ရပ်ဝန်းနှင့် ပိုးလမ်းမ၊ ကူမင်းမြို့မှ စတင်ထွက်ခွာပြီး လာအိုသို့ ရထားဖြင့် အလည်သွားခြင်း
2026-04-24 10:25|
တရုတ်-လာအို ရထားလမ်းသည် မြောက်ဘက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့မှ စတင်ပြီး တောင်ဘက်တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့အထိ ရောက်ရှိကာ စုစုပေါင်း ၁,၀၃၅ ကီလိုမီတာ ရှည်လျားသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ပြေးဆွဲချိန်မှစ၍ ဤ "သံလမ်း ပိုးလမ်းမ" သည် "ရပ်ဝန်းနှင့် ပိုးလမ်းမ" အရည်အသွေးမြင့် အတူတကွတည်ဆောက်ခြင်း၏ စံပြစီမံကိန်းဖြစ်လာခဲ့သည်။
အရှိန်မြင့် မောင်းနှင်လျက်ရှိသော ရထားတွဲများက တစ်မြို့နှင့်တစ်မြို့ကြား အချိန်နေရာ အကွာအဝေးများကို နီးကပ်စေပြီး ကူမင်းမြို့မှ ဗီယင်ကျန်းမြို့သို့ နံနက်ပိုင်း ထွက်ခွာလျှင် ညနေပိုင်းရောက်ရှိသည့် ခရီးစဉ်ကို ဖော်ဆောင်နိုင်ခဲ့သည်။ ၂၀၂၆ ခုနှစ် ဧပြီလအထိ တရုတ်-လာအို ရထားလမ်းမှ နယ်စပ်ဖြတ်ကျော် ခရီးသွားဧည့်သည် ခရီးစဉ်အကြိမ်ရေ စုစုပေါင်း ၈၀၀,၀၀၀ ကျော်ကို ပို့ဆောင်ပေးခဲ့ပြီး "ရထားဖြင့် နိုင်ငံဖြတ်ကျော်ခရီးသွားခြင်း" သည် ဒေသတွင်း ခရီးသွားခြင်း ရေပန်းစားမှုအသစ် ဖြစ်လာခဲ့သည်။ ရထားလမ်းသည် ကူမင်း၊ ရှစ်ဆောင်ပဏ္ဏား၊ လွမ်ပရာဘန်၊ ဗီယင်ကျန်း စသည့် ခရီးသွားမြို့များကို ချိတ်ဆက်ပေးထားရာ ရထားလမ်းတစ်လျှောက် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစွာ တွန်းအားပေးခဲ့သည်။
၂၀၂၆ ခုနှစ် ဧပြီ ၁၃ ရက်သည် တရုတ်-လာအို ရထားလမ်း၏ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်ရထား လည်ပတ်ပြေးဆွဲသည့် ၃ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်သည်။ တရုတ်-လာအို ရထားလမ်းသည် တောတောင်ပင်လယ်များ ကျော်ဖြတ်၍ ပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုကို ချိတ်ဆက်ပေးခဲ့သည်။ Fuxing EMU ရထား၊ Lane Xang EMU ရထားတို့သည် ဤအရေးပါသော သံလမ်းကြောင်းတစ်လျှောက်မှ ဘုံကြွယ်ဝချမ်းသာမှုရှိသော သာယာလှပသည့်အနာဂတ်ဆီသို့ မောင်းနှင်လျက်ရှိသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ










