ကူမင်းမှ စာတစ်စောင်- နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း၊ "မေဒေး" အားလပ်ရက်အတွင်း ၂၁ ဒီဂရီရှိ ကူမင်းသို့ စိန်ပန်းပြာများကို လာရေက်ရှုစားပါ
2026-05-02 12:07|
မြောက်ကမ္ဘာတွင် အပူလှိုင်းများသည် တဖြည်းဖြည်း ကျရောက်သောအခါ မြောက်လတ္တီတွဒ် ၂၅°ရှိ ကူမင်းသည် ၂၁ ဒီဂရီတွင် ရပ်တည်နေသည်။ "မေဒေး" အားလပ်ရက်အတွင်း "ကူမင်းမှ စာတစ်စောင်- နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း" နိုင်ငံတကာဖြန့်ချိရေး လှုပ်ရှားမှု ဒုတိယစီးရီးကို တရားဝင် စတင်လိုက်ပါပြီ။ "နွေဦးမြို့တော်"ဟု ချီးကျူးခံရသော ဤမြို့သည် စိန်ပန်းပြာများဖြင့် အိပ်မက်ဆန်သော ခရမ်းရောင်ပင်လယ်ကို အလှဆင်ထားသည်။ ကျွန်ုပ်တို့သည် ပန်းများကို ကြားခံနယ်အဖြစ်လည်းကောင်း၊ မြို့ကို လက်ဆောင်အဖြစ်လည်းကောင်း ကမ္ဘာတစ်ဝှမ်းမှ မိတ်ဆွေများအား တောင်တန်းများနှင့် ပင်လယ်များကို ကျော်လွန်သော ခရမ်းရောင် ဆုံတွေ့ပွဲတွင် ပါဝင်ရန်နှင့် နွေဦးမြို့တော်၏ ခရမ်းရောင် ရိုမန်တစ်ဆန်မှုကို နှစ်မြှုပ်စွာ ခံစားရန် စိတ်ရင်းမှန်ဖြင့် ဖိတ်ခေါ်အပ်ပါသည်။
မေလတွင် ကူမင်း၏ အဓိကရှုခင်းမှာ စိန်ပန်းပြာများ ဖြစ်သည်။ ကျောက်ချန်ကျုံးလမ်းပေါ်ရှိ နာမည်ကျော်ပန်းလမ်းမှ ဖန်လုံမြစ်ကမ်းနံဘေးတစ်လျှောက် ပန်းအရိပ်များအထိ၊ ရှီစန်းခရိုင်ရှိ ရွှင်ကျင်းလမ်းမှ ထေဖီလမ်းမြောင်ရှိ အချိန်ဥမင်လိုဏ်ခေါင်းမှ ချန်ဝေအနောက်လမ်းရှိ စိန်ပန်းပြာင်္ကြံရှည်အထိ မြို့တစ်မြို့လုံးကို ခရမ်းပြာပန်းချွန်များဖြင့် ဝန်းရံထားသည်၊ လေတိုက်သောအခါ ပွင့်ဖတ်များသည် ကြွေကျကြပြီး ရိုမန်တစ်လမ်းငယ်များကို ခင်းထားသည်၊ ကြည့်ရလျှင် ကုသရှုခင်းဖြစ်ပြီး ကြိုက်သလို ရိုက်ကူးလျှင် လှပသောဓာတ်ပုံဖြစ်ပြီး လာရောက်သောခရီးသည်တိုင်း မမျှော်လင့်ထားသော နူးညံ့သိမ်မွေ့မှုကို တွေ့ကြုံခံစားနိုင်စေပါသည်။
ဤကန့်သတ်ထားသော အချိန်ကာလအတွင်း ကောင်းမွန်လှပသော ရှုခင်းများကို အလွယ်တကူ ရှုစားနိုင်ရန်၊ ကူမင်းသို့ သင်၏ "မေဒေး"အားလပ်ရက်ခရီးစဉ်ကို အဆင်ပြေပြီး အားရနှစ်သိမ့်ရန် လှုပ်ရှားမှုအမျိုးမျိုးနှင့် စေတနာအပြည့်ဖြင့် ဝန်ဆောင်မှုများကို ကျွန်ုပ်တို့ ပြင်ဆင်ထားပါသည်။
ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာလေဆိပ် မှတစ်ဆင့် ၆ နာရီမှ ၂၄ နာရီအထိ လေယာဉ်ပြောင်းစီးမည်ဆိုပါက အခမဲ့ စိန်ပန်းပြာရှုစားခြင်း အထူးဘတ်စ်ကားများကို စီးနိုင်ပြီး လေဆိပ်နှင့် ကျောက်ချန်ကျုံးလမ်းရှိ အဓိကကြည့်ရှုဧရိယာအကြား သွားလာ၍ လေယာဉ်စောင့်ဆိုင်းနေစဉ်အတွင်း နာမည်ကျော်သော ပန်းပင်လယ်ကို အလွယ်တကူရှုစားနိုင်ပြီး လေယာဉ်ပြောင်းစီးချိန်ကို ငြီးငွေ့ဖွယ်ကောင်းမှု မရှိပါ။ ကိုယ်တိုင်၏ တရားဝင် မှတ်ပုံတင်စာရွက်စာတမ်း၊ ရောက်ရှိမည့်နေ့နှင့် နောက်ဆက်တွဲလေယာဉ်ခရီးစဉ်များ၏ လေယာဉ်ပေါ်တက်ခွင့်လက်မှတ် သို့မဟုတ် သက်ဆိုင်ရာ လက်မှတ်ကြိုတင်မှာသောအချက်အလက်များဖြင့် လေဆိပ်ပြောင်းစီးရေးဝန်ဆောင်မှုကောင်တာတွင် အတည်ပြုချက်ကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးတော့ အခမဲ့အထူးဘတ်စ်ကားစီးခွင့်လက်မှတ် ရယူနိုင်ကာ ပန်းပင်လယ်ခရီးစဉ်ကို စတင်လိုက်ပါ။ အထူးဘတ်စ်ကားများသည် မေလ ၃၀ ရက်နေ့အထိ ပြေးဆွဲမည် ဖြစ်ပြီး ပြေးဆွဲမည့်ကြိမ်နှုန်းကို ခရီးသည်အရေအတွက်အပေါ် မူတည်၍ ပြောင်းလဲသတ်မှတ်သွာပေးမည် ဖြစ်သည်။
စိန်ပန်းပြာများ၏ ရိုမန်းတစ်ဆန်မှုကို နက်ရှိုင်းစွာ ခံစားချင်လျှင် ဤထူးခြားသော လှုပ်ရှားမှုများကို တွေ့ကြုံခံစားပါ။ ဖန်လုံမြစ်ပေါ်တွင် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၂၇ ရက်နေ့အထိ ကန့်သတ်အချိန်အတွင်း ပြေးဆွဲသည့် "ရေပေါ်ပန်းရှုစားခြင်း ရေကြောင်းလိုင်း"ကို တွေ့ကြုံခံစားနိုင်ရာ လှေဖြင့် မြစ်ကမ်းနံဘေးတစ်လျှောက် ခရီးသွားပြီး "ရေကမ်းနံဘေး၌ ပန်းများမှာ ဝေဝေဆာဆာ ပွင့်ဖူးနေခြင်း" ဟူသော ကဗျာဆန်မှုကို နီးကပ်စွာ ရှုစားနိုင်ကာ သဘာဝပန်းရှုခင်းများနှင့် ကူမင်းရှိ လူမှုရှုခင်းရှစ်ခု၏ ရသတို့ကို ရောနှောထားသည်။ မိနစ် ၄၀ ကြာ ခရီးစဉ်၏ စက္ကန့်တိုင်းသည် ပန်းရနံ့နှင့် နူးညံ့သိမ်မွေမှုကို အပြည့်အဝခံစားမိသွားမည်ဖြစ်သည်။ လက်မှတ်ခဘက်တွင် ၁.၂ မီတာအထက် တစ်ဦးလျှင် ယွမ် ၆၀ ဖြစ်ပြီး၊ နှစ်ယောက်အတူတူ ခရီးသွားပါက ယွမ် ၁၀၀ ဖြစ်ပြီး၊ ၁.၂ မီတာအောက် ကလေးများအတွက် အခမဲ့ဖြစ်သည်။
