ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ သိုနန်ပန်းဈေးကွက်၏ ပန်းရောင်းဝယ်ရေးပမာဏသည် အခိုင် ၁.၇ ဘီလီယံကျော်ရှိ
2026-04-13 17:40|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဧပြီလ ၁၀ ရက်နေ့တွင် ချမ်ကုမ်ခရိုင်ရှိ သိုနန် ပန်းလုပ်ငန်း ဘက်စုံဝန်ဆောင်မှုစင်တာမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ ပန်းရောင်းဝယ်ရေးဒေတာကို ထုတ်ပြန်ခဲ့သည်။ ယခုနှစ် ပထမနှစ်လအတွင်း သိုနန်ပန်းဈေးကွက်၏ စုစုပေါင်း ရောင်းဝယ်ရေးပမာဏမှာ ပန်းအခိုင် ၁.၇၇ ဘီလီယံခန့်ရှိပြီး စုစုပေါင်း ရောင်းဝယ်ရေးတန်ဖိုးမှာ ယွမ် ၂.၂၂၂ ဘီလီယံခန့် ရှိသည်။
ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိသည် တရုတ်နှစ်သစ်ကူးပန်း စားသုံးမှု အစုစည်းဆုံးသော ကာလ ဖြစ်သည်။ တရုတ်နွေဦးပွဲတော်အတွင်း သိုနန်ပန်းဈေးကွက်သို့ ခရီးသည် အကြိမ်ရေ ၆၇.၅၈ သောင်းရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၃၈.၉၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ခရီးသည်များ၏ စုစုပေါင်းစားသုံးမှုပမာဏမှာ ယွမ် ၈၉ သန်းအထိ ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် သိသိသာသာ တိုးလာခဲ့သည်။ ထောက်ပံ့မှုပိုင်းတွင် ယူနန်၏ ရာသီဥတုအခြေအနေနှင့် ကျွမ်းကျင်သော ပန်းစိုက်ပျိုးမှုစနစ်သည် နှင်းဆီပန်းနှင့် လီလီပန်း စသည့် အဓိကပန်းမျိုးများကို တည်ငြိမ်စွာ ထောက်ပံ့ပေးနိုင်သည်။ "လုံလောက်သော ထောက်ပံ့မှုသည် အခြေခံအုတ်မြစ်ကို အာမခံပေးခြင်း၊ ပွဲတော်စားသုံးမှုသည် အဆင့်မြှင့်တင်မှုကို မောင်းနှင်ခြင်း၊ ဖွဲ့စည်းတည်ဆောက်ပုံ ကွဲပြားမှုသည် ဆန်းသစ်တီထွင်မှုကို မောင်းနှင်ခြင်း"သည် ပထမနှစ်လ၏ အထင်ရှားဆုံး လက္ခဏာများ ဖြစ်လာခဲ့သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ

