လာအိုနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် အစားအသောက်ပွဲတော်ကို ကူမင်းမြို့တွင် စတင်ကျင်းပ
2026-04-15 16:02|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဧပြီလ ၈ ရက်နေ့တွင် လာအိုနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် အစားအသောက်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို Sofitel Kunming ဟိုတယ်၌ ကျင်းပခဲ့သည်။
ကူမင်းမြို့အခြေစိုက် လာအိုကောင်စစ်ဝန်ချုပ် Pongdong Paxaphacdy က လာအိုနှင့် တရုတ် နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး ချစ်ကြည်ရင်းနှီးမှု သမိုင်းကြောင်း ကြာရှည်လှကြောင်း၊ လာအိုနိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်သော တရုတ်နိုင်ငံ၏ တစ်ခုတည်းသော ပြည်နယ်ဖြစ်သော ယူနန်ပြည်နယ်သည် ပါတီနှစ်ခုနှင့် နိုင်ငံနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုတွင် အထူးအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ လာအိုနိုင်ငံသည် လာအိုနှင့် တရုတ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အမြဲတမ်းတန်ဖိုးထားပြီး လာအို-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရန် ကတိပြုထားကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်ချိန်မှစ၍ လာအို-တရုတ် ရထားလမ်းသည် လာအိုနှင့် တရုတ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အရေးကြီးသော အင်ဂျင်တစ်ခု ဖြစ်လာခဲ့ပြီး နှစ်နိုင်ငံ ပြည်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများကို ယူဆောင်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
အရှေ့တောင်အာရှတွင် တစ်ခုတည်းသော ကုန်းတွင်းပိတ်နိုင်ငံအနေဖြင့် လာအိုနိုင်ငံသည် ကြွယ်ဝသော ယဉ်ကျေးမှုနှင့် ထူးခြားသော သဘာဝရှုခင်းများကို ပိုင်ဆိုင်သည်။ လာအိုလူမျိုးများသည် အဓိကအားဖြင့် ကောက်ညှင်းဆန်ကို စားသုံးကြပြီး ဝါးထမင်း၊ ကြက်ကင်နှင့် ချဉ်စပ်သော ဟင်းလျာများ စသည့် ထူးခြားသော အစားအစာများကို ကြိုက်စားကြကာ လာအိုကော်ဖီနှင့် ဘီယာတို့သည်လည်း ဒေသထွက် အထူးထွက်ကုန်ပစ္စည်း ဖြစ်သည်။ ဤအကြိမ် အစားအသောက်ပွဲတော်ကို တစ်လကြာ ဆက်လက်ကျင်းပသွားမည် ဖြစ်ပြီး ကူမင်းမြို့သူမြို့သားများအား လာအိုအစားအစာများကို နီးကပ်စွာ မြည်းစမ်းနိုင်စေရန်၊ လာအိုနိုင်ငံ၏ ဓလေ့ထုံးတမ်းများကို သိရှိနားလည်နိုင်စေရန်၊ တရုတ်နှင့် လာအိုနိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်စေရန် ရည်ရွယ်ပါသည်။
4月8日,老挝文化旅游美食节启动仪式在昆明索菲特大酒店举行。
老挝驻昆明总领事邦当·巴萨帕迪表示,老中两国山水相连,友谊源远流长。云南是中国唯一与老挝接壤的省份,在两党两国合作中具有特殊作用。老方始终珍惜老中全面战略合作伙伴关系,致力于构建老中命运共同体。老中铁路自2021年12月通车以来,已成为推动老挝与中国合作的重要引擎,为两国人民带来了实实在在的福祉。
老挝作为东南亚唯一的内陆国家,拥有深厚的文化和独特的自然风光。老挝百姓以糯米为主食,喜食竹筒饭、烤鸡、酸辣菜等特色饮食,老挝咖啡、啤酒亦是当地特产。本次美食节将持续一个月,旨在让昆明市民近距离品尝老挝美食、了解其风土人情,进一步推动中老文化交流与合作。(云南日报 记者覃雪丹)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့
- ရပ်ဝန်းနှင့် ပိုးလမ်းမ၊ ကူမင်းမြို့မှ စတင်ထွက်ခွာပြီး လာအိုသို့ ရထားဖြင့် အလည်သွားခြင်း
- ယူနန်ပြည်နယ်၏ ပန်းလုပ်ငန်းများကိုယ်စားလှယ်အဖွဲ့သည် အလယ်အာရှ ပရော်ဖက်ရှင်နယ်ပြပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့
- တရုတ်နိုင်ငံ ကျင်ဟုန်မြို့- လာအိုနိုင်ငံ ပန်ရှန်ကော် နိုင်ငံတကာ ခရီးသည်တင် ဘတ်စ်ကားလိုင်းကို တရားဝင် စတင်ပြေးဆွဲ
- André Haspels က နယ်သာလန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ပန်းကဲ့သို့ ဝေဆာပွင့်လန်းနေကြောင်း ပြောကြားခဲ့

