ယူနန်မင်ဇူကျေးရွာ၌ သင်္ကြန်ပွဲတော်ကို ကျင်းပနေ၍ မျိုးစုံသော ရေကစားခြင်း အတွေ့အကြုံများကို ခံစားနိုင်
2026-04-10 16:15|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဧပြီလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုင်တိုင်းရင်းသား ပြက္ခဒိန် ၁၃၈၈ ခုနှစ် နှစ်သစ်ကူးပွဲတော် ဖြစ်သည့် ယူနန်မင်ဇူကျေးရွာ ၂၀၂၆ ခုနှစ် သင်္ကြန်ပွဲတော်" ဟူသော ခေါင်းစဉ်ဖြင့် လှုပ်ရှားမှုများကို ယူနန်မင်ဇူကျေးရွာ၌ ကျင်းပမည်။ ၆ ရက်ကြာသော ပွဲတော်လှုပ်ရှားမှုများတွင် တိုင်လူမျိုး၊ တအာင်းလူမျိုး၊ ပုလန်လူမျိုးနှင့် အာချန်လူမျိုး စသည့် တိုင်းရင်းသားများ၏ ရေယဉ်ကျေးမှု၊ ဂီတနှင့် အက၊ ထူးခြားသော အစားအစာများ၊ သေသပ်သိမ်မွေ့သော အဝတ်တန်ဆာများနှင့် ရိုးရာဓလေ့ထုံးစံများကို နက်ရှိုင်းစွာ ပေါင်းစပ်ထားပြီး ခရီးသည်များအတွက် စွဲမက်ဖွယ်ကောင်းပြီး မျိုးစုံသော ရေကစားခြင်း အတွေ့အကြုံကို ဖန်တီးပေးမည်။
ဤလှုပ်ရှားမှုတွင် ပထမဆုံးအကြိမ် "ရေမင်းသမီး" ပြိုင်ပွဲ၏ ထိပ်ဆုံးသုံးဦးကို ရွေးချယ်အကဲဖြတ်မည်။ သူမတို့သည် တိုင်လူမျိုးကျေးရွာ၏ ယဉ်ကျေးမှုသံတမန်များအဖြစ် ပန်းဆွဲယာဉ်လှည့်လည်ပွဲတွင် ပေါ်လာကြ၍ ခရီးသည်များသည် နေ့စဉ်ရေပက်ပြိုင်ပွဲတွင် "ရေမင်းသမီး"တို့နှင့် နီးကပ်စွာဖလှယ်ရန်နှင့် အတူတူ အထိမ်းအမှတ်ဓာတ်ပုံ ရိုက်ကူးရန် အခွင့်ရှိကြမည်။ ထွန်းလင်းတောက်ပ ရွှန်းလဲ့တင့်ဆန်းသော ပန်းဆွဲယာဉ်လှည့်လည်ပွဲသည် တိုင်ရွာမှ ထွမ်ကျယ်ရင်ပြင်အထိ ဆက်လက်ကျင်းပမည် ဖြစ်ကာ DJ ၏ တက်ကြွသော စည်းချက်နှင့်အမျှ လူသောင်းနှင့်ချီ ရေပက်ပြိုင်ပွဲကို စတင်ကျင်းပမည် ဖြစ်သည်။ အေးမြသော ရေကာရေတားများသည် ဤနေရာကို ဝန်းရံထားကာ ခရီးသည်များသည် ကောင်းချီးမင်္ဂလာရေစက်များကို အားရပါးရ ပက်ဖျန်းနိုင်၍ ပျော်ရွှင်ဖွယ်အကောင်းဆုံးသော အငွေ့အသက်များကို ဖန်တီးပေးနိုင်မည်။
ဥယျာဉ်ထဲတွင် တိုင်းရင်းသားဖျော်ဖြေပွဲနှင့် ထူးခြားသော အပြန်အလှန်ဖလှယ်ပွဲ အကြိမ်ပေါင်း ၂၀၀ ကျော်ကို နေ့စဉ် ကျင်းပမည်။ စွဲမက်ဖွယ်ကောင်းသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ တင်ဆက်ပြသခြင်း၊ "တိမ်ဖြင့် ယူနန်ကို ဖော်ပြခြင်း" ဟူသော အကြီးစား သီချင်းနဲ့ အကပြပွဲသည် နှင်းဖုံးတောင်တန်းများ၏ ခန့်ညားထူးဆန်းမှု၊ တိုင်ကျေးရွာများ၏ လှပတင့်တယ်မှု၊ လေ၊ ပန်း၊ နှင်းနှင့် လတို့၏ ရိုမန်တစ်ဆန်မှုကို ချိတ်ဆက်ပေးထားပြီး မိနစ် ၅၀ ကြာ တင်ဆက်ပြပွဲတွင် ယူနန်ပြည်နယ်၏ မျိုးစုံသော တိုင်းရင်းသား ဓလေ့ထုံးစံများကို အပြည့်အဝ ပြသသည်။ ယူစိုင်ဈေးကွက်နှင့် အခြားနေရာများတွင်လည်း ထူးခြားသော NPC အပြန်အလှန်ဖလှယ်မှု အတွေ့အကြုံနှင့် လျှို့ဝှက်ဆန်းကြယ်သော တာဝန်များကို စီစဉ်ထားသည်။
