ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ နေရာအနှံ့အပြားတွင် သင်္ကြန် ရေသဘင်ပွဲတော် ကျင်းပ
2026-04-16 10:20|
ယခုရက်ပိုင်းများတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ နေရာအနှံ့အပြားတွင် သင်္ကြန် ရေသဘင်ပွဲတော် ကျင်းပလျက်ရှိသည်။
မန်စီမြို့တွင် တိုင်းရင်းသားပြည်သူအသီးသီးက ပွဲတော်အတွက် ခမ်းနားထည်ဝါသည့် အဝတ်တန်ဆာများ ဆင်မြန်းကာ အိုးစည်ဗုံမောင်းသံများကြားတွင် တစ်ပျော်တစ်ပါး သီဆိုကခုန် ဆင်နွှဲကြသည်။ အရပ်မျက်နှာအသီးသီးမှလာသော ခရီးသွားဧည့်သည်များကလည်း မင်္ဂလာရေချမ်းကို အပြန်အလှန် ပက်ဖြန်းက ဆုမွန်ကောင်းများပို့သကြသည်။ ရေပန်း၊ ရေမှုန်၊ ရေမွှားများအကြားတွင် ပျော်ရွှင်ကြည်နူးစွာ ရယ်မောသံများနှင့် ပြည့်လျှံလျက်ရှိပြီး ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် အထူးယဉ်ကျေးမှုအနုပညာတင်ဆက်မှုများကလည်း စဉ်ဆက်မပြတ်ချေ။
လုံချွမ်းခရိုင်တွင် တိုင်လူမျိုး၊ တအာင်းလူမျိုးများက ကပန့်ကွမ်း ဗုံအကကို အဖွဲ့လိုက်ကပြဖျော်ဖြေကြသလို ပန်းခူးပွဲ၊ အိတ်ပစ်ပွဲ၊ ရိုးရာသီချင်းပြိုင်ပွဲ စသည့် ရိုးရာဓလေ့အစီအစဉ်များကို ကျင်းပကာ အပြန်အလှန် မင်္ဂလာရေချမ်းပက်ဖြန်းကာ ကျေးလက်ရေကစားသည့် စည်ကားမှုနှင့် ပျှော်ရွှင်မှုများကို အတူမျှဝေခဲ့ကြသည်။
ယဉ်ကျန်းခရိုင်တွင်မူ ရေချမ်းဖြင့်သော်လည်းကောင်း၊ အိုးစည်ဗုံမောင်းသံများဖြင့်သော်လည်းကောင်း ခင်မင်ရင်းနှီးစွာ မိတ်ဖွဲ့ကြသည်။ ရာနှင့်ချီသော ဗုံတီးခတ်သူများက တူစုံလက်ညီ ရိုးရာဗုံကို တီးခတ်ကြရာ ဒြပ်မဲ့ယဉ်ကျေးမှုရိုးရာဓလေ့နှင့် တိုင်လူမျိုးတေးသံစပ် အီလက်ထရွန်နစ်ဂီတသံတို့ ပေါင်းစပ်ကာ သင်္ကြန်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကား ဆင်နွှဲကြသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ



