ယူနန်ပြည်နယ် ရှီလင်ခရိုင်၌ ရှေးဟောင်း Chionanthus retusus အပင် ၁၀၀ ကျော်သည် ဝေဝေဆာဆာ ပွင့်ဖူးနေကြ
2026-04-22 16:45|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) Chionanthus retusus သည် "ဧပြီလဆီးနှင်း"ဟုလည်း ခေါ်၍ ဧပြီလသည် ၎င်း၏ အလှဆုံးသော အချိန်ကာလ ဖြစ်သည်။ ယူနန်ပြည်နယ် ကူမင်းမြို့ ရှီလင် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ကွေးရှန်မြို့နယ် နော့်ဟင်းရွာတွင် ပျမ်းမျှအသက် နှစ် ၁၅၀ ကျော်ရှိသော ရှေးဟောင်း Chionanthus retusus ၁၀၇ ပင်သည် မိုးတိမ်များကဲ့သို့ စည်ပင်ပြီး တစ်ပင်လုံးပေါ်ရှိ ပန်းများသည် တိတ်ဆိတ်ဝေဆာစွာ ပွင့်ဖူးနေကြ၍ ခပ်စိပ်စိပ် သန့်စင်ဖြူဖွေးသော ပန်းဖတ်များသည် ဖြူဖွေးဖွေးဆီးနှင်းများကဲ့သို့ အကိုင်းအခက်များကို ဖုံးအုပ်နေကြသည်။ သစ်ပင်များအောက်တွင် လမ်းလျှောက်နေသော ခရီးသည်များသည် ကလေးပုံပြင်လောကထဲသို့ ခြေလှမ်းလှမ်းလိုက်သကဲ့သို့ ရိုမန်တစ်ဆန်ပြီး ငြိမ်းချမ်းမှုကို ခံစားရသည်။ Chionanthus retusus များသည် ကျောက်ပြားခင်းထားသော ရှေးဟောင်းရွာ၊ ရိုရာဓလေ့ထုံးစံများနှင့် ရောနှောပေါင်းစပ်ပြီးနောက် "ရှေးဟောင်းရွာ + ရှေးဟောင်းသစ်ပင် + ရှေးဟောင်းအခြေအနေ"၏ ထူးခြားသော ရှုခင်းကို ဖန်တီးပေးသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ စတင်ပို့ဆောင်