ဧပြီလ ၂၈ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိ ဖန်လုံမြစ်ကမ်းနံဘေးတွင် ကျင်းပသော "ရေကမ်းနား လမ်းလျှောက်ရင်း စိန်ပန်းပြာများ ကြည့်ရှုခြင်း" လှုပ်ရှားမှုများကို ပါဝင်နိုင်ပြီး ခရမ်းရောင်မြူခိုးများကြားတွင် လမ်းလျှောက်ရင်း ကဗျာဆန်သောပန်းစင်္ကြံကို ကြည့်ရှုပြီး၊ ယဉ်ကျေးမှုဆိုင်ရာ တီထွင်ဖန်တီးမှုများကော်ဖီဈေးသို့ သွားရောက်လည်ပတ်ပြီး၊ ပန်းများရှာဖွေကြည်ရှုရန် လမ်းလျှောက်ခြင်းနှင့် တံဆိပ်တုံးများစုဆောင်းခြင်း စသည့် အပြန်အလှန်တုံ့ပြန်မှုများတွင် ပါဝင်သည့်အပြင် တစ်ပတ်အတွင်း အခြားပြည်နယ်များမှ ကူမင်းသို့ လမ်းပန်းဆက်သွယ်ရေးလက်မှတ်များဖြင့် အထူးအကျိုးခံစားခွင့်များကို လဲလှယ်ရယူနိုင်ပါသည်။
ရှီစန်းဧရိယာရှိ စိန်ပန်းပြာများသည် ကူမင်း၏ စာပေအနုပညာနှင့်လူနေမှုအငွေ့အသက်တို့ကို သိသာထင်ရှား ပြသသည်။ ရွှင်ကျင်းလမ်းမှ ထေဖီလမ်းမြောင်ရှိ စိန်ပန်းပြာ ၄၉ ပင်သည် ရှေးဟောင်းအုတ်နီအိမ်များနှင့် ရောယှက်နေပြီး ရိုမန်တစ်ဆန်သော အချိန်ဥမင်လိုဏ်ခေါင်းတစ်ခုကို ဖန်တီးပေးသည်။ ဤနေရာတွင် သီးသန့်ဝရန်တာနှင့် ကော်ရစ်ဒါလမ်းများကို ဖွင့်လှစ်ပေးသောကြောင့် ထူးခြားသော အပေါစီးမှ ကြည့်သောမြင်ကွင်းများကို ခံစားနိုင်ပါသည်။
ရောင်စုံလီစာပေအနုပညာ ကူးသန်းရောင်းဝယ်ရေးစင်တာတွင် ကျင်းပသော စိန်ပန်းပြာယဉ်ကျေးမှုအနုပညာပွဲတော်တွင် အနုပညာပြပွဲနှင့် ယဉ်ကျေးမှုဆိုင်ရာ တီထွင်ဖန်တီးမှုများကို ပေါင်းစပ်ပေးထားပြီး ပန်းရနံ့များကြားတွင် ယဉ်ကျေးမှု၏ ဆွဲဆောင်မှုကို ခံစားနိုင်ပါသည်။
ထေဖီလမ်းမြောင်ရှိ စွဲမက်ဖွယ်ဈေး၌ ပန်းအလှဆင်ပစ္စည်းများ၊ ဒေသထွက်လက်လုပ်ပစ္စည်းများ၊ ကော်ဖီနှင့် သရေစာများ အပါအဝင် အမျိုးအစားစုံလင်စွာ ရှိသည့်အပြင် ရံဖန်ရံခါ အဆိုတော်အဖွဲ့နှင့် လမ်းပေါ်အက လမ်းမတွင် ရပ်မှုကိုလည်း ရှိသောကြောင့် ခြေလှမ်းတိုင်းကို အံ့အားသင့်စေသည်။
