သစ်ပင်အရိပ်တစ်ခုကို ရှာဖွေပြီး ထိုင်ကာ ရေကိုကြည့်ရှုပြီး လေပြေလေညင်းကို ခံစားလိုက်ပါက မျက်စိတစ်မှိတ်အတွင်း နေ့တစ်ဝက်ကုန်ဆုံးသွားပါလိမ့်မည်ဖြစ်သည်။
ရှေးဟောင်းရွာသို့ နေ့တစ်ဝက်လောက် သွားရောက်လှည့်လည်ကြည့်ရှုပါ
ကူမင်းရှိ ရှေးဟောင်းရွာများတွင် ဈေးဆိုင်တန်းများနှင့် ခရီးသည်အုပ်စု မရှိပါ၊ မြင်တွေ့နိုင်သည်မှာ မူလပုံသဏ္ဌာန်နှင့် မူလအရသာများသာ ဖြစ်ပါသည်။ တောတောင်ရေမြစ်များကြားတွင် ပုန်းအောင်းနေသော ဤကျေးရွာများသည် ယူနန်ပြည်နယ် အလယ်ပိုင်းဒေသရှိ ကျေးရွာ၏ မူလအသွင်အပြင်ကို ထိန်းသိမ်းထားပါသည်။ ကျေးရွာအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် လူသည် အလိုလို အေးချမ်းတိတ်ဆိတ်သွားတတ်ပါသည်။
ကျင့်နင်ခရိုင်ရှိ ဟိုင်ယန့်ရွာသည် တျန်းချီရေကန်ဘေးတွင် တည်ရှိသော နှစ်တစ်ရာတံငါရွာတစ်ရွာဖြစ်သည်။ ကျောက်ပြားခင်းလမ်းမြောင်ကလေးများသည် ကောက်ကွေ့ပြီး တံငါအိမ်ခြံများသည် မြင့်မြင့်နိမ့်နိမ့် ပြန့်ကျဲသည်။ ဤနေရာတွင် လူအချင်းချင်း ဖိကပ်ကာ ဓာတ်ပုံရိုက်ကြခြင်းမရှိဘဲ အေးအေးဆေးဆေးသော နေ့စဉ်လုပ်ရိုးလုပ်စဉ်များသာ ရှိပါသည်။ ညနေပိုင်းတွင် နေဝင်သောအခါ ရေကန်မျက်နှာပြင်၌ ရွှေရောင်အလင်းများဖြင့် တဝင်းဝင်းထွန်းလက်ကာ ကောင်းကင်တစ်ဝက်သည် ညနေဆည်းဆာဖြင့် လွှမ်းခြုံသွားမည်ဖြစ်၍ ထိုမြင်ကွင်းမျိုးသည် ကြိုက်သလို ဓာတ်ပုံရိုက်လျှင် စိတ်ကို အေးချမ်းပျော်ရွှင်စေပါသည်။
ရှီစန်းခရိုင်ရှိ လဲ့ဂျူရွာသည် တောင်တန်းကို အခြေခံ၍ တည်ဆောက်ထားသော ယီလူမျိုး ရှေးဟောင်းရွာတစ်ရွာဖြစ်ပြီး ကျောက်ပြားခင်းလမ်းများနှင့် ရှေးဟောင်းအိမ်များကို ကောင်းမွန်စွာ ထိန်းသိမ်းထားကာ ရွာအနားတွင် လက်ဖက်ခြံများနှင့် လယ်ယာမြေများလည်း ရှိသေးသည်။ လမ်းမြောင်များထဲတွင် ဖြည်းညှင်းစွာ လမ်းလျှောက်ရင်း ရှေးဟောင်းနံရံများနှင့် ရှေးဟောင်းတံခါးပြတင်းပေါက်များကို ကြည့်ရှုကာ ဤနေရာ၏ မူလနေထိုင်မှုဘဝပုံစံကို ခံစားလိုက်ရပါက စိတ်ထဲမှ ပူပင်မှုများမှာလည်း ချသွားလိမ့်မည်ဖြစ်သည်။
အေးဆေးဆိတ်ငြိမ်သော ဥယျာဉ်တစ်ခုကို ရှာဖွေ၍ ဖြည်းညှင်းစွာ လည်ပတ်ကြည့်ရှုပါ
