ယူနန်ပြည်နယ် လန်ချန်းခရိုင်က ပျော်ရွှင်ဆင်နွှဲ အတာသင်္ကြန်ပွဲ
2026-04-14 16:12|
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ လန်ချန်း လားဟူလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် သင်္ကြန်ပွဲတော်ကို ဧပြီ ၁၁ ရက်က ကျင်းပခဲ့သည်။ ပွဲတော်ကို ခမ်းနားထည်ဝါလှသော တိုင်းရင်းသားလူမျိုးများ စီတန်းလှည့်လည်ပွဲဖြင့် စတင်ခဲ့ရာ လူပေါင်း ၂,၀၀၀ ကျော်က တိုင်လူမျိုး၊ လားဟူလူမျိုး၊ ဂျိမ်းဖောလူမျိုး စသည့် တိုင်းရင်းသားဝတ်စုံများကို ဆင်မြန်းကာ ဒေါင်းအက၊ ဗုံရှည်အက စသည့် ရိုးရာအလှအပများကို ဖျော်ဖြေပြသခဲ့ကြသည်။
ရေပက်ကစားပွဲအခမ်းအနားကို လန်ချန်းခရိုင်ရှိ ပျော်ရွှင်ဖွယ် လားဟူမြို့နယ်လေးတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် လူပေါင်း သောင်းနှင့်ချီက ရေခွက်များ၊ ရေပြွတ်များကိုင်ဆောင်ကာ မင်္ဂလာရေချမ်းကို ပက်ဖြန်း၍ ပျော်ရွှင်ကြည်နူးစွာ ကစားခဲ့ကြသည်။ ရေပန်းများ၊ ပျော်ရွှင်စွာ ရယ်မောသံများနှင့် ပြည့်နှက်လျက်ရှိပြီး ရေကစားခြင်းမှတစ်ဆင့် အပြန်အလှန် ဆုမွန်ကောင်းများပို့သပေးကြသည်။ ပွဲတော်ကာလတွင် အီလက်ထရောနစ်ဂီတရေပက်ပွဲ၊ လမ်းတစ်လျှောက်စားပွဲရှည်ဖြင့် ဧည့်ခံပွဲ၊ ညမီးပုံပွဲ စသည်တို့ကို ကျင်းပခဲ့ရာ လန်ချန်း၏ လှိုက်လှဲမှုနှင့် ပျော်ရွှင်ကြည်နူးမှုများကို လူအများက အချိန်ပြည့် ကိုယ်တိုင်ခံစားဖြတ်သန်းခဲ့ကြသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


