တရုတ်နိုင်ငံ ယူနန်ပြည်နယ် လျင်ချန်းတွင် အရည်အသွေးအကဲဖြတ်မှုဖြင့် လက်ဖက်ခြောက် အရောင်းသွက်စေ
2026-04-24 10:16|
လက်ရှိသည် တရုတ်နိုင်ငံ ဒေသအသီးသီးမှ လက်ဖက်စိုက်တောင်သူများ လက်ဖက်ခူးဆွတ်၍ လက်ဖက်ခြောက်ပြုလုပ်သည့် ရာသီချိန်ဖြစ်သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လျင်ချန်းမြို့ စွမ်းကျန်း လားဟူလူမျိုး၊ ဝလူမျိုး၊ ပုလောင်လူမျိုး၊ တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် ဖွဲ့စည်းထားသည့် လက်ဖက်ခြောက် စမ်းသပ်စစ်ဆေးခြင်းနှင့် အရည်အသွေး အကဲဖြတ်ခြင်းစင်တာမှ ပညာရှင်များသည်လည်း တစ်နှစ်တာကာလအတွင်း အလုပ်အများဆုံးကာလသို့ ရောက်ရှိလာသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် လျင်ချန်းမြို့ စွမ်းကျန်းခရိုင်တွင် လက်ဖက်ဥယျာဉ် တရုတ်မူ (Mu) ၃၄၀,၀၀၀ ကျော်ပိုင်ဆိုင်ထားရာ "ပင်းသောင်လောင်ကျိုက်လက်ဖက် (ပင်းသောင်ကျိန့်ဆန်းလက်ဖက်)" စသည့် နိုင်ငံ၏ ဒေသဆိုင်ရာ ပြယုဂ်ဖြစ်သော ကာကွယ်ထိန်းသိမ်းထားသည့်ထုတ်ကုန်များရှိသလို လက်ဖက်အရင်းအမြစ် ပြည့်ဝပြီး အရည်အသွေးလည်း ကောင်းမွန်လှပေသည်။၂၀၂၅ ခုနှစ် မတ်လတွင် ဒေသတွင်း၌ လက်ဖက်ခြောက် စမ်းသပ်စစ်ဆေးခြင်းနှင့် အရည်အသွေး အကဲဖြတ်ခြင်းစင်တာ ဖွဲ့စည်းထူထောင်ခဲ့ပြီး တင်းကျပ်သော အရည်အသွေးအကဲဖြတ်မှုနှင့် ဇာစ်မြစ်စစ်ဆေးမှုစနစ် တည်ထောင်၍ လက်ဖက်ထုတ်ကုန်များအတွက် ယုံကြည်ထိုက်သော အသိအမှတ်ပြုမှုများ ပံ့ပိုးခဲ့ရာ ထုတ်လုပ်မှုနှင့် ရောင်းချမှု "ယုံကြည်မှုကွင်းဆက်" တည်ဆောက်ပေးလိုက်သလို လက်ဖက်ခြောက်လည်း အရောင်းသွက်စေခဲ့သည်။
၂၀၂၅ ခုနှစ်တွင် စွမ်းကျန်းလက်ဖက်ခြောက် e-commerce အရောင်းပမာဏမှာ ယွမ် ၁.၄ ဘီလီယံကျော်ရှိကာ တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှု ၆ ခု သည် e-commerce ပလက်ဖောင်းတစ်ခု၏ လက်ဖက်ခြောက်ရောင်းချမှု ထိပ်တန်း ၁၀ ခု စာရင်းတွင် ပါဝင်ခဲ့ပြီး ၎င်းအနက် ကုမ္ပဏီ ၃ ခု၏ တစ်နှစ်တာအရောင်းပမာဏအနေဖြင့် ယွမ်သန်းတစ်ရာကျော်ခဲ့ကြောင်း သိရသည်။
လက်ရှိအထိ အဆိုပါစင်တာတွင် စုစုပေါင်း လက်ဖက်ခြောက်နမူနာ ၂၆,၀၀၀ ကျော် လက်ခံထားပြီးဖြစ်ရာ ထုတ်လုပ်သည့်ဒေသများတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကွမ်ရှီးဒေသ၊ ဖူကျန့်ပြည်နယ် စသည့် လက်ဖက်ခြောက်အဓိကထုတ်လုပ်သည့်ဒေသများ ပါဝင်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ






