အင်းလေးကန်ပေါ်ရှိ ရေပေါ်ကျွန်းများသည် "တံတားငယ်များ၊ စီးဆင်းနေသော ရေနှင့် ကျေးလက်နေအိမ်များ" အပါအဝင် ရေကျေးရွာရှုခင်းကို ဖန်တီးပေး
2026-05-07 17:30|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) အင်းလေးကန်သည် မြန်မာနိုင်ငံ မြောက်ပိုင်း ရှမ်းပြည်နယ်ကုန်းပြင်မြင့်ရှိ ညောင်ရွှေမြေချိုင့်ဝှမ်းတွင် တည်ရှိသည်၊ ရေကန်မျက်နှာပြင်သည် မြောက်မှ တောင်သို့ ၁၄.၅ ကီလိုမီတာ ရှည်လျားပြီး အရှေ့မှ အနောက်သို့ ၆.၄၄ ကီလိုမီတာ ကျယ်ဝန်းပြီး မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးသော ရေကန်ဖြစ်သည်။ ကန်ရေများသည် အရှေ့၊ မြောက်နှင့် အနောက် ၃ ဖက်တွင် တောင်တန်းများဖြင့် ဝန်းရံထားသော ချောင်းများမှလာ၍ တောင်ဘက်တွင် သံလွင်မြစ်ထဲသို့ စီးဝင်သည်။ အင်းလေးကန်၏ ၃ ဖက်တွင် တောင်တန်းများဖြင့် ဝန်းရံထားသောကြောင့် ရာသီဥတု အေးမြပြီး ရှုခင်းများ သာယာလှပကာ မြန်မာနိုင်ငံတွင် လည်ပတ်ကြည်ရှုရန်နှင့် နွေအပူဒဏ်ရှောင်ရန် နာမည်ကျော်သော နေရာတစ်ခု ဖြစ်သည်။
အင်းလေးကန်ပေါ်တွင် အရွယ်အစားအမျိုးမျိုးရှိသော ကျွန်းများ မျောနေပြီး ရေမျက်နှာပြင်တွင် ပြန့်ကျဲနေပါသည်။ "ရေပေါ်အိမ်ထောင်စုများ"သည် ရေပေါ်ကျွန်းများဖြင့် "ရေပေါ်ကျေးရွာများ"ကို ဖွဲ့စည်း၍ ရွာတစ်ရွာချင်းစီကို ရေဖြင့် ပိုင်းခြားထားပြီး ကြက်များနှင့် ခွေးများ၏ အသံများကို တစ်ရွာနှင့်တစ်ရွာကြားတွင် ကြားနိုင်သည်။ ရေပေါ်ကျွန်းနှစ်ခု နီးကပ်နေပါက ဝါးတံတား သို့မဟုတ် သစ်သားတံတားများကို ခင်းထားကာ တံတားပေါ်တွင် လူများ သွားလာနေကြပြီး တံတားအောက်တွင် လှေငယ်များ အဆက်မပြတ် ဖြတ်သန်းနေကြကာ "တံတားငယ်များ၊ စီးဆင်းနေသော ရေနှင့် ကျေးလက်နေအိမ်များ" အပါအဝင် ရေကျေးရွာရှုခင်းကို ဖန်တီးပေးသည်။
ဤသာယာလှပသော ရေပေါ်ကမ္ဘာတွင် ဖြတ်သန်းလျှင် လူ့ဘောင်အပြင် ငြိမ်းအေးသာယာသော မက်မွန်ပန်းရိပ်မြုံတွင် ရောက်နေသကဲ့သို့ လူများအား စွဲလမ်းမှုကြောင့် ပြန်ရန်ပင် မေ့စေသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ
