ပြတိုက်များတွင် လူအချင်းချင်း ကြည့်နေရသည်ကို မလိုလားပါက မြို့တွင်း၌ အေးဆေးဆိတ်ငြိမ်သော လူမှုယဉ်ကျေးမှုဆိုင်ရာ နေရာများကို ရှိပါသည်။ တိတ်ဆိတ်စွာဖြင့်ပင် ကူမင်း၏ ယဉ်ကျေးမှုအရသာကို ခံစားနိုင်ပါသည်။ ဤနေရာများသည် မကျယ်ပါ၊ လူဦးရေလည်း မများပြားဘဲ ရှုခင်းများကို ကြည့်ရှုသည်၊ ၎င်းသည် ဤမြို့တော်၏ ဖြည်းညှင်းစွာ အနည်ကျလာသော အရာများကိုလည်း ဖြစ်သည်။
ကူမင်း ရုက္ခပင်ဥယျာဉ်ရှိ ဖူလီကုန်းပြခန်းသည် အပူပိုင်းဒေသရှိ ထူးခြားဆန်းပြားသော ရုက္ခပင်များစွာကို စုစည်းထားပြီး အပူရှိန်ရမှန်ကာအိမ်၏အခင်းအကျင်းသည် လှပ၍ အတွင်းသို့ ဝင်ရောက်သည်နှင့် အလွန်ဆိတ်ငြိမ်းပါသည်။ ခရီးသည် အရေအတွက်များပြားလွန်းလှသည့်အခြားပြတိုက်များနှင့် မတူဘဲ ဤနေရာသည် လူနည်းသည်။ ကလေးများကို ခေါ်လာပြီး ကြည့်ရှုလေ့လာကာ အလိုအလျောက်နှင့် သဘာဝအသိပညာများစွာကို သိရှိနားလည်နိုင်မည်ဖြစ်ပါသည်။
တာ့ကွမ်းဥယျာဉ်ရှိ တောင်ဘက်ဥယျာဉ်သည် စည်ကားသောရပ်ကွက်ဘေးတွင် လစ်ဟင်းခံရသော ဥယျာဉ်တစ်ခုဖြစ်ပြီး တန်ဆောင်၊ ရေကန်၊ ဝေ့ဝိုက်သောစင်္ကြံ အပြန်အလှန် ဖြည့်ဆညင်းပေးထားကာ ကြည့်ရှုရသည်မှာ မငြီးငွေ့ဖွယ်ရာ လှပပါသည်။ ပင်မဥယျာဉ်ဧရိယာနှင့် နှိုင်းယှဉ်ကြည့်လျှင် ဤနေရာသည် ပိုအေးဆေးဆိတ်ငြိမ်သည်။ လမ်းလျှောက်လှည့်လည်ခြင်း သို့မဟုတ် လှေလှော်ခြင်း၊ ဥယျာဉ်တွင် အချိန်ဖြုန်းခြင်းတို့ကို ပြုလုပ်ပါက ယူနန်စတိုင်ဥယျာဉ်၏ အရသာကို ဖြည်းညှင်းစွာမှသာ ခံစားနိုင်မည်ဖြစ်ပါသည်။
မိသားစုတစ်ခုလုံးကို ခေါ်ဆောင်၍ မြို့ဆင်ခြေဖုံးနေရာသို့ ခရီးသွားပါ
မြို့ဆင်ခြေဖုံးနေရာသို့ သွားရောက်လျှင် ကျေးလက်ဒေသ အပန်းဖြေနေရာများ၏ အားသာချက်မှာ နေရာကျယ်ဝန်းပြီး ပါဝင်ဆောင်ရွက်နိုင်မှု မြင့်မားခြင်း ဖြစ်ရာ မိသားစုတစ်စုလုံး ခရီးထွက်ရန် အသင့်တော်ဆုံး ဖြစ်ပါသည်။ ဝေးလံသော နေရာသို့ သွားရန်မလိုဘဲ လူအုပ်ကြားတွင် ညှစ်ထည့်ရန် မလိုအပ်ပါ၊ ခရီးတိုတစ်ခုသည် သက်တောင့်သက်သာရှိသော အားလပ်ရက်တစ်ခုကို ဖန်တီးပေးနိုင်ပါသည်။
ဖူမင်ခရိုင်ရှိ ပန်စန်းဂိမ်းယူအတွေ့အကြုံဥယျာဉ်ခြံမြေသည် မြို့မှ မဝေးလှဘဲ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ခူးဆွတ်ခြင်း၊ လယ်ကွင်းအတွင်း ပေါ့ပါးသော အလုပ်များ လုပ်ကိုင်ခြင်း၊ ရိုးရှင်းသော လက်မှုပညာများ ဖန်တီးခြင်းတို့ ပြုလုပ်နိုင်သဖြင့် လူကြီးရော ကလေးပါ ပျော်ရွှင်မှု ရှာဖွေနိုင်ပါသည်။ ခြေဖဝါးဖြင့် မြေကြီးကို နင်းပြီး ကိုယ်တိုင်ကိုယ်ကျ ဆွတ်ခူးထားသော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို အိမ်သို့ပြန်ယူလာရခြင်း၏ ကျေနပ်အားရမှုသည် ကုန်တိုက်များတွင် ရှာဖွေ၍မရနိုင်ပါ။
အန်းနင်ခရိုင်ရှိ ယိုလုံဝမ်းရှုခင်းသာနေရာသည် ရေကန်နှင့်တောင်ကို မှီတည်တည်ရှိပြီး ပေါ့ပါးသော အခြေအနေဖြင့် စူးစမ်းလေ့လာခြင်း၊ ရေကန်ပတ်လည် အပန်းဖြေလျှောက်လှမ်းခြင်း၊ မိဘနှင့်သားသမီးကစားနည်းများ စသည်ဖြင့် လှုပ်ရှားမှုအမျိုးမျိုးကို ရှိပါသည်။ အရေးကြီးသည်မှာ လူအသံဆူညံမှု မရှိသလောက်နည်းပါးပြီး မည်သည့်အရာအတွက်မဆို ရှည်လျားသော တန်းစီစောင့်ဆိုင်းရန် မလိုအပ်ပေ။ မိသားစုဝင်များ အသီးသီး စိတ်ပါဝင်စားရာကို ပြုလုပ်နိုင်သဖြင့် တစ်နေ့လုံးကို သက်တောင့်သက်သာစွာ ဖြတ်သန်းနိုင်ပါသည်။
အားလပ်ရက်၏ နောက်ဆုံးပိုင်းသို့ ရောက်ရှိလာပြီဖြစ်ရာ ဝေးရာသို့ ထွက်ခွာရန်မှာ မလိုအပ်ပေ။ ကူမင်းရှိ ဤကဲ့သို့သော ဆိတ်ငြိမ်းသည့် နေရာများတွင် တောတောင်ရေမြေများ၊ ရှေးဟောင်းရွာများနှင့် အေးဆေးဆိတ်ငြိမ်သော ဥယျာဉ်များ ရှိပြီး မည်သည့်နေရာကိုမဆို ရွေးချယ်ကာ ဘဝစည်းချက်ကို ဖြည်းညှင်းစေနိုင်ပါသည်။ အချိန်မှီရန် လိုအပ်ခြင်း၊ လူအုပ်ကြားတွင် ညှစ်ထည့်ခြင်းတို့ မလိုအပ်ဘဲ ဖြည်းညှင်းပါ၊ ဆိတ်ငြိမ်းပါ။ နွေဦးမြို့တော်၏ အားလပ်ရက်၏ ကောင်းမွန်မှုသည် ဤမျှပင် ရိုးရှင်းပါသည်။
ပြည်တွင်းပြည်ပမှ ခရီးသည်များသည် #春城有请(နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း) #ALetterfromKunming (ကူမင်းမှ စာတစ်စောင်) ဖြင့် ကူမင်းရှိ လူသိနည်းသော နေရာများတွင် ဖြတ်သန်းခံစားရသည့် စိတ်တိုင်းကျသော အခိုက်အတန့်များကို မျှဝေပြီး ဤစိတ်ချမ်းသာစရာ နွေဦးမြို့တော် ခရီးစဉ်တစ်ခုကို အတူတူ ပါဝင်ကြပါစို့။
“A Letter from Kunming 春城有请”国际传播系列活动第二季已正式启幕。借着春城独特的气候和文旅资源,活动持续向海内外展示昆明宜居宜游的城市模样,邀请各地游客来昆明,过一段不一样的假日时光。

“五一”假期步入后半程,市区和热门景区的人流正处高位。想避开拥挤、换一种慢下来的方式,不妨把目光移向那些安静的小众去处——到原生态的山水间走走,去古村里坐坐,或者选一处清幽的人文角落,在21℃的昆明,用舒服的节奏感受这里的自然与烟火气。
进山亲水,去野外透口气
想躲开人潮,城郊就有不少原生态的好地方,树多、水静,很适合亲近自然、放空自己。不挤,也不用赶,这些地方凭着一份没被打扰的野趣,成了很多市民错峰出行的首选。

盘龙区甸尾村的水杉湿地,林木茂密,水系绕着林子蜿蜒流过,木栈道在树影水光间穿行。风吹在脸上清清爽爽的,沿栈道走一走,大口呼吸新鲜空气,或者找一片草地坐下来野餐、扎个帐篷,整片山水都是你的。

宜良马蹄河峡谷更适合想亲水的人,河滩平缓、水也清浅,沿河走线难度不大,走起来轻松。一家老小都能找到自己的节奏,踩水、闲聊、发发呆,在山谷间消磨一段清凉的午后。

西山区三家村水库藏在棋盘山脚下,知道的人不多。水库不大,水面却格外清澈,四周山林倒映其中,晴天时波光粼粼。环湖有条简易步道,走一圈不过半小时,适合不想费力又想看景的人。在岸边找个树荫坐下,看水、吹风,半天一晃就过去了。
去老村子里晃悠半天
昆明的老村子里,没有一排排的商铺,也没有成群结队的游客,能看到的还是老样子、老味道。这些藏在山水间的村子,保留着滇中乡村最本来的面貌,走进去,人不自觉就静了下来。

晋宁海晏村,是滇池边一个百年渔村。青石板的小巷弯来绕去,渔家院落高高低低地散落着。这里没人挤着拍照,只有悠悠的日常。傍晚时分,等着太阳西沉,湖面泛起金光,晚霞铺满半边天——那种画面,随手一拍就很治愈。

西山区乐居村,是依山而建的彝族老村,石板路和老房子都保存得很好,村边还有茶园和庄稼地。在巷子里慢慢走,看看老墙、老门窗,感受一下这里原本的生活样子,心里的那份着急,也就放下了。
找处清静园子,慢慢逛
不想在场馆里人看人,城里其实藏着几处清静的人文去处,安安静静,也能品出昆明的文气。这些地方不大,人也不多,看的是景,也是这座城市慢慢沉淀下来的东西。

昆明植物园的扶荔宫,汇集了不少热带的稀奇植物,温室展区布置得错落有致,走进去很安静。跟那些游客扎堆的场馆不同,这儿人少,带孩子来看一看、认一认,不知不觉就吸收了一脑子自然知识。

大观楼南园则是闹市边上一个被忽略的园林,亭台、水塘、回廊,相看两不厌。跟主园区一比,这边显得格外清静。散散步,或者划一会儿船,在园子里泡着,滇派园林的韵味,是慢慢才能咂摸出来的。
带上一家子,去近郊撒个欢
往近郊走,田园休闲去处的好处是地方宽敞、参与性强,一家人出来最合适不过了。不用跑远,也不用跟人流挤,一个短途就能把假日安排得舒舒服服。

富民半山耕云体验园,离城不远,采摘蔬果、干点地里的轻活儿、做些简单手工,大人小孩都能找到乐子。脚踩泥土,带上自己亲手摘的新鲜瓜果回家,那种满足感,商场里找不到。

安宁玉龙湾靠着湖和山,能玩的种类挺多,轻探险、环湖闲逛、亲子游戏都有。关键是人不嘈杂,玩什么也不用排长队,一家人各自尽兴,就能自在待上一整天。
假期到了后半程,不一定要远走。昆明这些安静的去处,有山水,有老村,有清静的园子,随便选一处,都能把节奏放慢。不用赶,也无需挤,慢一点,静一点,春城假日的好,就是这么简单。
海内外游客可带上 #春城有请 #ALetterfromKunming 话题,分享在昆明小众秘境里度过的惬意瞬间,一起赴这场舒心的春城之约。(昆明信息港综合整理,部分素材和图片来源于:云南省人民政府、昆明文旅、盘龙文旅、昆明地铁、魅力安宁、融荣富民、微公号)

အယ်ဒီတာ: မရီရီ တာဝန်ခံအယ်ဒီတာ: Xu Ting
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့









