ယူနန်ပြည်နယ် ရွှေလီမြို့က သင်္ကြန်ပွဲတော် တူစုံနွှဲပျော်
2026-04-14 15:49|
၂၀၂၆ ခုနှစ် ရွှေလီ သင်္ကြန်ပွဲတော် တူယှဉ်နွှဲပျော်အစီအစဉ်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ရေကစားရင်ပြင်တွင် ဧပြီ ၁၁ ရက်က ကျင်းပခဲ့သည်။ အခမ်းအနားအစီအစဉ်တွင် ဆိုင်းသံဗုံသံ၊ ရေမှုန်၊ ရေမွှား၊ ရေပန်းများနှင့်အတူ တိုင်းရင်းသားအသီးသီးက ပြည်တွင်းပြည်ပ ဧည့်သည်တော် မိတ်ဆွေများနှင့်အတူ ပျော်ရွှင်ကြည်နူးစွာ အတူစုံညီ၍ဆင်နွှဲကြသည်။ ပျော်ရွှင်သော ရယ်သံမောသံများကြားတွင် မင်္ဂလာရေချမ်းကို ပျော်ရွှင်စွာ အပြန်အလှန်ရေပက်ကစားခဲ့ကြရာ သီးထွက်နှုန်းတိုးစေရန်၊ အေးချမ်းသာယာသည့်သုခနှင့်ပြည့်စုံစေရန် ဆုမွန်ကောင်းတောင်းခဲ့ကြသည်။
ယခုနှစ် သင်္ကြန်ပွဲတော်အစီအစဉ်များကို သုံးရက်ကြာ ကျင်းပမည် ဖြစ်ပြီး ပန်းဆွတ်ခူးခြင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုဖျော်ဖြေပြသခြင်း၊ ပျော်ရွှင်စွာရေပက်ကစားခြင်း၊ တရုတ်-မြန်မာ နိုင်ငံတကာဂီတပွဲတော် စသည့် အထူးအစီအစဉ် ဆယ်မျိုးကျော် ပါဝင်မည် ဖြစ်သည်။ ပွဲတော်ကာလတွင် အခမ်းအနားအစီအစဉ်များကို နေရာများစွာ၌ ကျင်းပကာ တိုင်းရင်းသားရိုးရာဓလေ့များကို ကဏ္ဍစုံလင်စွာ ပြသသွားမည်ဖြစ်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