ကူမင်းတွင် စိန်ပန်းပြာများသည် ရှုခင်းသာတစ်ခုသာမက ဘဝနေထိုင်မှုပုံစံတစ်ခုလည်း ဖြစ်သည်။ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏အမွေဆက်ခံသူများ၏ လမ်းညွှန်မှုအောက်တွင် စိန်ပန်းပြာဆေးဆိုးခြင်းကဲ့သို့သော လက်မှုပညာများကို တွေ့ကြုံခံစားနိုင်ပြီး ကူမင်း၏ ခရမ်းရောင်ရိုမန်တစ်ဆန်မှုကို အိမ်သို့ ယူဆောင်လာနိုင်သည်၊ လမ်းကြီးလမ်းငယ်များပေါ်တွင် လမ်းလျှောက်ရင်း စိန်ပန်းပြာများ၏ အရိပ်အောက်တွင် ၂၁ ဒီဂရီရှိ လေပြေလေညှင်းကို ခံစားကာ စစ်မှန်သော ယူနန်အစားအစာများကို မြည်းစမ်းနိုင်သည်၊ ကူမင်း၏ ဇာတ်လမ်းများကို ပြောပြသူလည်း ဖြစ်လာနိုင်ပြီး ကင်မရာနှင့် စကားလုံးများဖြင့် ဤကောင်းမွန်လှပသောခရီးစဉ်ကို မှတ်တမ်းတင်သည်၊ Weibo နှင့် Douyin ကဲ့သို့သော ပလက်ဖောင်းများတွင် # 春城有请 (နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း) သို့မဟုတ် ပြည်ပလူမှုမီဒီယာပလက်ဖောင်းများတွင် #ALetterfromKunming ဖြင့် သင့်မျက်စိထဲတွင် ကူမင်းရှိ စိန်ပန်းပြာများ၏ အလှကို မျှဝေသည်။
လေသည် ပန်းရနံ့ကို သယ်ဆောင်လာပြီး မြို့သည် အဝေးမှ ဧည့်သည်များကို ကြိုဆိုနေပါသည်။ ယခုနှစ် "မေဒေး"အားလပ်ရက်အတွင်း ကူမင်းသည် ၂၁ ဒီဂရီရှိ နူးညံ့သိမ်မွေ့မှုနှင့် ဝေဝေဆာဆာ ပွင့်ဖူးနေသည့် စိန်ပန်းပြာများဖြင့် ကမ္ဘာတစ်ဝှမ်းမှ မိတ်ဆွေများအား ဖိတ်ကြားစာတစ်စောင်ကို ပေးအပ်ပါသည်။ ပူအိုက်ခြောက်သွေ့မှုကို လိုက်လံရန်မလို၊ လျှင်မြန်စွာ လည်ပတ်ရန်မလိုဘဲ ကူမင်းသို့ လာပါ၊ ခရမ်းရောင်ပန်းပင်လယ်များကြားတွင် လမ်းလျှောက်ပြီး ဒေသခံလူနေမှုဘဝတွင် ရပ်နားပါ၊ နွေဦးမြို့တော်၏ ရိုမန်တစ်ဆန်မှုနှင့် နွေးထွေးမှုသည် သင်၏ ဤအားလပ်ရက်အတွင်း အဖိုးတန်ဆုံးသော အမှတ်တရများ ဖြစ်လာပါစေ။
နွေဦးမြို့တော်မှ ဖိတ်ခေါပြီး သင့်လာရောက်လည်ပတ်ရန် စောင့်ဆိုင်းလျက်ရှိနေသည်။ ကျွန်ုပ်တို့သည် ကူမင်းရှိ စိန်ပန်းပြာများအောက်တွင် သင့်အား စောင့်နေပါသည်။