ညအချိန်ရောက်လာသည် နှင့်အမျှ ဤရှုခင်းသာနေရာသည် တိုင်းရင်းသား ယဉ်ကျေးမှုဆိုင်ရာ အလင်းရောင်နှင့် အရိပ်များဖြင့် ပြည့်နှက်သော ပန်းခြံတစ်ခုအဖြစ် ပြောင်းလဲသွားမည် ဖြစ်ပြီး ဘက်ပေါင်းစုံသော အလင်းနှင့် အရိပ်အာဝါသများကြားတွင် မှော်ဆန်သော ညအချိန်ခရီးစဉ်ကို ပေးဆောင်မည် ဖြစ်သည်။
ကန်ပိုင်ဟုခေါ်သည့် တိုင်လူမျိုး၏ ရိုးရာသော ပွဲတော်ဈေးကို တိုင်ရွာနှင့် ရေကမ်းနားပလက်ဖောင်းတစ်ဝိုက်တွင် စည်ကားစွာ ဖွင့်လှစ်မည် ဖြစ်သည်။ စစ်မှန်သော အရသာရှိသော အစားအစာများနှင့် ထူးခြားသော သရေစာ အမျိုးမျိုး၏ မွှေးရနံ့သည် ပြန့်နှံ့နေသည် ဖြစ်၍ ရှုခင်းသာနေရာတွင် သီးသန့်သော စားသောက်ရန်နှင့် အနားယူရန်ဒေသကိုလည်း ဖန်တီးပေးပြီး ခရီးသည်များကို မူရင်းပွဲတော်ဓလေ့ထုံးတမ်းများကို နစ်မြုပ်စွာ တွေ့ကြုံခံစားစေသည်။
၆ ရက်ကြာ သင်္ကြန်ပွဲတော် လှုပ်ရှားမှုစီးရီးများသည် ယူနန်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးစု၏ ထူးချွန်သော ရိုးရာဓလေ့ထုံးစံများ၏ ညှို့နိုင်စွမ်းများကို မျိုးစုံသောရှုထောင့်မှ ပြသမည် ဖြစ်ကာ တိုင်းရင်းသား ရိုးရာဓလေ့ထုံးစံများနှင့် ခေတ်မီဖက်ရှင်ဒြပ်စင်များကို နက်ရှိုင်းစွာ ရောနှောပေါင်းစပ်စေပြီး ပြန်လည်ရှင်သန်စေမည် ဖြစ်သည်။ ဤမင်္ဂလာရှိပြီး စိတ်အားထက်တန်သော၊ အားရနှစ်သိမ့်ပြီး မမေ့နိုင်သော ရေပက်ပွဲတော်တွင် ပါဝင်ရန် နေရာတိုင်းမှ ဧည့်သည်တော်များကို ကြိုဆိုအပ်ပါသည်။
4月10日至15日,“傣历1388年新年节——云南民族村2026泼水节”主题活动将在云南民族村举行。为期6天的节庆活动深度融合傣族、德昂族、布朗族、阿昌族等少数民族的水文化、音乐舞蹈、特色美食、精美服饰与传统民俗,为游客打造沉浸式多元玩水体验。
此次活动将现场决出首届“水公主”前三甲。她们将化身傣乡文化使者亮相花车巡游,游客有机会在每日对战环节中与“水公主”近距离互动、合影留念。绚丽的花车巡游将从傣寨一路行至团结广场,万人泼水大战在DJ动感节奏中震撼开启。清凉水帘环绕现场,游客可尽情泼洒祝福水花,将欢乐推向高潮。
园内每天上演200余场民族演艺与特色互动。沉浸式非遗活态展演,大型歌舞秀《云·说云南》串联起雪山雄奇、傣乡灵秀与风花雪月的浪漫,50分钟的演出尽展云南多彩民族风情。云彩集市和各点位还设有特色NPC互动体验及神秘任务。
夜幕降临,景区将变身为民族文化光影主题乐园,在多维幻境光影中开启奇幻夜游之旅。
赶摆作为傣家传统节庆集市,将在傣寨与临水平台周边热闹开市。各式地道佳肴与特色小吃香气四溢,景区还打造了专属就餐休憩区,让游客沉浸式体验原汁原味的节庆习俗。
为期6天的泼水节系列活动,将从多元视角展现云南少数民族优秀民俗文化魅力,推动传统民族文化与现代时尚元素深度融合、焕新出彩。欢迎八方来客共赴这场吉祥热烈、尽兴难忘的泼水之约!(开屏新闻 记者周柯妤 文 云南民族村 供图)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်နိုင်ငံ ကျင်ဟုန်မြို့- လာအိုနိုင်ငံ ပန်ရှန်ကော် နိုင်ငံတကာ ခရီးသည်တင် ဘတ်စ်ကားလိုင်းကို တရားဝင် စတင်ပြေးဆွဲ
- André Haspels က နယ်သာလန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ပန်းကဲ့သို့ ဝေဆာပွင့်လန်းနေကြောင်း ပြောကြားခဲ့
- ဖူအော်မြို့ရှိ နွေဦးကာလ ကနဦးလက်ဖက်ခြောက်ကို နိုင်ငံတကာဈေးတွင် ရောင်းကောင်း
- ၂၀၂၆ ခုနှစ် ပထမ ၂ လအတွင်း ယူနန်ပြည်နယ်ရှိ ဆိပ်ကမ်းများမှ ဒူးရင်းသီးတင်သွင်းမှုမှာ ၃၅၁.၆ ရာခိုင်နှုန်း တိုးပွားခဲ့