当北半球逐渐被热浪包裹,北纬25°的昆明,依旧停留在21℃的温柔里。正值“五一”假期,“A Letter from Kunming 春城有请”第二季正式启幕,这座被称为“春城”的城市,正被漫天蓝花楹缀成梦幻紫海。我们以花为媒、以城为礼,真诚邀请来自世界各地的友人,奔赴一场跨越山海的紫色之约,沉浸式感受这份春城紫色浪漫。
五月的昆明,是蓝花楹的主场。从教场中路的网红花道到盘龙江畔的临水花影,从西山巡津街铁皮巷的时光隧道到前卫西路的蓝花楹长廊,整座城市被紫蓝色的花穗包裹,风一吹,花瓣簌簌飘落,铺成浪漫小径,抬眼皆是治愈风景,随手一拍便是氛围感大片,让每一位到来访者,都能邂逅不期而遇的温柔。
为了让你轻松解锁这份限定美好,我们准备了多元玩法与贴心服务,让你的“五一”假期昆明之行,便捷又尽兴。
若是经昆明长水国际机场中转,且中转时长在6小时至24小时,无需额外花费,即可乘坐免费蓝花楹专线观光车,往返机场与教场中路核心观赏区,候机的间隙,就能一键打卡网红花海,让中转时光不再枯燥。只需凭本人有效身份证件、当日到达及后续航段登机牌或相关订票信息,在机场中转服务柜台完成核验,就能领取免费乘车凭证,开启花海之旅。专线运营至5月30日,发班频次将根据旅客流量动态调整。
想要深度感受蓝花楹的浪漫,不妨解锁这些特色体验。你可以登上盘龙江4月27日至5月27日限定开行的“水上花游航线”,乘船穿行于江畔,近赏“花拂水岸”的诗意,将自然花景与昆明人文八景的韵味融为一体。40分钟的航程,每一秒都浸在花香与温柔里。门票方面,1.2米以上60元/人,两人同行100元,1.2米以下儿童免费。
也可以走进盘龙江畔4月28日至5月13日举行的“漫步式亲水赏花”活动,在紫雾漫行中打卡诗意花廊,逛文创咖啡集市,参与健步寻芳、寻芳集印等互动,还能凭一周内外省来昆交通票根兑换特色福利。
西山片区的蓝花楹盛宴,更能让你读懂昆明的文艺与烟火。巡津街铁皮巷的49棵蓝花楹,与红砖老屋交织成浪漫时光隧道,这里开放专属露台与楼道,让你解锁独一无二的俯拍视角。
彩云里艺术商业中心的蓝花楹文化艺术季,集合艺术展、文创市集,让你在花香中感受文化魅力。
铁皮巷的沉浸式市集里,花艺、本土手作、咖啡小吃一应俱全,还有不定时的乐队、街舞快闪,让每一步都充满惊喜。
在昆明,蓝花楹不只是风景,更是一种生活方式。你可以在非遗传承人的指导下,体验蓝花楹拓染等手作技艺,把春城的紫色浪漫带回家;可以漫步街头,在蓝花楹的树荫下吹着21℃的微风,品尝地道滇味美食;也可以化身春城故事的讲述者,用镜头、文字记录下这段美好旅程,在微博、抖音等平台带上#春城有请 话题,或是在海外社交平台带上#ALetterfromKunming,分享你眼中的昆明蓝花楹之美。
风载花香,城迎远客。这个“五一”假期,昆明以21℃的温柔、漫天的蓝花楹,向全球友人递出请柬。不必追赶燥热,不必匆忙赶路,来昆明吧,在紫雾花海中漫步,在烟火人间中停留,让春城的浪漫与温暖,成为你这个假期最珍贵的回忆。
春城有请,静候君来,我们在昆明蓝花楹下,等你赴约!(昆明信息港综合整理,部分素材和图片来源于:昆明文旅、都市时报、文旅西山、微观盘龙、昆明长水国际机场微信公众号)
အယ်ဒီတာ: မရီရီ တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့
- ရပ်ဝန်းနှင့် ပိုးလမ်းမ၊ ကူမင်းမြို့မှ စတင်ထွက်ခွာပြီး လာအိုသို့ ရထားဖြင့် အလည်သွားခြင်း
- ယူနန်ပြည်နယ်၏ ပန်းလုပ်ငန်းများကိုယ်စားလှယ်အဖွဲ့သည် အလယ်အာရှ ပရော်ဖက်ရှင်နယ်ပြပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့












